ကြားသိရသမျှ

အနုပညာမှာ မှော်အောင်ခဲ့ပေမယ့် အကြွေးသိန်း ၅၀၀၀ မဆပ်နိုင်တဲ့ မို့မို့မြင့်အောင်ရဲ့ ဘဝဇာတ်ကြောင်း

ငယ်ငယ်က မြန်မာရုပ်ရှင်ကို မင်းသားကြိုက်ရင် ကြည့်လိုက်တာပဲ။ မင်းသမီး အဓိက မဟုတ်ဘူး။ ရုပ်ရှင်မင်းသမီးထဲမှာ ငယ်ငယ်ကအကြိုက်ဆုံးက “တင်တင်ညို” ဖြစ်မယ်ထင်တယ်

ကျော်ဟိန်းကား အကြည့်များတော့ သူ့တွဲဖက်မင်းသမီး တင်တင်ညိုကို ပိုသတိထားမိတယ်။ နည်းနည်းအရွယ်ရောက်လာတော့ မင်းသမီးတွေထဲမှာ သရုပ်ဆောင်အကောင်းဆုံးက “မို့မို့မြင့်အောင်” ထင်တယ်။

၁၉၈၂-၈၃ ချယ်ရီမဂ္ဂဇင်းမျက်နာဖုံးကာဗာမှာ မို့မို့မြင့်အောင်ကို စသတိထားမိတယ်။ လမ်းပေါ်မှာ ခေါက်ထီးဆောင်းပြီး ဒေါက်ဖိနပ်ကြိုးငုံ့ချည်နေတဲ့ပုံ။ ခေါက်ထီးကို ပုခုံးနဲ့မေ့စေ့ ကြားညှပ်ထားသေးတယ်။ ကင်မရာကိုစိုက်ကြည့်နေတဲ့ မို့မို့မြင့်အောင်မဂ္ဂဇင်းကာဗာဓါတ်ပုံ အဲ့ဒီခေတ် အရမ်းခေတ်စားခဲ့တယ်။

စာရေးသူတို့ခေတ် အအောင်မြင်ဆုံး မင်းသမီးမို့မို့မြင့်အောင်က အကယ်ဒမီငါးဆုရထားတဲ့ စွယ်စုံရမင်းသမီးပါ။ ခေတ်ဟောင်းဒါရိုက်တာ ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်၊ ဒေါ်သန်းရင် သားသမီးငါးယောက်မှာ မို့မို့မြင့်အောင်အငယ်ဆုံးပါ။

တာမွေကျောက်မြောင်းမှာ ကြီးပြင်းခဲ့တဲ့ မို့မို့မြင့်အောင်ဟာ အဲ့ဒီခေတ်က ဝါရင့်ရုပ်ရှင်မင်းသမီးကြီးတွေ ဖြစ်တဲ့ဝါဝါဝင်းရွှေ၊ ခင်သန်းနုတို့ကို အရမ်းအားကျခဲ့တယ်ဆိုတယ်။

တာမွေအထက (၁) မှာ ကျောင်းတက်နေတဲ့ မို့မို့မြင့်အောင်ဟာ ဆယ်တန်းဖြေခဲ့ပေမယ့် ပညာရေးကံဇာတာ ပါမလာလို့ မအောင်မြင်ခဲ့ဘူး။ သူ့သူငယ်ချင်းတွေ ဒေသကောလိပ်တက်နေချိန်မှာ မို့မို့မြင့်အောင်ရုပ်ရှင်နယ်ကို ဝင်ရောက်သွားခဲ့ပါပြီ။

၁၉၇၉ ခုနှစ် ရုပ်ရှင်မင်းသားကြီးကျော်ဟိန်းရဲ့ “မွန်းတည့်ချိန်မှာနေဝင်သည်” ဇာတ်ကားနဲ့ တက်သစ်စ ရုပ်ရှင်မင်းသမီးလေး မို့မို့မြင့်အောင်ကို လူသိများလာခဲ့တယ်။

မင်းသားကြီးကျော်ဟိန်းရဲ့ နာမည်ကျော် “ ကျီးယောင်ဆောင်သောဒေါင်း ” ရုပ်ရှင်မှာ မင်းသမီးချိုပြုံးနဲ့ အပြိုင်သရုပ်ဆောင်ခဲ့ပြီး သူပိုနာမည်ကြီးလာခဲ့တယ်။

၁၉၈၄ ခုနှစ်မှာ ပထမဆုံးအကယ်ဒမီဆုကို ရပြီးနောက်ပိုင်း မင်းသမီးမို့မို့မြင့်အောင်ဟာ မြန်မာ့ရုပ်ရှင်လောကကို ကိုင်လှုပ်နိုင်တဲ့ ရုပ်ရှင်မင်းသမီးတစ်လက် ဖြစ်လာခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ “မြင့်မိုလ်ထက်ကသရဖူ” ရုပ်ရှင်နဲ့ ငါးခုမြောက် အကယ်ဒမီဆု မို့မို့မြင့်အောင်ရခဲ့တယ်။

၁၉၈၀ မှာ အဆိုတော်လွှမ်းမိုးနဲ့ ပထမဆုံးအကြိမ်အိမ်ထောင်ပြုပြီး သုံးနှစ်အကြာ လမ်းခွဲခဲ့ကြတယ်။ ၁၉၈၇ ခုနှစ်မှာ ရုပ်ရှင်မင်းသမီး မို့မို့မြင့်အောင်ဟာ ဦးမောင်မောင်ကျော်နဲ့ အိမ်ထောင်သစ် ထူထောင်ခဲ့တယ်။

မင်းသမီးငယ်တွေ ရှုတင်မှာ ဖုန်းအမြဲပွတ်နေတာနဲ့ ပတ်သက်ပြီး မို့မို့မြင့်အောင်က အလုပ်ကို အာရုံစိုက်ဖို့ သူတို့ကို ဆုံးမစကားပြောခဲ့သေးတာ အွန်လိုင်းဂျာနယ်တစ်ခုမှာ ရေးထားတာတွေ့မိတယ်။

မှတ်မှတ်ရရ ၁၉၈၈ အရေးတော်ပုံဖြစ်ခါနီး ရန်ကင်းကံဘဲ့ အောင်သီရိရုပ်ရှင်ရုံမှာ ပြနေတဲ့ဇာတ်ကားက မို့မို့မြင့်အောင်သရုပ်‌ဆောင်တဲ့ နာမည်ကြီးရုပ်ရှင် “ ဇတ်လမ်းကမသန်း” ပါ။

၁၉၆၁ မေ ၂၅ မှာ မွေးခဲ့တဲ့ မို့မို့မြင့်အောင် အသက် ၆၂ နှစ် ဝင်ပြီဖြစ်လို့ မြန်မာ့စံချိန်နဲ့ အသက်ကြီးပိုင်းသရုပ်ဆောင်တစ်ဦး ဖြစ်သွားပါပြီ။ မို့မို့မြင့်အောင်ဟာ တစ်ခေတ်မှာ တစ်ယောက်လို့ ပြောနိုင်တဲ့ အနုပညာမှော်အောင်မြင်ခဲ့သူပါ။ လွင်ဦး_ရန်ကင်း (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *