ဗေဒင်
23.Feb.2023 မှ 01.Mar.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
23.Feb.2023 မှ 01.Mar.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ဒီကာလအတွင်း နိုင်ငံရပ်ခြား တိုင်းတပါး တွင် တာဝန်ထမ်းဆောင်သူများ အကျိုးပေးကံကောင်းပါလိမ့်မည်။ သတိထားရမှာကသူတစ်ပါးအား စေတနာထား၍ ကူညီမိရာမှ စိတ်ညစ်စရာများ ကြုံရစေတတ်ပါတယ်။ မိမိတစ်ခုခု လုပ်မယ်ဆိုစဉ်းစားပါ။ဂုဏ်သိက္ခာကျစေသောလုပ်ငန်းများ လုပ်ကိုင်မိခြင်းအတွက် ပတ်ဝန်းကျင်တွင် မျက်နှာငယ် စရာ ဖြစ်စေရတတ်ပါတယ်။ မိမိ၏အရည်အချင်းနှင့် အစွမ်းအစများအား အသိအမှတ်ပြုခံရပါလိမ့်မည်။
အရေးပါ ၍ အရာရောက်သူများနှင့် မိတ်ဆွေဖြစ်ခွင့် ကြုံရပါလိမ့်မည်။ အဆောက်အအုံနှင့်ပတ်သက်၍ စကားအချေအတင် ပြောဆိုမှုပြု ရပါလိမ့်မည်။ ဌာနဆိုင်ရာ ဝင်ငွေကောင်းများ ရရှိ၍ ရာထူးတိုးစေတတ်ပါတယ်။ လူလိမ်၊ ငွေလိမ် ခံရ တတ်ပါတယ်။ စနေနှင့်အင်္ဂါ သားသမီးများအား ငွေကြေးလက်မလွန်မိပါစေနှင့်။ အိမ်ထောင်ရေးကံကောင်းပေမယ့် အိမ်ထောင်ဖက်၏ကျန်းမာရေးဂရုစိုက်ရန်လိုပါသည်။တရားမဝင်သော လောင်းကစားကိစ္စများကြောင့် ဝင်ငွေထက်၊ ထွက်ငွေများ ပိုမို များ ပြားနေရပါလိမ့်မည်။
အချစ်ရေးတွင် ချစ်ခြင်းတရားတွေပိုမိုခိုင်မာပြီး လက်ထပ်ဖို့အစီအစဉ် ချမှတ်ခြင်းတွေ စတင် ကြုံတွေ့ရပါလိမ့်မည်။ကျန်းမာရေးမှာတော့ မိမိထက် အိမ်သားတွေရဲ့ကျန်းမာရေးကပိုညံ့ တတ် ပါတယ်။ ပညာရေး မှာတော့ ထင်ထားသည်ထက်ပိုမိုပညာအခွင့်အလမ်းတွေရလာတတ်ပါတယ်။အကျိုးပေးဂဏန်း 1/6/9အထူးဟော ကံမြင့်မားနေမည်။ယတြာ အသုပ်စုံတစ်ပွဲဘုရားကပ်ပါ။
#တနင်္လာ
ဒီကာလအတွင်း သစ္စာရှိမှုကြောင့် မိမိ၏နာမည်နှင့် ဂုဏ်ဒြပ် ထင်ပေါ်ကျော်ကြားလိမ့်မည်။ အချစ်ရေးတွင် ချစ်သူ မိမိမာနအား ထိခိုက်စေမည့် စကားများပြောခြင်း ကြောင့်လွန်စွာမှ စိတ်ပျက်မိနေတတ်ပါတယ်။ လူငယ်များ ပညာရစရာကိစ္စတွေစက်ပစ္စည်းများ၊ဖုန်း၊ကွန်ပျူတာစတာတွေဝင်လာတတ်ပါတယ်။အငြိမ်မနေရတဲ့ လုပ်ငန်းများ ပွဲစား လုပ်ငန်းများမှ ဝင်ငွေတွေဝင်လာပါလိမ့်မည်။ မြေယာ၊ ယာဉ်ကားပိုင်ဆိုင်မှုများ ရရှိစေပါလိမ့်မည်။
ဆန့်ကျင် ဘက်လိင်များနှင့်ပတ်သက်၍ အခွင့်အရေးကောင်းများ အောင်မြင်မှုရရှိခံစား ရပါလိမ့်မည်။ ပြိုင်ဘက်များ အားကျ လောက်အောင် အောင်မြင်မှု ကြုံမည်။ ဖန်တီးနိုင်စွမ်းအားနှင့်‌ အကြံကောင်းပေါင်းမိသွားပြီး တိုးတတ် ကြီးပွားမည်။ ဝင်ငွေတိုးပွားမည်။ ရည်ရွယ်ချက်အောင်မြင်မည်။ စိတ်ကူးတည့်သော စီးပွားရေးလုပ်ငန်းများဖြင့် တိုးတတ်သော အောင်မြင်မှုများရရှိပါလိမ့်မည်။တောင်အရပ်ဆီသို့ခရီးထွက်ရန်မသင့်ပါ။အိမ်ထောင်ဖက်၏ကျန်းမာရေးအားနည်း မှုကြောင့် အလုပ်ပျက် အကိုင်ပျက်ဖြစ်ရတတ်ပါတယ်။
မိမိလေ့လာ လိုက်စားနေသော အဆင့်မြင့်ပညာရပ်များ ထပ် မံသင်ယူရခြင်းများကြုံရပါလိမ့်မည်။ကျန်းမာရေးကတော့ဒူးနာခါးနာဖြစ်တတ်ပါတယ်။အလေးအပင်တွေမခြင်းမျိုး အထူးရှောင်ပါ။ မိတ်ဆွေသစ်၊သူငယ်ချင်းအသစ်တွေရရင်တော့ ထိုသူငယ်ချင်းတွေက မိမိအတွက်မိတ်ဆွေကောင်း တွေဖြစ်လာပါလိမ့်မယ်။အကျိုးပေးဂဏန်း 3/0/2အထူးဟော အခွင့်အရေးကောင်းများရရှိမည်။ယတြာ ငါးမုန့်ကြော်ဘုရားကပ်ပါ။
#အင်္ဂါ
ဒီကာလအတွင်း လူကြီးမိဘ၊ ဆရာသမား၊ အထက်လူကြီး များက ချီးမြှင့်မြှောက်စားကြလိမ့်မည်။ မကြာ ခဏ စိတ်လွတ်ကိုယ်လွတ်ခရီးဝေးများ ထွက်ခွာချင်စိတ်များ ပေါ် ပေါက်နေလိမ့်မည်။လက်ရှိလုပ်ကိုင်နေသော စီးပွား ရေးလုပ်ငန်းများကိုသာ အဓိကဦးစားပေးလုပ်ကိုင် သင့်ပါတယ်။ မိသားစုအသိုင်းအဝိုင်းအတွင်း အသက်ကြီး ရွယ်အိုများအတွက် စိုးရိမ်မှုများရ စေတတ်ပါတယ်။ ငယ်ရွယ်သောတပည့်၏ အလိုဆန္ဒဟူသမျှအား ဖြည့် ဆည်း ပေးနိုင်ရန် ခက်ခဲနေရပါလိမ့်မည်။
စီးပွားရေးလုပ်ငန်းများတွင် လိမ္မာပါးနပ်စွာဖြင့် လုပ်ကိုင်၍ အောင်မြင်မှုများ ရ ရှိမည်။ မိခင်၏ဆွေမျိုးသားချင်း အသိုင်းအဝိုင်းများထဲမှ အကူအညီကောင်းများ များစွာရရှိပါလိမ့်မည်။ တိုးချဲ့ လုပ်ကိုင်ရန်ဆန္ဒမစောသင့်ပါဘူး။ငွေကြေးအဝင်ကောင်းပေမဲ့ကုန်စရာတွေလဲစက်ပစ္စည်းကြောင့်ငွေကုန်မယ်။ အချစ်ရေးတွင်ချစ်ကြသူအချင်းချင်းသဝန်တိုမှုတွေကြောင့်ပြဿနာများရတတ်ပါတယ်။အိမ်ထောင်ဖက်နှင့်အတိုက် အခံပြု ငြင်းခုန်၊ ပြောဆိုဖြေရှင်းရခြင်းများ ဖြစ်စေတတ်ပါ တယ်။
သား သမီးများ၏ ပညာရေးအတွက် အစစ အရာ ရာတွင် ကုန်ကျစရိတ်များပြားစွာ သုံးစွဲမှု ပြုရပါလိမ့်မည်။ကျန်းမာရေးနဲ့ ပတ်သက်ပြီး အညံ့မရှိသလောက်နည်းပါ တယ်။ ထိခိုက်မှုအသေးစားလေးတွေတော့ဖြစ်တတ်ပါတယ်။အကျိုးပေးဂဏန်း 1/4/8အထူးဟော အနည်းငယ်ပင်ပန်းစိတ်ရှုပ်ရတတ်ပါတယ်။ယတြာ ဝက်သားနဲ့အာလူးရောချက်ပြီး ရဟန်းသံဃာတွေကိုဆွမ်းလောင်းပါ။
#ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း နိုင်ငံခြားနဲ့ဖက်စပ်အလုပ်များ အောင်မြင်မှု ရရှိပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့် အဆင် မပြေစရာများရှိနိုင်ပါတယ်။ အသုံးနဲ့အဖြုန်းကိုနားမလည်သူများ ဝင်ငွေနည်းပါးသည့် အခြေအနေများနှင့် ကြုံတွေ့ ခံစားနေရပါလိမ့်မည်။စီးပွားရေးပြောင်းလဲ လုပ်ကိုင်ရမည်။ အများကို ယုံကြည်မှုလွန်ကဲလျှင် ဆုံးရှုံးမှုများစွာ ခံရ ပါလိမ့်မည်။ရန်အတိုက်အခံအလွန်များသည်။ ထိပ်တိုက်စိန်ခေါ်ရန်ရှာတာမျိုးကြုံရမယ်။
စီးပွားရေးဆိုင်ရာလုပ်ကိုင် ဆောင်ရွက်မှုများတွင် တိုးတတ်သောအောင်မြင်မှုများ ရရှိပါလိမ့်မည်။ ညီအစ်ကိုမောင်နှမများအတွက် မိမိပိုင်ငွေ ကြေး များ လွန်ကဲစွာသုံးစွဲရစေခြင်းမျိုး ကြုံရပါလိမ့်မယ်။ ခရီးသွား၍ လုပ်ကိုင်ရသော လုပ်ငန်းများအဆင်ပြေပါ လိမ့်မည်။ အချို့သောကိစ္စများတွင် ပြေလည်မည်ထင်၍ မိမိကိုယ်တိုင် ဖြေရှင်းမိရာမှ အခြေအနေဆိုးရွားစေခြင်းမျိုး ခံစားရစေတတ်ပါတယ်။ အခက်အခဲများစွာက စောင့်ကြိုနေတတ် သည်။
ထိုအခက်အခဲများ ကို စိတ်အေးအေးနှင့် ဖြေရှင်းပါ။အများအကျိုးအတွက် အနစ်နာခံ၍ ကူညီစောင့်ရှောက်ရ ခြင်း ပညာဒါနဖြန့်ဝေ ကုသိုလ်ပြုရခြင်း၊ အများ ၏ယုံကြည်ချစ်ခင်လေးစားမှု ခံရတတ်ခြင်းများ ရှိနေမည်။ လူကြီး မိဘ ကြီးကဲသူ ဆွေမျိုးတစ်ဦး ကျန်းမာရေး ကို ဂရုစိုက်ရပေမည်။ အချစ်ရေးတွင် ထင်တိုင်းမဖြစ်၊ချစ်သူနဲ့ တကျက် ကျက်ဖြစ်နေတတ်ပါတယ်။ အကျိုးပေးဂဏန်း 486အထူးဟော ဟိုဟာလုပ်ရနိုး၊ဒီဟာလုပ်ရနိုးဖြစ်တတ်ပါတယ်။ယတြာ သရက်ချဉ်သုပ်ပြီးဘုရားကပ်ပါ။
#ကြာသပတေး
ဒီကာလအတွင်း မိတ်ဆွေသစ်တိုးပွားမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရမည်။ လက်ရှိလုပ်ငန်း ထက် လုပ်ငန်းသစ် က ပို၍အကျိုးပေးနေမည်။ ဆန်းသစ်တီထွင်မှုနှင့် သင့်တော်သည်။ ဝင်ငွေကောင်းများ ရရှိ တတ်သည်။ အကြံအစည်သစ်များကို စိတ်ကူးလုပ်ကိုင်ခွင့်ရမည်။ အကြံဉာဏ်သစ်၊ ဝန်းကျင်သစ် ကြောင့် စီးပွားရေး အလွန်ဖွံ့ဖြိုး တိုးတတ်နိုင်သောကာလ ဖြစ်သည်။
ငွေကြေးကိစ္စများ ရှုပ်ထွေးနေရတတ်သည်။ တစ်ပါးသူအား ငွေကြေးလက်လွန် ထားမိပါ လျှင် ပြန်ရရန် ခက်ခဲကြန့်ကြာနေရတတ်ပါတယ်။ ငွေအစုလိုက်၊ အပြုံ လိုက်ဝင်ခြင်းနှင့် ထီပေါက်ခြင်း ကံ များတော့ အားကောင်းနေပါတယ်။ ထီမကြာခဏ ထိုးပေးပါ။ ကြိုးစားလျှင် ကြိုးစားသလောက်‌ အောင်မြင်မည့်ကာလ ဖြစ်သည်။ လူအများအထင်ကြီးလေးစား၊ ယုံကြည်မှုများ ခံရတတ်ပါ တယ်။ အချစ်ရေး တွင် အချင်းချင်း မြတ်နိုး မှုရှိကြပါသော်လည်း ကြားလူအနှောက်အယှက်တွေရှိနေရတတ်ပါတယ်။
ကျန်းမာရေး အထူး ဂရုစိုက်ပါ။ ဆေးထိုး၊ ဆေးသောက် မှားယွင်းတတ်သည်။အိမ်ထောင်ရေးမှာတော့ မိမိကိုယ်တိုင်ကဖောက်ပြန် ချင်စိတ်တွေဖြစ်ပေါ်နေရင် ဖျောက်ထားလိုက်ပါ။ပညာရေးမှာတော့ မိမိကိုယ်တိုင်စာကို စိတ်မပါဖြစ်ရတတ်ပါတယ်။အကျိုးပေးဂဏန်း 530အထူးဟော လုပ်ငန်းကိုကောင်းစွာစီမံခန့်ခွဲနိုင်တော့မှာပါ။ယတြာ နနွင်းမှုန့် သီလရှင်တွေကိုလှူပါ။
#သောကြာ
ဒီကာလအတွင်း လုပ်ငန်းအသစ်များ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် စိတ်အားထက်သန်မှု မြင့်မားစွာ ဖြစ်ပေါ်နေမိပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများ၏ ကူညီမှုများဖြင့် လုပ်ငန်းများအောင်မြင်မှု ရရှိပါလိမ့်မည်။ အလှူမင်္ဂလာအခမ်းအနား ပြုလုပ်ခွင့်ကြုံရပါလိမ့်မည်။ ဘုန်းကံကြီးမားပြီး ဂုဏ်သရေရှိသော ပုဂ္ဂိုလ်များ၏ စီးပွား ရေးကိစ္စများတွင် ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်မှု ပြုပေးရပါလိမ့်မည်။ လူသိများသူများမသင့်တာမျိုးလုပ်မိ၍ နာမည်ပျက်စာရင်း ဝင်တတ်ပါတယ်။ သတိပြု ဆင်ခြင်ပါ။
ငွေကြေး အပေးအယူကိစ္စများ၊ ငွေပေးခြင်း၊ ငွေယူ ခြင်းများ ငွေချေးခြင်းများ လုံးဝမပြုသင့် သေးပါ။ နိုင်ငံခြားခရီးကိစ္စများ သို့မဟုတ် ပျော်ရွှင်ဖွယ်ခရီးရှည်များ သွား လာနိုင်စေရန် အခွင့်အရေးကောင်းများ ပေါ်လာပါ လိမ့်မည်။ စီးပွားအသစ်၊ အချစ်ရေးတွင် အတူတွဲချစ်သူအပြင် နောက်တစ်ဦး အပေါ်တွင် အနေနီးပြီးမြတ်နိုးခင်တွယ်မှု ဖြစ်ပေါ်နေမိပါလိမ့်မည်။
ချစ်သူမရှိသေးသူများ အဖေါ်မွန် တွေ့ပါသော်လည်း နှုတ်မဟ၊ ဖွင့်မပြောရဲမှုကြောင့် သူများနောက်ပါသွားတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ မိမိ အပေါ်ဂရုမစိုက်မှု ကြောင့် အိမ်ထောင်ဘက်ကိုစိတ်ကွက်နေတတ်ပါတယ်။ ပညာရေးမှာတော့ အားရစရာကောင်းပါ တယ်။ ကျန်းမာရေး မှာ တော့ လည်ချောင်းနာနေတတ်ပါတယ်။အကျိုးပေးဂဏန်း 4/7/0အထူးဟော ငွေချေးတာမျိုးကို လုံးဝရှောင်ပါ။ယတြာ နာနတ်ယိုဘုရားကပ်ပါ။
#စနေ
ဒီကာလအတွင်းစိတ်ကူးအကြံအစည် တွေးတော မှုများ များပြားနေသောကာလတစ်ခုဖြစ်သည်။ လူကြီး မိဘ၊ အကြီးအကဲတို့ထံမှ ကူညီပံ့ပိုးမှုများရရှိမည်။ ဘောင်မဲ့ နေသော စီးပွားရေးလုပ်ဆောင်မှုများကြောင့် ငွေကြေးစု ဆောင်း မရဖြစ်နေမည်။ ရသမျှကုန်နေ၍ စိတ်ညစ်စရာ များကြုံတတ် သည်။ ငွေကြေးစာရင်းဇယားများကို သေသေ ချာချာ လေ့လာသုံးသပ်ပါ။
တဖြည်းဖြည်းချင်း တိုးတတ်နိုင်သော လုပ်ငန်းများကို သေချာစွာလေ့လာပြီး အလုပ် လုပ်သင့်သော အချိန်ဖြစ်ပါသည်။ နိုင်ငံရပ်ခြား ရပ်ဝေးဒေသခရီးသွားလာရန် ကိစ္စခေတ္တရပ်ဆိုင်းထားရ တတ်သည်။ ရပ်ဝေးဒေသ၊ နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်သောအလုပ်များ အကျိုးထူးခံစားရမည်။ ငွေကြေးကို မလျော်ကန် စွာသုံးစွဲသည့် လောင်းကစားမှုများကြောင့် ငွေကုန်ပြီးစိတ်အာရုံရှုပ်ထွေးမှုများ ဖြစ်စေရတတ်ပါတယ်။
ကျန်းမာရေး ကောင်းသော် လည်း ပိုမိုကောင်းမွန်စေရန်သူတစ်ပါး ကျွေးသောအစားအစာများကိုမိမိနဲ့မတည့်ရင်အားနာပြီးမစား လိုက်ပါနဲ့။ ကျန်း မာရေးအတွက်တရားထိုင်ပါ။ အချစ်ရေးမှာတော့ အဆင်ပြေပေမယ့် ချစ်သူနဲ့ဆုံရဖို့ခက်ခဲပါတယ်။ အိမ်ထောင် ရေး ကတော့ ပုံမှန်ပါပဲ။ အဆိုးအကောင်းမရှိပါဘူး။ ပညာရေးမှာတော့ မိမိရဲ့ဖြတ်ထိုးဉာဏ်ကောင်းမှု ကြောင့် လွန်စွာ တိုးတတ်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း 3/5/9အထူးဟော အနည်းငယ် ခေါင်းရှုပ်ရမယ်။ယတြာ ရေချိုးဆပ်ပြာရဟန်းသံဃာကိုလှူပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695
credit
zawgyi
#တနင်္ဂနွေ
#တနင်္လာ
#အင်္ဂါ
#ဗုဒ္ဓဟူး/ရာဟု
#ကြာသပတေး
#သောကြာ
#စနေ
credit
Leave a Reply
Your email address will not be published. Required fields are marked *