ဘာသာရေး

ဗုဒ္ဓဘာသာစစ်စစ် မှန်ရင် ဘုရားစေတီတွေရဲ့ရှေ့မှာ ခြသေ့ၤရုပ် ထားခြင်းရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ်

ဗုဒ္ဓဘာသာစစ်စစ် မှန်ရင် ဘုရားစေတီတွေရဲ့ရှေ့မှာ ခြသေ့ၤရုပ် ထားခြင်းရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ်

ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြသေ့ၤရုပ်တွေရှိတာ အားလုံးသိကြမှာပါ။ဘာကြောင့်ဒီလိုထားရသလဲ ဆိုတဲ့အကြောင်းကိုတော့ သိသူရှိသလိုမသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။

ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော် ဘုရားလက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူလတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးက ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြသေ့ၤရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး-

“ဂေါတမမြတ်စွာဘုရားအလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင်လက်ထက်မှာ ကေသရာဇာခြသေ့ၤမင်းဖြစ်ခဲ့သည်။

တစ်နေ့သောအခါ အလောင်းတော်ခြသေ့ၤမင်း အစာရှာထွက်စဉ်တောအုပ်အလယ်နေရာ၌ ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ် ဝင်စားလျက်ရှိသည်ကိုဖူးတွေ့လိုက်ရသည်။

ခြသေ့ၤမင်းသည် လွန်စွာမှ ကြည်ညိုအာရုံ ရှိသော ဘုရားဂုဏ်ကိုအာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇောအဟုတ် ဖြင့် ခုနစ်ရက်ပတ်လုံး အစာရှာမသွားတော့ပဲ ဘုရားရှင်၏ ရှေ့မှောက်တွင် ရိုသေဝပ်တွား ပူဇော်ဆည်းကပ်နေခဲ့သည်။

ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူသည့်အခါ ခုနှစ်ရက်ပတ်လုံး ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဝပ်တွားဆည်းကပ်နေသော ခြသေ့ၤမင်းအား မြင်တွေ့ရ၍ ‘နောင်အခါ ငါကဲ့သို့ပင် ဘုရားစင်စစ်ဧကန်ဖြစ်လတ္တံ’ လို့ ဗျာဒိတ်စကားမြွက်ကြားခဲ့သည်။

ထိုသို့ ဘုရားအလောင်း ခြသေ့ၤမင်းကို အကြောင်းပြု၍ နှောင်းခေတ် လူများသည် ဘုရားစေတီပုထိုးတို့အား ဖူးမြှော်ကန်တော့ရန် ရောက်ရှိသော အခါ အလောင်းတော်ခြသေ့ၤမင်းအား အတုယူပြီး ဘုရားရှင်အား စူးစူးနစ်နစ် ယုံကြည်စွာ ကြည်ညိုသဒ္ဓါထားပြီး ဖူးမြှော်ဆည်းကပ် ကိုးကွယ်ရန် ခြသေ့ၤရုပ်များ တည်ကြခြင်းဖြစ်ကြောင်း မုန်တိုင်ပင် ဆရာတော်ဘုရားကြီးက ရည်ညွှန်းဖွဲ့ဆိုပါတယ်။

မဇ္စိုမဒေသ အာသောကမင်းကြီးကတော့ သူတည်ခဲ့တဲ့ ဘုရားစေတီအဆောက်အအုံတွေမှာ ခြသေ့ၤရုပ်တစ်မျိုးတင်မကပဲ အခြား တိရစ္ဆာန် အာဇာနည် ၃မျိုးကိုပါ ထားပါတယ်။

မည်သည့်အန္တရာယ်ကိုမှ မကြောက်ရွံတတ်သည့် အာဇာနည် ၄ မျိုးမှာ ခြသေ့ၤ ၊ ဆင် ၊ သိန္ဓောမြင်း နှင့် နွားလားဥသဘာ တို့ဖြစ်ပါတယ်။ထိုအရုပ်လေးမျိုးကို အာသောကမင်းကြီး၏ ကောင်းမူတော်များတွင် ဘုရားဘက်သို့မလှည့်ပဲ ဝင်လာသူများဘက်သို့လှည့်၍ ထားကြောင်းသိရပါတယ်။

အပေါ်က အဖြေကတော့ ကျမ်းဂန်ကနေ ထုတ်နှုတ်ဖြေကြားတဲ့ ဆရာတေ်ာကြီးရဲ့အဖြေဖြစ်ပါတယ်။ ဒါပေမယ့် ပုံပြင်လိုလို ရာဇဝင်လိုလိုနဲ့ ကျွန်တော်တို့ အများစု သိထားတဲ့အကြောင်းတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ သီဟဗာဟု အကြောင်းပါ။

မသိသေးသူများအတွက် သီဟဗာဟုအကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ရှေးလွန်လေပြီးသောအခါက ”သီဟို၌” ယခု ”သီရိလင်္ကာ” နှိုင်ငံ ရာဇဝင်၌ ”မဟာဝံသ” ”သီဟဗာဟု”မင်းဟူ၍ရှိခဲ့ဖူးလေသည်။ ”ဝင်္ဂတိုင်း”ဖွား ”ဗင်္ဂလာ”မင်းသမီးတစ်ယောက်သည် ”ခြင်္သေ့”တစ်ကောင်နဲ့ရကာ တောတွင်းလှိုင်ဂှုတစ်ဂှု၌ နေလေသည်။

”ခြင်္သေ့”ကိုအကြောင်းပြု၍ သားလေးတစ်ယောက် သမီးလေးတစ်ယောက် ထွန်းကားလေသည်။ ”

ခြင်္သေ့”ကြီးသည် အစာရှာထွက်ချိန်၌ ဂှုပေါက်ဝ၌ ကျော်တုံးကြီးတစ်တုံး ပိက်ထားခဲ့၏။ ”သီဟဗာဟု”(၁၆ )နှစ်သားအရွှယ်ရောက်သောအခါတွင်ကား ”ခြင်္သေ့”ကြီးနဲ့မနေလိုသဖြင့် ”အမေ”နဲ့နှမကိုခေါ်ကာ ကျောက်တုံးကြီးကိုဖွင့်ပြီး ထွက်ပြေးကြလေ၏။

”ခြင်္သေ့”ကြီးသည် သားမယားပျောက်သွားသဖြင့် တောတောင်အနှံ့ လိုက်လံရှာဖွေရင်း ”မ” စိတ်မွန်ကာ တောစွန်အုံးဖျားကျေးရွှာများကိုပင် ဖျက်ဆီးပစ်လေသည်။

ထိုအခါဘုရင်က ”ခြင်္သေ့”ကို နှိင့်နှင်းနိုင်မည့်သူအား မောင်းကြေးနှင်းခပ်၍ ရှာဖွေစေရာ ”သီဟဗာဟု”ကတာဝန်ယူလိုက်လေသည်။ ”သီဟဗာဟု”သည် လေးနဲ့မြားကိုယူကာ ဖခင် ”ခြင်္သေ့”ကြီးကိုသတ်ရန် ထွက်ခဲ့လေသည်။

တောစပ်တစ်ခုအရောက်တွင် ဖခင်”ခြသေ့ၤ”ကြီးနဲ့ ရင်ဆိုင်တွေ့ကြလေသည်။”ခြင်္သေ့”ကြီးကား မိဘ၏ ”မေတ္တာ”ဓာတ်ကြောင့် သားကိုမြင်မြင်ခြင်း အေးချမ်းသွား၏။

သားကိုချစ်သော ”မေတ္တာ”ဓာတ်တို့က ”ခြင်္သေ့”ကြီးတစ်ကိုယ်လုံးတွင် ပြန့်နှံ့လျှက်ရှိလေ၏။

ဤသည်ကား ”ဘာဝနာ” အဆင့်သို့ရောက်သော ”မေတ္တာ”ဓာတ်မဟုတ်သေးချေ ”ဂေဟဿိတပေမ”ခေါ်အိမ်တွင်းမိသားစုခြင်းထားသော ”မေတ္တာ”အဆင့်သာရှိသေး၏။ ထို”မေတ္တာ”၏စွမ်းရည်သည်ပင်ကြီးမားလှ၏။

အဘယ်ကြောင့်ဆိုသော်”သီဟဗာဟု”ပစ်လိုက်သောမြားတံတို့သည်။”ခြင်္သေ့”ကြီးဆီသို့မရောက်ပဲ ”သီဟဗာဟု”ခြေရင်း၌သာသုံးကြိမ်တိုင်တိုင်ပင် ပြန်ကြ၏။

သုံးကြိမ်တိုင်တိုင် ပြစ်ပြီးသောအခါတွင်ကား ”ခြင်္သေ့”ကြီးသည် ”ဒေါသ”ဖြစ်သွား၏။

”ဒေါသ”ဖြစ်သွားသည်နဲ့ ”မေတ္တာ”ဓာတ်တည်းဟူသော အန္တရယ်ကိုကာကွယ်သည့် ချပ်ဝတ်တန်ဆာသည် ပြုတ်ကြသွားလေ၏။

”ဒေါသ”ဖြစ်ပြီး”ခြင်္သေ့”ကြီးကဟိန်းလိုက်ချိန်မှာပင် ”စတုတ္ထ”အကြိမ်မြောက်ပြစ်လိုက်သော ”သီဟဗာဟု”၏မြားတံသည် ”ခြင်္သေ့”ကြီး၏ ငယ်ထိပ်သို့စူးဝင်ကာ ထိုနေရာမှာပင်သေသွားလေ၏။ဘုရင်သည်အားရနှစ်သက်တော်မှုသဖြင့် ”သီဟဗာဟု”ကို အိမ်ရှေ့စံပေးလေသည်။

သီဟဗာဟု မင်းဖြစ်သောအခါတွင် ခေါင်းကိုက်သည့် ”ရောဂါ”မကြာခဏဖြစ်သဖြင့် ”ပညာ”ရှိတို့အားမေးမြန်းကြည့်ကြသောအခါ ဖခင်ကိုသတ်ခဲ့သော အကုသိုလ်ကံကြောင့်ဖြစ်သည်။

ထိုအပြစ်တို့ပြေပျောက်စေရန် ”ခြင်္သေ့”ရုပ်ထုဆစ်ပြီးကန်တော့ရမည်ဟု ဆိုကြလေသည်။ထိုကြောင့်”စေတီ”တစ်ဆူတည်ကာ ”ခြင်္သေ့”ရုပ်ပါထုဆစ်ပြီးကန်တော့ကြလေ၏။

ထိုအဖြစ်မှအစတည်ကာ ”ဘုရား”တည်သောအခါ ”ခြင်္သေ့”ရုပ်ပါသောအလေ့အထဖြစ်လာခဲ့ကြသည်ဟုဆိုကြလေသည်။

ကျမ်းကိုး :မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သောဖြစ်ရပ်များ – နန္ဒာမိုးကြယ်ဘာသာရေး ပြသနာများ – ဘဒ္ဒန္တ တိလောကသာရ ”မြန်မာ”တို့ရဲ့အသက်”

ဗုဒၶဘာသာစစ္စစ္ မွန္ရင္ ဘုရားေစတီေတြရဲ႕ေရွ႕မွာ ျခေသ့ရၤုပ္ ထားျခင္းရဲ႕ အဓိပၸါယ္ကို သိထားသင့္ပါတယ္

ဘုရားေစတီတိုင္းလိုလိုရဲ႕ ေရွ႕မွာ ျခေသ့ရၤုပ္ေတြရွိတာ အားလုံးသိၾကမွာပါ။ဘာေၾကာင့္ဒီလိုထားရသလဲ ဆိုတဲ့အေၾကာင္းကိုေတာ့ သိသူရွိသလိုမသိသူမ်ားလည္း ရွိပါလိမ့္မယ္။ မသိေသးသူေတြအတြက္ ဗဟုသုတအေနနဲ႔ ျပန္လည္တင္ျပလိုက္ပါတယ္။

ဒီေမးခြန္းရဲ႕ အေျဖကို ေျဖဆိုခဲ့သူက အမပူရနန္းတည္ ဘိုးေတာ္ ဘုရားလက္ထက္ ပရိယတၱိအရာမွာ ေနတစ္ဆူလတစ္ပါး ထင္ရွားေက်ာ္ၾကားခဲ့တဲ့ မုန္တိုင္ပင္ ဆရာေတာ္ဘုရားႀကီး ျဖစ္ပါတယ္။

ဆရာေတာ္ႀကီးက ဘုရားေစတီ မုခ္ဝမုခ္ဦး၌ ျခေသ့ရၤုပ္တုမ်ား ထားျခင္းႏွင့္ စပ္လ်ဥ္းၿပီး-

“ေဂါတမျမတ္စြာဘုရားအေလာင္းဟာ ပဒုမ ျမတ္စြာဘုရားရွင္လက္ထက္မွာ ေကသရာဇာျခေသ့မၤင္းျဖစ္ခဲ့သည္။

တစ္ေန႔ေသာအခါ အေလာင္းေတာ္ျခေသ့မၤင္း အစာရွာထြက္စဥ္ေတာအုပ္အလယ္ေနရာ၌ ပဒုမျမတ္စြာဘုရားရွင္သည္ နိေရာဓသမာပတ္ ဝင္စားလ်က္ရွိသည္ကိုဖူးေတြ႕လိုက္ရသည္။

ျခေသ့မၤင္းသည္ လြန္စြာမွ ၾကည္ညိဳအာ႐ုံ ရွိေသာ ဘုရားဂုဏ္ကိုအာ႐ုံျပဳလ်က္ ႏွစ္သက္ျခင္း ၊ ပီတိေဇာအဟုတ္ ျဖင့္ ခုနစ္ရက္ပတ္လုံး အစာရွာမသြားေတာ့ပဲ ဘုရားရွင္၏ ေရွ႕ေမွာက္တြင္ ႐ိုေသဝပ္တြား ပူေဇာ္ဆည္းကပ္ေနခဲ့သည္။

ပဒုမျမတ္စြာဘုရားရွင္သည္ နိေရာဓသမာပတ္မွ ထေတာ္မူသည့္အခါ ခုႏွစ္ရက္ပတ္လုံး ၾကည္ညိဳသဒၶါထက္သန္စြာျဖင့္ ဝပ္တြားဆည္းကပ္ေနေသာ ျခေသ့မၤင္းအား ျမင္ေတြ႕ရ၍ ‘ေနာင္အခါ ငါကဲ့သို႔ပင္ ဘုရားစင္စစ္ဧကန္ျဖစ္လတၱံ’ လို႔ ဗ်ာဒိတ္စကားႁမြက္ၾကားခဲ့သည္။

ထိုသို႔ ဘုရားအေလာင္း ျခေသ့မၤင္းကို အေၾကာင္းျပဳ၍ ေႏွာင္းေခတ္ လူမ်ားသည္ ဘုရားေစတီပုထိုးတို႔အား ဖူးေျမႇာ္ကန္ေတာ့ရန္ ေရာက္ရွိေသာ အခါ အေလာင္းေတာ္ျခေသ့မၤင္းအား အတုယူၿပီး ဘုရားရွင္အား စူးစူးနစ္နစ္ ယုံၾကည္စြာ ၾကည္ညိဳသဒၶါထားၿပီး ဖူးေျမႇာ္ဆည္းကပ္ ကိုးကြယ္ရန္ ျခေသ့ရၤုပ္မ်ား တည္ၾကျခင္းျဖစ္ေၾကာင္း မုန္တိုင္ပင္ ဆရာေတာ္ဘုရားႀကီးက ရည္ၫႊန္းဖြဲ႕ဆိုပါတယ္။

မဇၥိဳမေဒသ အာေသာကမင္းႀကီးကေတာ့ သူတည္ခဲ့တဲ့ ဘုရားေစတီအေဆာက္အအုံေတြမွာ ျခေသ့ရၤုပ္တစ္မ်ိဳးတင္မကပဲ အျခား တိရစာၦန္ အာဇာနည္ ၃မ်ိဳးကိုပါ ထားပါတယ္။

မည္သည့္အႏၲရာယ္ကိုမွ မေၾကာက္႐ြံတတ္သည့္ အာဇာနည္ ၄ မ်ိဳးမွာ ျခေသ့ၤ ၊ ဆင္ ၊ သိေႏၶာျမင္း ႏွင့္ ႏြားလားဥသဘာ တို႔ျဖစ္ပါတယ္။ထိုအ႐ုပ္ေလးမ်ိဳးကို အာေသာကမင္းႀကီး၏ ေကာင္းမူေတာ္မ်ားတြင္ ဘုရားဘက္သို႔မလွည့္ပဲ ဝင္လာသူမ်ားဘက္သို႔လွည့္၍ ထားေၾကာင္းသိရပါတယ္။

အေပၚက အေျဖကေတာ့ က်မ္းဂန္ကေန ထုတ္ႏႈတ္ေျဖၾကားတဲ့ ဆရာေတ္ာႀကီးရဲ႕အေျဖျဖစ္ပါတယ္။ ဒါေပမယ့္ ပုံျပင္လိုလို ရာဇဝင္လိုလိုနဲ႔ ကြၽန္ေတာ္တို႔ အမ်ားစု သိထားတဲ့အေၾကာင္းတစ္ခုလည္းရွိပါေသးတယ္။ ဒါကေတာ့ သီဟဗာဟု အေၾကာင္းပါ။

မသိေသးသူမ်ားအတြက္ သီဟဗာဟုအေၾကာင္းကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ပါတယ္။

ေရွးလြန္ေလၿပီးေသာအခါက ”သီဟို၌” ယခု ”သီရိလကၤာ” ႏႈိင္ငံ ရာဇဝင္၌ ”မဟာဝံသ” ”သီဟဗာဟု”မင္းဟူ၍ရွိခဲ့ဖူးေလသည္။ ”ဝဂၤတိုင္း”ဖြား ”ဗဂၤလာ”မင္းသမီးတစ္ေယာက္သည္ ”ျခေသၤ့”တစ္ေကာင္နဲ႔ရကာ ေတာတြင္းလႈိင္ဂႈတစ္ဂႈ၌ ေနေလသည္။

”ျခေသၤ့”ကိုအေၾကာင္းျပဳ၍ သားေလးတစ္ေယာက္ သမီးေလးတစ္ေယာက္ ထြန္းကားေလသည္။ ”

ျခေသၤ့”ႀကီးသည္ အစာရွာထြက္ခ်ိန္၌ ဂႈေပါက္ဝ၌ ေက်ာ္တုံးႀကီးတစ္တုံး ပိက္ထားခဲ့၏။ ”သီဟဗာဟု”(၁၆ )ႏွစ္သားအ႐ႊယ္ေရာက္ေသာအခါတြင္ကား ”ျခေသၤ့”ႀကီးနဲ႔မေနလိုသျဖင့္ ”အေမ”နဲ႔ႏွမကိုေခၚကာ ေက်ာက္တုံးႀကီးကိုဖြင့္ၿပီး ထြက္ေျပးၾကေလ၏။

”ျခေသၤ့”ႀကီးသည္ သားမယားေပ်ာက္သြားသျဖင့္ ေတာေတာင္အႏွံ႔ လိုက္လံရွာေဖြရင္း ”မ” စိတ္မြန္ကာ ေတာစြန္အုံးဖ်ားေက်း႐ႊာမ်ားကိုပင္ ဖ်က္ဆီးပစ္ေလသည္။

ထိုအခါဘုရင္က ”ျခေသၤ့”ကို ႏွိင့္ႏွင္းႏိုင္မည့္သူအား ေမာင္းေၾကးႏွင္းခပ္၍ ရွာေဖြေစရာ ”သီဟဗာဟု”ကတာဝန္ယူလိုက္ေလသည္။ ”သီဟဗာဟု”သည္ ေလးနဲ႔ျမားကိုယူကာ ဖခင္ ”ျခေသၤ့”ႀကီးကိုသတ္ရန္ ထြက္ခဲ့ေလသည္။

ေတာစပ္တစ္ခုအေရာက္တြင္ ဖခင္”ျခေသ့ၤ”ႀကီးနဲ႔ ရင္ဆိုင္ေတြ႕ၾကေလသည္။”ျခေသၤ့”ႀကီးကား မိဘ၏ ”ေမတၱာ”ဓာတ္ေၾကာင့္ သားကိုျမင္ျမင္ျခင္း ေအးခ်မ္းသြား၏။

သားကိုခ်စ္ေသာ ”ေမတၱာ”ဓာတ္တို႔က ”ျခေသၤ့”ႀကီးတစ္ကိုယ္လုံးတြင္ ျပန႔္ႏွံ႔လွ်က္ရွိေလ၏။

ဤသည္ကား ”ဘာဝနာ” အဆင့္သို႔ေရာက္ေသာ ”ေမတၱာ”ဓာတ္မဟုတ္ေသးေခ် ”ေဂဟႆိတေပမ”ေခၚအိမ္တြင္းမိသားစုျခင္းထားေသာ ”ေမတၱာ”အဆင့္သာရွိေသး၏။ ထို”ေမတၱာ”၏စြမ္းရည္သည္ပင္ႀကီးမားလွ၏။

အဘယ္ေၾကာင့္ဆိုေသာ္”သီဟဗာဟု”ပစ္လိုက္ေသာျမားတံတို႔သည္။”ျခေသၤ့”ႀကီးဆီသို႔မေရာက္ပဲ ”သီဟဗာဟု”ေျခရင္း၌သာသုံးႀကိမ္တိုင္တိုင္ပင္ ျပန္ၾက၏။

သုံးႀကိမ္တိုင္တိုင္ ျပစ္ၿပီးေသာအခါတြင္ကား ”ျခေသၤ့”ႀကီးသည္ ”ေဒါသ”ျဖစ္သြား၏။

”ေဒါသ”ျဖစ္သြားသည္နဲ႔ ”ေမတၱာ”ဓာတ္တည္းဟူေသာ အႏၲရယ္ကိုကာကြယ္သည့္ ခ်ပ္ဝတ္တန္ဆာသည္ ျပဳတ္ၾကသြားေလ၏။

”ေဒါသ”ျဖစ္ၿပီး”ျခေသၤ့”ႀကီးကဟိန္းလိုက္ခ်ိန္မွာပင္ ”စတုတၳ”အႀကိမ္ေျမာက္ျပစ္လိုက္ေသာ ”သီဟဗာဟု”၏ျမားတံသည္ ”ျခေသၤ့”ႀကီး၏ ငယ္ထိပ္သို႔စူးဝင္ကာ ထိုေနရာမွာပင္ေသသြားေလ၏။ဘုရင္သည္အားရႏွစ္သက္ေတာ္မႈသျဖင့္ ”သီဟဗာဟု”ကို အိမ္ေရွ႕စံေပးေလသည္။

သီဟဗာဟု မင္းျဖစ္ေသာအခါတြင္ ေခါင္းကိုက္သည့္ ”ေရာဂါ”မၾကာခဏျဖစ္သျဖင့္ ”ပညာ”ရွိတို႔အားေမးျမန္းၾကည့္ၾကေသာအခါ ဖခင္ကိုသတ္ခဲ့ေသာ အကုသိုလ္ကံေၾကာင့္ျဖစ္သည္။

ထိုအျပစ္တို႔ေျပေပ်ာက္ေစရန္ ”ျခေသၤ့”႐ုပ္ထုဆစ္ၿပီးကန္ေတာ့ရမည္ဟု ဆိုၾကေလသည္။ထိုေၾကာင့္”ေစတီ”တစ္ဆူတည္ကာ ”ျခေသၤ့”႐ုပ္ပါထုဆစ္ၿပီးကန္ေတာ့ၾကေလ၏။

ထိုအျဖစ္မွအစတည္ကာ ”ဘုရား”တည္ေသာအခါ ”ျခေသၤ့”႐ုပ္ပါေသာအေလ့အထျဖစ္လာခဲ့ၾကသည္ဟုဆိုၾကေလသည္။

က်မ္းကိုး :ျမန္မာ့သမိုင္းဝင္ သမိုင္းတင္ခဲ့ေသာျဖစ္ရပ္မ်ား – နႏၵာမိုးၾကယ္ဘာသာေရး ျပသနာမ်ား – ဘဒၵႏၲ တိေလာကသာရ ”ျမန္မာ”တို႔ရဲ႕အသက္”

Leave a Reply

Your email address will not be published. Required fields are marked *