ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပတ်စ်ပို့ လုပ်ချင်သူတွေ အွန်လိုင်းက လျှောက်လို့ ရတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက အစိုးရပိုင် မီဒီယာတွေမှာ တရားဝင် ကြေညာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နှစ်စကတည်းက ပိတ်ထားခဲ့တဲ့ ပတ်စ်ပို့ရုံးဟာ အချိန်၂ လနီးပါးကြာ ပိတ်ထားပြီးနောက် ပြန်ဖွင့်မယ်လို့ ကြေညာလိုက်တဲ့အတွက် ပြည်ပမှာ ဆေးကုသချင်သူများ၊ ကျောင်းသွားတက်ချင်လိုသူများ၊ အလုပ်လုပ်ချင်သူများနဲ့ ပြည်ပက သွားရောက် မျှော်လင့်ထားသူများ အားတက်ခဲ့ကြပါတယ်။
အဲဒါကြောင့် ယနေ့ ၂၄ ရက်နေ့မှာ အွန်လိုင်းကနေ လျှောက်ထားသူများ အထူး များပြားခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း စတင်လျှောက်လို့ ရတဲ့နေ့မှာပဲ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ ခဲ့ရတယ်လို့ သိရပါတယ်။
အများဆုံး ကြုံတွေ့နေရတာကတော့ အွန်လိုင်းကနေ ငွေလွှဲပြီးနောက်ပိုင်းမှာ ရုံးသို့ လာရောက်ရမယ့် ရက်ချိန်းကို မရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ရက်ချိန်းမရရှိဘဲ ရက်ချိန်း ရရှိရန် ဌာနသို့ ဆက်သွယ်ပါ ဆိုတဲ့ စာတမ်းကိုပဲ ပြသနေတယ်လို့ ပတ်စ်ပို့ လျှောက်ထားသူ အများအပြားက ပြောပါတယ်။
“ဒီနေ့မနက် ၁၀ နာရီမှာပဲ မိသားစု ၅ ယောက်စာအတွက် ငွေ ၁၇၅၀၀၀ ပေးပြီး တင်လိုက်တယ်။ နောက်ဆုံးအဆင့်မှာ ရက်ချိန်းပေါ်မလာဘူး။ ရက်ချိန်းရဖို့ ဌာနသို့ ဆက်သွယ်ပါဆိုတဲ့ စာပဲ ပေါ်လာတယ်။ ငွေ ၁၇၅၀၀၀ ဆုံးပြီလား ဘယ်လို ရက်ချိန်း ပေးမလဲဆိုတာ ဘာမှ မသိရဘူး၊ ရက်ချိန်းရဖို့ ဌာနကို နောက်တခေါက် သွားရမယ်ဆိုရင် အွန်လိုင်းဆိုတာ ဘာထူးတော့မှာလဲ” လို့ ပတ်စ်ပို့ အွန်လိုင်း ဘွတ်ကင် ပြုလုပ်သူ တယောက်က သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ပတ်စ်ပို့ ပြုလုပ်သူတွေ ယခုကဲ့သို့ အခက်အခဲနဲ့ ကြုံတွေ့နေရပေမယ့်လည်း စကစ လက်အောက်ခံ လဝက ဌာနကတော့ ယခုအထိ ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။
ပတ်စ်ပို့ရုံး ပိတ်ထားခြင်းဟာ ပတ်စ်ပို့ စာအုပ် ပြုလုပ်ဖို့ စက္ကူများ မရှိတော့ခြင်းကြောင့် ဖြစ်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။ ယခုလို အွန်လိုင်းဘွတ်ကင် ပြုလုပ်ရာမှာလည်း တိကျမှု မရှိတာကြောင့် ရက်ချိန်းရဖို့ ပွဲစားနဲ့ လိုင်းဝင်ရမယ့် အခြေအနေတွေ ရှိနိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။
zawgyi
ယေန႔ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ ပတ္စ္ပို႔ လုပ္ခ်င္သူေတြ အြန္လိုင္းက ေလွ်ာက္လို႔ ရတယ္လို႔ လြန္ခဲ့တဲ့ ရက္ပိုင္းက အစိုးရပိုင္ မီဒီယာေတြမွာ တရားဝင္ ေၾကညာခဲ့ပါတယ္။
၂၀၂၃ ခုႏွစ္ ႏွစ္စကတည္းက ပိတ္ထားခဲ့တဲ့ ပတ္စ္ပို႔႐ုံးဟာ အခ်ိန္၂ လနီးပါးၾကာ ပိတ္ထားၿပီးေနာက္ ျပန္ဖြင့္မယ္လို႔ ေၾကညာလိုက္တဲ့အတြက္ ျပည္ပမွာ ေဆးကုသခ်င္သူမ်ား၊ ေက်ာင္းသြားတက္ခ်င္လိုသူမ်ား၊ အလုပ္လုပ္ခ်င္သူမ်ားနဲ႔ ျပည္ပက သြားေရာက္ ေမွ်ာ္လင့္ထားသူမ်ား အားတက္ခဲ့ၾကပါတယ္။
အဲဒါေၾကာင့္ ယေန႔ ၂၄ ရက္ေန႔မွာ အြန္လိုင္းကေန ေလွ်ာက္ထားသူမ်ား အထူး မ်ားျပားခဲ့ပါတယ္။ ျမန္မာျပည္ရဲ႕ ထုံးစံအတိုင္း စတင္ေလွ်ာက္လို႔ ရတဲ့ေန႔မွာပဲ အဆင္မေျပမႈေတြနဲ႔ ႀကဳံေတြ႕ ခဲ့ရတယ္လို႔ သိရပါတယ္။
အမ်ားဆုံး ႀကဳံေတြ႕ေနရတာကေတာ့ အြန္လိုင္းကေန ေငြလႊဲၿပီးေနာက္ပိုင္းမွာ ႐ုံးသို႔ လာေရာက္ရမယ့္ ရက္ခ်ိန္းကို မရရွိတာ ျဖစ္တယ္လို႔ သိရပါတယ္။ ရက္ခ်ိန္းမရရွိဘဲ ရက္ခ်ိန္း ရရွိရန္ ဌာနသို႔ ဆက္သြယ္ပါ ဆိုတဲ့ စာတမ္းကိုပဲ ျပသေနတယ္လို႔ ပတ္စ္ပို႔ ေလွ်ာက္ထားသူ အမ်ားအျပားက ေျပာပါတယ္။
“ဒီေန႔မနက္ ၁၀ နာရီမွာပဲ မိသားစု ၅ ေယာက္စာအတြက္ ေငြ ၁၇၅၀၀၀ ေပးၿပီး တင္လိုက္တယ္။ ေနာက္ဆုံးအဆင့္မွာ ရက္ခ်ိန္းေပၚမလာဘူး။ ရက္ခ်ိန္းရဖို႔ ဌာနသို႔ ဆက္သြယ္ပါဆိုတဲ့ စာပဲ ေပၚလာတယ္။ ေငြ ၁၇၅၀၀၀ ဆုံးၿပီလား ဘယ္လို ရက္ခ်ိန္း ေပးမလဲဆိုတာ ဘာမွ မသိရဘူး၊ ရက္ခ်ိန္းရဖို႔ ဌာနကို ေနာက္တေခါက္ သြားရမယ္ဆိုရင္ အြန္လိုင္းဆိုတာ ဘာထူးေတာ့မွာလဲ” လို႔ ပတ္စ္ပို႔ အြန္လိုင္း ဘြတ္ကင္ ျပဳလုပ္သူ တေယာက္က သူ႔ရဲ႕ အေတြ႕အႀကဳံကို ေျပာျပပါတယ္။
ပတ္စ္ပို႔ ျပဳလုပ္သူေတြ ယခုကဲ့သို႔ အခက္အခဲနဲ႔ ႀကဳံေတြ႕ေနရေပမယ့္လည္း စကစ လက္ေအာက္ခံ လဝက ဌာနကေတာ့ ယခုအထိ ထုတ္ျပန္ခ်က္ တစုံတရာ မထုတ္ျပန္ေသးဘူးလို႔ သိရပါတယ္။
ပတ္စ္ပို႔႐ုံး ပိတ္ထားျခင္းဟာ ပတ္စ္ပို႔ စာအုပ္ ျပဳလုပ္ဖို႔ စကၠဴမ်ား မရွိေတာ့ျခင္းေၾကာင့္ ျဖစ္တယ္လို႔ အတည္မျပဳႏိုင္ေသးတဲ့ သတင္းမ်ားလည္း ထြက္ေပၚခဲ့ပါတယ္။ ယခုလို အြန္လိုင္းဘြတ္ကင္ ျပဳလုပ္ရာမွာလည္း တိက်မႈ မရွိတာေၾကာင့္ ရက္ခ်ိန္းရဖို႔ ပြဲစားနဲ႔ လိုင္းဝင္ရမယ့္ အေျခအေနေတြ ရွိႏိုင္တယ္လို႔ ျပည္သူေတြက သုံးသပ္ေနၾကပါတယ္။