အချစ် နှင့် ဘဝ

အပျိုလေးတွေဖြစ်ရက်နဲ့ အိမ်ထောင်သည် ယောကျ်ားကိုမှ စွဲလန်းကြရတဲ့ အကြောင်းရင်း..

အပျိုလေးတွေဖြစ်ရက်နဲ့ အိမ်ထောင်သည် ယောကျ်ားကိုမှ စွဲလန်းကြရတဲ့ အကြောင်းရင်း..

ခုနောက်ပိုင်း အိမ်ထောင်ရေးပြဿနာ တော်တော်များများမှာ အပျိုလေးတွေက ဗီလိန်ဖြစ်နေတာကို အားလုံးလည်း တွေ့မြင်ရမှာပါ။ဘာကြောင့် အပျိုတစ်ယောက်က ရုပ်ရည်လည်း ရှိရက်သားနဲ့၊ ပညာအရည်အချင်းလေးလည်း ရှိရဲ့သားနဲ့

အိမ်ထောင်သည် ယောကျ်ားကိုမှ သိက္ခာအကျခံပြီး.. တွဲနေရလဲဆိုတာ အားလုံး သိချင်နေတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေရဲ့အဖြေကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ဖောက်ပြန်ချင်တဲ့ ယောကျ်ားမှန်းသိနေလို့

မိန်းကလေး တစ်ယောက်ဟာ ယောကျ်ားတစ်ယောက် ဖောက်ပြန်ချင်စိတ် ရှိနေတယ် ဆိုတာ အလိုလို သိကြပါတယ်။ သူတု့ိဖက်က ချစ်နေရင်တောင် ဒီတစ်ယောကျ်ား တစ်ယောက်က ဖောက်ပြန်မယ့်သူ မဟုတ်ဘူးဆိုရင် ရှေ့ဆက်တိုးလေ့ မရှိပါဘူး။

တကယ်လို့ အိမ်ထောင်သည် ယောကျ်ားတစ်ယောက်က ဖောက်ပြန်ခဲ့တယ် ဆိုရင်တော့ သူကိုယ်တိုင်က ဖောက်ပြန်ချင်တဲ့စိတ် ရှိလို့ ဆိုတာကို သိထားဖို့လိုပါတယ်။

(၂) ရင့်ကျက်တည်ငြိမ်လို့

အိမ်ထောင်သည် ယောကျ်ားကိုမှ စွဲလန်းကြရတဲ့ အကြောင်းရင်း (၅) ချက် အိမ်ထောင်သည် ယောကျ်ားတွေက ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြုံတွေအရ ပိုပြီးတည်ငြိမ်ကြသလို၊ ပိုပြီးတော့လည်း ရင့်ကျက်ကြပါတယ်။

မိသားစုကို ကျွေးမွေးပြုစုနိုင်စွမ်း ရှိတဲ့အပြင် တည်ငြိမ်တဲ့ အသွင်အပြင်၊ရင့်ကျက်တဲ့ အတွေးအခေါ်တွေက မိန်းကလေးတွေကို ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။

ညဖက် ဂိမ်းထိုင်ဆော့နေတာလိုမျိုး မရင့်ကျက်တဲ့ အမူအကျင့်တွေ မရှိသလို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ယောင်ခြောက်ဆယ်လုပ်မနေပဲ အလုပ်ကြိုးစားနေတာမျိုးက တစ်ဖက်လူရဲ့အမြင်မှာ ဆွဲဆောင်မှု ရှိလွန်းနေတာ ဖြစ်ပါတယ်။

(၃) ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိလို့

နာက်ထပ်အကြောင်းရင်းတစ်ခုကတော့ အိမ်ထောင်ရှိတဲ့ ယောကျ်ားတွေဟာ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီးစိတ်ပူစရာ မရှိတဲ့သူတွေမို့လို့ပါ။ အရမ်းမချမ်းသာရင်တောင် အထိုက်အလျောက်တော့ မိန်းကလေးတစ်ယောက်ကိုကျွေးမွေးနိုင်၊ ပြုစုနိုင်တဲ့.. သူတွေဖြစ်လို့ပါ။

အလုပ်အကိုင်ရှိပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေတဲ့ ယောကျ်ားတစ်ယောက်၊ ငွေကြေးနဲ့ပတ်သက်ပြီး အများကြီး စိတ်ပူစရာမရှိတဲ့ ယောကျ်ားတစ်ယောက်ဟာ တစ်ဖက်လူရဲ့အမြင်မှာ အရမ်းကို ဆွဲဆောင်မှုရှိနေလို့ဖြစ်ပါတယ်။

(၄) ပိုပြီးဂရုစိုက် ယုယတတ်လို့

အိမ်ထောင်သည် ယောကျ်ားတွေဟာ လူပျိုယောကျ်ားလေးတွေထက် ပိုပြီးဂရုစိုက် ကြင်နာ ယုယတတ်ကြပါတယ်။ အကြောင်းကတော့ သူတို့မှာ အတွေ့အကြုံတွေ ရှိနေပြီးသား ဖြစ်လို့ပါ။

လိင်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ မိန်းကလေးတစ်ယောက်ကို ချစ်ပြ၊ ဂရုစိုက်ပြရာမှာပဲဖြစ်ဖြစ် ပိုပြီးတော်ကြသလို၊ ပိုပြီးတော့လည်း စိတ်ရှည်သည်းခံနိုင်ကြတာကြောင့် တစ်ဖက်သားအတွက် ရုန်းထွက်ဖို့ ခက်နေတာ ဖြစ်ပါတယ်။

(၅) ယောကျ်ားကောင်း အားလုံးမှာ ဆိုင်သူ ရှိသွားပြီလို့ ထင်ကြလို့

အပျိုလေးတွေတန်မဲ့ အိမ်ထောင်ရှိတဲ့ ယောကျ်ားကိုမှစွဲလန်းရတဲ့နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ ယောကျ်ားကောင်းတွေ အားလုံးမှာ ဆိုင်သူရှိသွားပြီလို့ ထင်ကြလို့ပါ။ ဆိုလိုတာကတော့ အိမ်ထောင်သည်ယောကျ်ားကိုမှ ယောကျ်ားကောင်း ဖြစ်မယ်လို့ ထင်မိကြလို့ပါ။

ဥပမာ ဇနီး နဲ့ ကလေး ကို အရမ်းချစ်ပြီး အရမ်း ဂရုစိုက် တဲ့ ယောကျ်ား ကို သာ ပိုင်ဆိုင်လိုက် ရင် သူ့ ကိုလည်း ဒီလိုပဲဂရုစိုက်လာမယ်လို့ ထင်လို့ပါ။#Crd

Unicode

Leave a Reply

Your email address will not be published. Required fields are marked *