ယနေ့မှာတော့ လဝကဝန်ကြီးဌာနကနေ ပတ်စ်ပို့ ပြန်လျှောက်နိုင်မယ့် နေ့ရက်နဲ့ လျှောက်ထားပုံနည်းလမ်းများကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
(၁) မြန်မာနိုင်ငံကူး လက်မှတ်များအား ၂၀၂၃ ခုနှစ်, ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်၍ ပတ်စ်ပို့ ဝက်ဆိုက်မှ အွန်လိုင်းဘွတ်ကင် စနစ်သစ်ဖြင့် ကိုယ်တိုင် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
(၂) အွန်လိုင်းဘွတ်ကင် စနစ်အား မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) ၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်၊တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
(၃) အွန်လိုင်းဘွတ်ကင် ရယူရာတွင် အချိန်အကန့်အသတ် မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမည် ဖြစ်ပါသည်။
(၄) အွန်လိုင်းဘွတ်ကင် လျှောက်ထားရန် အခက်အခဲ ရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ပါသည်။
(၅) မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေ ပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန် အသိပေးနှိုးဆော်အပ်ပါသည်။
မည်သို့ မည်ပို့ လျှောက်ရမယ့် အသေးစိတ် နည်းလမ်းများကို ပြောကြားခြင်း မရှိသေးတာကြောင့် လျှောက်လွှာတင်ပေးမယ့် ပွဲစားတွေ သေချာပေါက် ပေါ်လာနိုင်ကြောင်း၊ ယခင် တိုကင်ရပြီးသား သူများအတွက် မည်ကဲ့သို့ ပြုလုပ်ပေးမည်ဆိုတာ မပါကြောင်း၊ လူအများအပြား အွန်လိုင်းတွင် စုပြုံလျှောက်ထားမှုကြောင့် လိုင်းပြတ်တောက်မှုများ ဖြစ်နိုင်တယ်လို့ ပြည်သူများက သုံးသပ်နေကြပါတယ်။
zawgyi
ယေန႔မွာေတာ့ လဝကဝန္ႀကီးဌာနကေန ပတ္စ္ပို႔ ျပန္ေလွ်ာက္ႏိုင္မယ့္ ေန႔ရက္နဲ႔ ေလွ်ာက္ထားပုံနည္းလမ္းမ်ားကို ေအာက္ပါအတိုင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
(၁) ျမန္မာႏိုင္ငံကူး လက္မွတ္မ်ားအား ၂၀၂၃ ခုႏွစ္, ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွ စတင္၍ ပတ္စ္ပို႔ ဝက္ဆိုက္မွ အြန္လိုင္းဘြတ္ကင္ စနစ္သစ္ျဖင့္ ကိုယ္တိုင္ ေလွ်ာက္ထားႏိုင္မည္ ျဖစ္ပါသည္။
(၂) အြန္လိုင္းဘြတ္ကင္ စနစ္အား ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရး႐ုံး (ရန္ကုန္) ၌သာ က်င့္သုံးမည္ျဖစ္ၿပီး ျပည္နယ္၊တိုင္းေဒသႀကီးမ်ားရွိ ႐ုံးခြဲမ်ား၌ ယခင္ေလွ်ာက္ထားမႈ လုပ္ငန္းစဥ္အတိုင္း ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ပါသည္။
(၃) အြန္လိုင္းဘြတ္ကင္ ရယူရာတြင္ အခ်ိန္အကန႔္အသတ္ မရွိဘဲ အလြယ္တကူ ေလွ်ာက္ထားႏိုင္ၿပီး ကုန္က်စရိတ္ကို သတ္မွတ္ႏႈန္းထားအတိုင္း တပါတည္း ေပးေခ်ရမည္ ျဖစ္ပါသည္။
(၄) အြန္လိုင္းဘြတ္ကင္ ေလွ်ာက္ထားရန္ အခက္အခဲ ရွိသူမ်ားအေနျဖင့္ သက္ဆိုင္ရာ ၿမိဳ႕မရဲစခန္းမ်ားတြင္ အကူအညီေတာင္းခံ၍ ေလွ်ာက္ထားႏိုင္ပါသည္။
(၅) မည္သူမဆို လြယ္ကူစြာ ေလွ်ာက္ထားႏိုင္ရန္ စီစဥ္ထားရွိၿပီး ၾကားခံပြဲစားမ်ားျဖင့္ အခေၾကးေငြ ေပးေဆာင္၍ ေလွ်ာက္ထားျခင္းမ်ား မျပဳရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။
မည္သို႔ မည္ပို႔ ေလွ်ာက္ရမယ့္ အေသးစိတ္ နည္းလမ္းမ်ားကို ေျပာၾကားျခင္း မရွိေသးတာေၾကာင့္ ေလွ်ာက္လႊာတင္ေပးမယ့္ ပြဲစားေတြ ေသခ်ာေပါက္ ေပၚလာႏိုင္ေၾကာင္း၊ ယခင္ တိုကင္ရၿပီးသား သူမ်ားအတြက္ မည္ကဲ့သို႔ ျပဳလုပ္ေပးမည္ဆိုတာ မပါေၾကာင္း၊ လူအမ်ားအျပား အြန္လိုင္းတြင္ စုၿပဳံေလွ်ာက္ထားမႈေၾကာင့္ လိုင္းျပတ္ေတာက္မႈမ်ား ျဖစ္ႏိုင္တယ္လို႔ ျပည္သူမ်ားက သုံးသပ္ေနၾကပါတယ္။