ဘာသာရေး

ကမ္ဘာ့အလယ်မှာ မြန်မာကို အရှက်ခွဲနေတဲ့ အေးဒါးပြ ဂေါပကနဲ့ ဈေးသည်တွေရဲ့ လုပ်ရပ်တချို့

မင်းကွန်းမှာဖြစ်တဲ့ ကိစ္စ ဖတ်မိလို့၊ ကိုယ်တွေ စစ်ကိုင်းမှာ ကြုံရတာလေးလည်း ရှိလို့ ပြောပြချင်တယ်။ ရှင်သီဝလိ တောရကျောင်းဆိုတာပဲ၊ ကျောက်စာတွေ အများကြီးနဲ့ ရောက်ရောက်ချင်း ကျောက်စာတွေဘက် သွားတာကို အဲ့လို တန်းဝင်လို့ မရဘူး ဟိုဘက်က ဝင်ရတယ်ဆိုပြီး အလှူခံဌာနရှိတဲ့ဘက်ကို တန်းသွားခိုင်းပါတယ်၊

ကျနော်ရယ် ကျနော့်ကောင်မလေးရယ် သူ့အမေရယ် ကျောင်းက ဆရာတော်ရယ် လာကြတာပါ၊ အမေရောက်တုန်း ဘုရားဖူးပို့ကြတာ။ ကောင်မလေးနဲ့ အမေက အရင်သွားနှင့်ကြတာ ကျနော်က ဘုန်းကြီးနား ခဏကျန်နေခဲ့တာနဲ့ နောက်ကနေ အမီလိုက်သွားခဲ့တာ။

ဘုရားလည်းဝင်ဖူးပြီးရော ကောင်မ​လေးက ဒေါသမထိန်းနိုင်ဘဲကို ထဖြစ်ကြတာ၊ အလှူခံမိန်းမက ဘာ​ဖြစ်တာလဲ ဘာကို မကျေနပ်တာလဲဆိုပြီး ထစိန်ခေါ်ရော ရှေ့က ရေကန်အမိုးသွပ်ပြားကို ဝုန်းကနဲ့ရိုက်ပြီး စိန်ခေါ်တာနော်၊

ကောင်မလေးက ပြန်ပြောတယ် နင့်အမေအရွယ်ကို နင် အဲလိုပြောစရာလားတဲ့၊ ဘာ​ဗုဒ္ဓဘာသာသင်ပေးတာလည်း အဲလိုပြောဖို့သင်တာလားဆိုတော့ အေး ပြောတယ် ဘာဖြစ်လဲဆိုပြီး အော်အော် စိန်ခေါ်တာနော်၊ ဒီက ပြန်အော်တော့ နောက်က ဂေါပကဘုန်းကြီးကပါ လက်ညှိုးကြီး ထိုးထိုးပြီး ပြေးလာတာ ဘာတဲ့ ရိုင်းလှချေလားတဲ့၊

ကျနော်က အဲ့ဂေါပကဘုန်းကြီးဆီ ပြေးပြီး အရှင်ဘုရား တပည့်တော်ရှိသေးတယ် ရှင်းစရာရှိရင် ယောက်ကျားချင်းရှင်းရအောင်ဆိုပြီး လွယ်အိတ်ကို ဘေးချလွယ် ဖုန်းကို အိတ်ထဲထည့် အင်္ကျီ လက်ကို မတင်ထားတာ၊ အဲ့ကျမှ ဘုန်းကြီးကလည်း နောက်ဆုတ်သွားတာ၊ ခဏနေတော့ နောက်က ပါလာတဲ့ ဆရာတော်က လှမ်းအော်လို့ အကုန်ငြိမ်လာကြရတာ၊

ဖြစ်တာက ရေတော်မကပ်ဘဲ ဓာတ်ပုံရိုက်လို့တဲ့။ ပြောတဲ့အသံကအော်ကျယ်အော်ကျယ်ပြောတာပါ။ အထဲဝင်ဘုရားဦးချပြီး သူက ကျနော်နဲ့ဘုန်းကြီးကို ထွက်ကြည့်တော့လည်း အလှူခံပိုက်ဆံရေရင်း စောင်းပြောနေတာ။ ယဉ်ကျေးလိမ်မာသင်တန်းတောင် အလကားသင်လာတာ ငါ့အဲလိုလာမချိုးနဲ့။

နောက်တခါ ကျနော်တို့ မရောက်သေးလို့ အမေရော ကောင်မလေးရော ထပ်ထွက်အကြည့်မှာ တစ်ခါထပ်စောင်းပြောပါတယ်။ အမေက လာလာဆိုပီး ကောင်မလေးကို လက်ကုပ်ခေါ်ပေမဲ့ အမေ့ကို အဲလိုပြောနေတာ ငြိမ်နေရမှာလားလို့ ပြောတော့ ပြောချင်တာရှိရင်ရှေ့လာပြောဘာဖြစ်ချင်တာလည်း လာပြောလေဆိုပြီး စရန်တွေ့တာပါ။

ရေတော်ကပ်ပြီးမှ ပုံရိုက်လို့ရတယ်ဆိုတာ နားမလည်ဘူးလားဆိုပြီး မကြားတကြားပြောနေတာလို့ ဆိုပါတယ်။ ကျနော်လည်း အစအဆုံး မသိလိုက်ဘူး။ အစအဆုံး သိရရင်လည်း ပြဿနာက ပိုကြီးသွားနိုင်ပါတယ်။ အဲလိုပြောစရာလား၊ ပြီးတော့ တစ်ခေါက်မှလည်း ရောက်ဖူးတာမဟုတ်ဘူး ခုမှ ရောက်ဖူးတော့ မသိတာလေ။

အလှူခံနေရာထိုင်ပြီး ဘုရားလာဖူးတဲ့သူကို အခကြေးငွေပေးခိုင်းထားတဲ့ အလုပ်သမားလို အော်ဟစ်ပြောတာပါ။ အကျီရောင်းတဲ့ဆိုင်ကရော မုန့်ဝေနေတဲ့ ကောင်မလေးနှစ်ယောက်ကပါ လှည့်ကြည့်တဲ့အထိ အသံက ကျယ်ပါတယ်တဲ့။ အခုဟာက အလှူခံက မိန်းမရော ဂေါပကဘုန်းကြီးရော ကြမ်းလိုက်တာမှဆို၊ (မင်းစည်) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

zawgyi

မင္းကြန္းမွာျဖစ္တဲ့ ကိစၥ ဖတ္မိလို႔၊ ကိုယ္ေတြ စစ္ကိုင္းမွာ ႀကဳံရတာေလးလည္း ရွိလို႔ ေျပာျပခ်င္တယ္။ ရွင္သီဝလိ ေတာရေက်ာင္းဆိုတာပဲ၊ ေက်ာက္စာေတြ အမ်ားႀကီးနဲ႔ ေရာက္ေရာက္ခ်င္း ေက်ာက္စာေတြဘက္ သြားတာကို အဲ့လို တန္းဝင္လို႔ မရဘူး ဟိုဘက္က ဝင္ရတယ္ဆိုၿပီး အလႉခံဌာနရွိတဲ့ဘက္ကို တန္းသြားခိုင္းပါတယ္၊

က်ေနာ္ရယ္ က်ေနာ့္ေကာင္မေလးရယ္ သူ႔အေမရယ္ ေက်ာင္းက ဆရာေတာ္ရယ္ လာၾကတာပါ၊ အေမေရာက္တုန္း ဘုရားဖူးပို႔ၾကတာ။ ေကာင္မေလးနဲ႔ အေမက အရင္သြားႏွင့္ၾကတာ က်ေနာ္က ဘုန္းႀကီးနား ခဏက်န္ေနခဲ့တာနဲ႔ ေနာက္ကေန အမီလိုက္သြားခဲ့တာ။

ဘုရားလည္းဝင္ဖူးၿပီးေရာ ေကာင္မ​ေလးက ေဒါသမထိန္းႏိုင္ဘဲကို ထျဖစ္ၾကတာ၊ အလႉခံမိန္းမက ဘာ​ျဖစ္တာလဲ ဘာကို မေက်နပ္တာလဲဆိုၿပီး ထစိန္ေခၚေရာ ေရွ႕က ေရကန္အမိုးသြပ္ျပားကို ဝုန္းကနဲ႔႐ိုက္ၿပီး စိန္ေခၚတာေနာ္၊

ေကာင္မေလးက ျပန္ေျပာတယ္ နင့္အေမအ႐ြယ္ကို နင္ အဲလိုေျပာစရာလားတဲ့၊ ဘာ​ဗုဒၶဘာသာသင္ေပးတာလည္း အဲလိုေျပာဖို႔သင္တာလားဆိုေတာ့ ေအး ေျပာတယ္ ဘာျဖစ္လဲဆိုၿပီး ေအာ္ေအာ္ စိန္ေခၚတာေနာ္၊ ဒီက ျပန္ေအာ္ေတာ့ ေနာက္က ေဂါပကဘုန္းႀကီးကပါ လက္ညႇိဳးႀကီး ထိုးထိုးၿပီး ေျပးလာတာ ဘာတဲ့ ႐ိုင္းလွေခ်လားတဲ့၊

က်ေနာ္က အဲ့ေဂါပကဘုန္းႀကီးဆီ ေျပးၿပီး အရွင္ဘုရား တပည့္ေတာ္ရွိေသးတယ္ ရွင္းစရာရွိရင္ ေယာက္က်ားခ်င္းရွင္းရေအာင္ဆိုၿပီး လြယ္အိတ္ကို ေဘးခ်လြယ္ ဖုန္းကို အိတ္ထဲထည့္ အက်ႌ လက္ကို မတင္ထားတာ၊ အဲ့က်မွ ဘုန္းႀကီးကလည္း ေနာက္ဆုတ္သြားတာ၊ ခဏေနေတာ့ ေနာက္က ပါလာတဲ့ ဆရာေတာ္က လွမ္းေအာ္လို႔ အကုန္ၿငိမ္လာၾကရတာ၊

ျဖစ္တာက ေရေတာ္မကပ္ဘဲ ဓာတ္ပုံ႐ိုက္လို႔တဲ့။ ေျပာတဲ့အသံကေအာ္က်ယ္ေအာ္က်ယ္ေျပာတာပါ။ အထဲဝင္ဘုရားဦးခ်ၿပီး သူက က်ေနာ္နဲ႔ဘုန္းႀကီးကို ထြက္ၾကည့္ေတာ့လည္း အလႉခံပိုက္ဆံေရရင္း ေစာင္းေျပာေနတာ။ ယဥ္ေက်းလိမ္မာသင္တန္းေတာင္ အလကားသင္လာတာ ငါ့အဲလိုလာမခ်ိဳးနဲ႔။

ေနာက္တခါ က်ေနာ္တို႔ မေရာက္ေသးလို႔ အေမေရာ ေကာင္မေလးေရာ ထပ္ထြက္အၾကည့္မွာ တစ္ခါထပ္ေစာင္းေျပာပါတယ္။ အေမက လာလာဆိုပီး ေကာင္မေလးကို လက္ကုပ္ေခၚေပမဲ့ အေမ့ကို အဲလိုေျပာေနတာ ၿငိမ္ေနရမွာလားလို႔ ေျပာေတာ့ ေျပာခ်င္တာရွိရင္ေရွ႕လာေျပာဘာျဖစ္ခ်င္တာလည္း လာေျပာေလဆိုၿပီး စရန္ေတြ႕တာပါ။

ေရေတာ္ကပ္ၿပီးမွ ပုံ႐ိုက္လို႔ရတယ္ဆိုတာ နားမလည္ဘူးလားဆိုၿပီး မၾကားတၾကားေျပာေနတာလို႔ ဆိုပါတယ္။ က်ေနာ္လည္း အစအဆုံး မသိလိုက္ဘူး။ အစအဆုံး သိရရင္လည္း ျပႆနာက ပိုႀကီးသြားႏိုင္ပါတယ္။ အဲလိုေျပာစရာလား၊ ၿပီးေတာ့ တစ္ေခါက္မွလည္း ေရာက္ဖူးတာမဟုတ္ဘူး ခုမွ ေရာက္ဖူးေတာ့ မသိတာေလ။

အလႉခံေနရာထိုင္ၿပီး ဘုရားလာဖူးတဲ့သူကို အခေၾကးေငြေပးခိုင္းထားတဲ့ အလုပ္သမားလို ေအာ္ဟစ္ေျပာတာပါ။ အက်ီေရာင္းတဲ့ဆိုင္ကေရာ မုန္႔ေဝေနတဲ့ ေကာင္မေလးႏွစ္ေယာက္ကပါ လွည့္ၾကည့္တဲ့အထိ အသံက က်ယ္ပါတယ္တဲ့။ အခုဟာက အလႉခံက မိန္းမေရာ ေဂါပကဘုန္းႀကီးေရာ ၾကမ္းလိုက္တာမွဆို၊ (မင္းစည္) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Leave a Reply

Your email address will not be published. Required fields are marked *