ကြားသိရသမျှ

သရုပ်ဆောင် ခြူးလေး အောက်ဖဲလှန်ခံရခြင်း နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းများ

ရုပ်ရှင်ထဲမှာ ပထမနေရာ လိုချင်ပေမယ့် အပြင်မှာ ဒုတိယနေရာ ရောက်သွားတဲ့ ဒုဿနသော ခြူးလေး။ ယနေ့ အွန်လိုင်းပေါ်မှာ လူပြောအများဆုံး အကြောင်းအရာကတော့ သရုပ်ဆောင် ခြူးလေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ယမန်နေ့ညပိုင်းက လူမှုကွန်ရက်ပေါ်မှာ သရုပ်ဆောင် ခြူးလေးတယောက် စင်ကာပူနိုင်ငံရဲ့ စူပါမားကပ် တခုမှာ သက်လတ်ပိုင်း အမျိုးသားတဦးနဲ့ ဖက်ရမ်းနမ်းရှုပ်နေတဲ့ ဓာတ်ပုံများ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။

အဆိုပါ အမျိုးသားရဲ့ မိသားစု ဓာတ်ပုံအချို့ကိုလည်း အွန်လိုင်း အသုံးပြုသူတချို့ မျှဝေခဲ့ကြပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ ဝန်းကျင်က တင်ထားခဲ့တာကို တွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ ထိုအမျိုးသားရဲ့ မိသားစုဝင်တွေ ပါဝင်နေတာကြောင့် ပရိသတ်အချို့က ခြူးလေးကို ဒုဿနသော အဖြစ် ဝေဖန်နေကြတာကို တွေ့ရပါတယ်။

ခြူးလေးရဲ့ ပရိသတ် တချို့ကလည်း အဆိုပါ အမျိုးသားနဲ့ အမွှာညီအစ်ကိုတို့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို မျှဝေခဲ့ကြပြီး ခြူးလေးနဲ့ တွဲနေသူမှာ မိသားစု ရှိသူ မဟုတ်ကြောင်း အလျင်အမြန် ရှင်းလင်းခဲ့ပါတယ်။ ဒါပေမယ့် ခြူးလေးနဲ့အတူ ဖက်နေတဲ့ ဓာတ်ပုံထဲက ဘေးလွယ်အိတ်နဲ့ အမျိုးသားရဲ့ မိသားစု ဓာတ်ပုံထဲက ဘေးလွယ်အိတ်တွေက အတူတူပဲ ဖြစ်နေတာကို မျက်စိလျင်တဲ့ ပရိသတ်အချို့က သတိထားမိခဲ့ပြီးနောက် အငြင်းအခုန် ဖြစ်ပွားမှု ပိုမို ပြင်းထန်လာတာကို တွေ့ရပါတယ်။

သက်လတ်ပိုင်း အမွှာညီအစ်ကို နှစ်ယောက်ဟာ ဘေးလွယ်အိတ်ကို ဆင်တူ လွယ်ကြတာ ဟုတ်ပါ့မလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ အဆိုပါ ဓာတ်ပုံနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ခြူးလေးဖက်ကတော့ တရားဝင် ရှင်းလင်းတာကို မတွေ့ရသေးပါဘူး။

ခြူးလေး တယောက် တကယ်ပဲ ရိုးသားရဲ့လား၊ ဒုဿနသော တကယ်ပဲလားဆိုတာကတော့ ကာယကံရှင် ခြူးလေးနဲ့ အဆိုပါ အမျိုးသား ကိုယ်တိုင်သာ သိမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတခုမှာ နာမည်ရှေ့နောက် ထားတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ခြူးလေး တယောက် အောက်ဖဲ အလှန်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ယခု ထွက်ပေါ်လာတဲ့ အပြင်က ဇာတ်လမ်းမှာလည်း ခြူးလေး တယောက် ဘယ်လို သရုပ်ဆောင်ပြီး ဇာတ်သိမ်း သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

zawgyi

႐ုပ္ရွင္ထဲမွာ ပထမေနရာ လိုခ်င္ေပမယ့္ အျပင္မွာ ဒုတိယေနရာ ေရာက္သြားတဲ့ ဒုႆနေသာ ျခဴးေလး။ ယေန႔ အြန္လိုင္းေပၚမွာ လူေျပာအမ်ားဆုံး အေၾကာင္းအရာကေတာ့ သ႐ုပ္ေဆာင္ ျခဴးေလးရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။ ယမန္ေန႔ညပိုင္းက လူမႈကြန္ရက္ေပၚမွာ သ႐ုပ္ေဆာင္ ျခဴးေလးတေယာက္ စင္ကာပူႏိုင္ငံရဲ႕ စူပါမားကပ္ တခုမွာ သက္လတ္ပိုင္း အမ်ိဳးသားတဦးနဲ႔ ဖက္ရမ္းနမ္းရႈပ္ေနတဲ့ ဓာတ္ပုံမ်ား အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာပါတယ္။

အဆိုပါ အမ်ိဳးသားရဲ႕ မိသားစု ဓာတ္ပုံအခ်ိဳ႕ကိုလည္း အြန္လိုင္း အသုံးျပဳသူတခ်ိဳ႕ မွ်ေဝခဲ့ၾကၿပီး ေဖေဖာ္ဝါရီ ၉ ရက္ေန႔ ဝန္းက်င္က တင္ထားခဲ့တာကို ေတြ႕ရပါတယ္။ အဆိုပါ ဓာတ္ပုံထဲမွာ ထိုအမ်ိဳးသားရဲ႕ မိသားစုဝင္ေတြ ပါဝင္ေနတာေၾကာင့္ ပရိသတ္အခ်ိဳ႕က ျခဴးေလးကို ဒုႆနေသာ အျဖစ္ ေဝဖန္ေနၾကတာကို ေတြ႕ရပါတယ္။

ျခဴးေလးရဲ႕ ပရိသတ္ တခ်ိဳ႕ကလည္း အဆိုပါ အမ်ိဳးသားနဲ႔ အမႊာညီအစ္ကိုတို႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံကို မွ်ေဝခဲ့ၾကၿပီး ျခဴးေလးနဲ႔ တြဲေနသူမွာ မိသားစု ရွိသူ မဟုတ္ေၾကာင္း အလ်င္အျမန္ ရွင္းလင္းခဲ့ပါတယ္။ ဒါေပမယ့္ ျခဴးေလးနဲ႔အတူ ဖက္ေနတဲ့ ဓာတ္ပုံထဲက ေဘးလြယ္အိတ္နဲ႔ အမ်ိဳးသားရဲ႕ မိသားစု ဓာတ္ပုံထဲက ေဘးလြယ္အိတ္ေတြက အတူတူပဲ ျဖစ္ေနတာကို မ်က္စိလ်င္တဲ့ ပရိသတ္အခ်ိဳ႕က သတိထားမိခဲ့ၿပီးေနာက္ အျငင္းအခုန္ ျဖစ္ပြားမႈ ပိုမို ျပင္းထန္လာတာကို ေတြ႕ရပါတယ္။

သက္လတ္ပိုင္း အမႊာညီအစ္ကို ႏွစ္ေယာက္ဟာ ေဘးလြယ္အိတ္ကို ဆင္တူ လြယ္ၾကတာ ဟုတ္ပါ့မလား ဆိုတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚလာပါတယ္။ အဆိုပါ ဓာတ္ပုံနဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ ျခဴးေလးဖက္ကေတာ့ တရားဝင္ ရွင္းလင္းတာကို မေတြ႕ရေသးပါဘူး။

ျခဴးေလး တေယာက္ တကယ္ပဲ ႐ိုးသားရဲ႕လား၊ ဒုႆနေသာ တကယ္ပဲလားဆိုတာကေတာ့ ကာယကံရွင္ ျခဴးေလးနဲ႔ အဆိုပါ အမ်ိဳးသား ကိုယ္တိုင္သာ သိမွာပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲတခုမွာ နာမည္ေရွ႕ေနာက္ ထားတဲ့ ျပႆနာနဲ႔ ပတ္သက္ၿပီး ျခဴးေလး တေယာက္ ေအာက္ဖဲ အလွန္ခံလိုက္ရတာပဲ ျဖစ္ပါတယ္။ ယခု ထြက္ေပၚလာတဲ့ အျပင္က ဇာတ္လမ္းမွာလည္း ျခဴးေလး တေယာက္ ဘယ္လို သ႐ုပ္ေဆာင္ၿပီး ဇာတ္သိမ္း သြားမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *