ကြားသိရသမျှ

နွားလေးက ဆရာတော်ကို ဦးတိုက်ခြင်း ဖြစ်စဉ်ရဲ့ လူမသိသေးတဲ့ နောက်ကွယ်က အကြောင်းအရာများ

နွားဦးတိုက်ဆရာတော်ဆိုပြီး နယ်လှည့်တရားဟော နေတာမြင်တော့ အဲ့ဒီနွားကိုသနားမိတာပဲ ဒူးလေးထောက်ပြီး ဘယ်လောက်ညောင်းနေလောက်မလဲလို့ ။

နွားတစ်ကောင် ဒူးထောက်ဖို့ လပိုင်းပဲ သင်ရပါတယ် ဘယ်လိုသင်ရသလဲ၊ တရားပွဲမှာနွားဦးတိုက်ပြဖို့ နွားခြေကြွခက သုံးသိန်းပေးရသေးတယ်။ ရိုးမထဲမှာ သစ်ဆွဲတဲ့အခါ သစ်လုံးရဲ့နဖားကို သံကြိုးချိတ်ဖို့ နွားတွေကိုဒူးထောက်ခိုင်းရပါတယ်။

အဲ့လိုထောက်တတ်ဖို့ ခိုင်းစအရွယ်ထဲက နွားလက်ရဲ့အဆစ်တွေကို တူနဲ့ ခေါက်ပေးရပါတယ်။ နွားဖျင်းရင် အဆစ်မှာပြည်တည်တဲ့အထိ ခေါက်ပေးရပါတယ်။ နာလွန်းလို့ နွားဟာ “ထောက်စမ်း”လို့ အော်လိုက်တာနဲ့ သခင်က မထမခိုင်းမခြင်း မထရဲတော့ဘူး။

သူများနိုင်ငံတွေမှာ ကျားတွေ ဆင်တွေ ခြင်္သေ့ တွေကိုတောင် ဒူးထောက်ခိုင်း ရှိခိုးခိုင်းပြီးပြနေတာတွေ နည်းတာမှမဟုတ်တာ။ ခေါင်းဆိုတာ ဘယ်သူဘာပြောပြောယုံပြီးညိမ့်နေရင် ပုတ်သင်ညိုခေါင်း၊ တိရိစ္ဆာန်ခေါင်းပဲဖြစ်မှာပေါ့။ ဂျင်းတွေကို သိဖို့ပါ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

မှတ်ချက် (၁) – တရားပွဲမှာအသံပိုင်းဆိုင်ရာတာဝန်ယူတဲ့စက်ဆရာတယောက်ပါ။ အဲ့ဒီဆရာတော်နဲ့တရားပွဲမှာဆုံဖူးပါတယ်။ နွားဦးတိုက်တယ်ဆိုတော့ သီလသမာဓိအားကောင်းတယ်ပေါ့။

တရားပွဲရောက်တော့မှ ဘယ်ဟုတ်မလဲ ပလ္လင်ပေါ်ကဆရာတော် တရားနာပရိတ်သတ်တို့ နွားကြီးအောင်လကိုလက်ခုပ်တီးပေးလိုက်ပါအုံးပြောမှ နွားကရှေ့လက်ထောက်တာပါ အဲ့လိုလက်ခုပ်တီးခိုင်းလိုက် နွားကဒူးထောက်လိုက်နဲ့ ပလ္လင်စင်ပေါ်ရောက်တဲ့အထိနွားကိုဆွဲတင်သွားတာပါ။

နွားဦးတိုက်ဆရာတော်ကို တရားပွဲပင့်ရင် နံပါတ်၁ ကုန်ကျစရိတ် ပလ္လင်စင်ကို တောင့်တောင့်တင်းတင်းလုပ်ပေးရပါတယ်။ နံပါတ်၂ နွားသယ်တဲ့ကားဆီဖိုးပေးရပါတယ်။

နွားက ပလ္လင်စင်ပေါ်ကနေ ပြန်ဆင်းသွားရင် နွားစာဆိုပြီး တရားနာ ပရိသတ်တွေဆီက အလှူထပ်ခံပါသေးတယ်။ ကိုယ်တွေ့ပါ အပိုပြောခြင်းမရှိ၊ ထိုဆရာတော်ကိုလည်း စော်ကားခြင်း မရှိပါ။

မှတ်ချက် (၂) – နွားဦးတိုက်ဘုန်းကြီးဆိုတာကလည်း အဲ့ဒီနွားလေးတွေကြောင့်လည်း ပါလို့ အမည်ပိုရလာတာပါ။ နွားဦးတိုက်ဆိုပေမဲ့လဲ ကျောင်းထဲမှာနွားလေးတွေကိုနေဖို့ တင်းကုပ် တောင် မရှိဘူး။ ကျွန်းပင်တွေမှာပဲအမြဲလိုလို ချည်ထားတာပဲတွေ့တယ်။ အစာရေဆာလည်း ပုံမှန်မစားရဘူး ထင်ပါတယ်၊ အဲ့ကနွားလေးတွေက ပိန်နေတာ သနားသစရာ။

zawgyi

ႏြားဦးတိုက္ဆရာေတာ္ဆိုၿပီး နယ္လွည့္တရားေဟာ ေနတာျမင္ေတာ့ အဲ့ဒီႏြားကိုသနားမိတာပဲ ဒူးေလးေထာက္ၿပီး ဘယ္ေလာက္ေညာင္းေနေလာက္မလဲလို႔ ။

ႏြားတစ္ေကာင္ ဒူးေထာက္ဖို႔ လပိုင္းပဲ သင္ရပါတယ္ ဘယ္လိုသင္ရသလဲ၊ တရားပြဲမွာႏြားဦးတိုက္ျပဖို႔ ႏြားေျခႂကြခက သုံးသိန္းေပးရေသးတယ္။ ႐ိုးမထဲမွာ သစ္ဆြဲတဲ့အခါ သစ္လုံးရဲ႕နဖားကို သံႀကိဳးခ်ိတ္ဖို႔ ႏြားေတြကိုဒူးေထာက္ခိုင္းရပါတယ္။

အဲ့လိုေထာက္တတ္ဖို႔ ခိုင္းစအ႐ြယ္ထဲက ႏြားလက္ရဲ႕အဆစ္ေတြကို တူနဲ႔ ေခါက္ေပးရပါတယ္။ ႏြားဖ်င္းရင္ အဆစ္မွာျပည္တည္တဲ့အထိ ေခါက္ေပးရပါတယ္။ နာလြန္းလို႔ ႏြားဟာ “ေထာက္စမ္း”လို႔ ေအာ္လိုက္တာနဲ႔ သခင္က မထမခိုင္းမျခင္း မထရဲေတာ့ဘူး။

သူမ်ားႏိုင္ငံေတြမွာ က်ားေတြ ဆင္ေတြ ျခေသၤ့ ေတြကိုေတာင္ ဒူးေထာက္ခိုင္း ရွိခိုးခိုင္းၿပီးျပေနတာေတြ နည္းတာမွမဟုတ္တာ။ ေခါင္းဆိုတာ ဘယ္သူဘာေျပာေျပာယုံၿပီးညိမ့္ေနရင္ ပုတ္သင္ညိဳေခါင္း၊ တိရိစာၦန္ေခါင္းပဲျဖစ္မွာေပါ့။ ဂ်င္းေတြကို သိဖို႔ပါ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

မွတ္ခ်က္ (၁) – တရားပြဲမွာအသံပိုင္းဆိုင္ရာတာဝန္ယူတဲ့စက္ဆရာတေယာက္ပါ။ အဲ့ဒီဆရာေတာ္နဲ႔တရားပြဲမွာဆုံဖူးပါတယ္။ ႏြားဦးတိုက္တယ္ဆိုေတာ့ သီလသမာဓိအားေကာင္းတယ္ေပါ့။

တရားပြဲေရာက္ေတာ့မွ ဘယ္ဟုတ္မလဲ ပလႅင္ေပၚကဆရာေတာ္ တရားနာပရိတ္သတ္တို႔ ႏြားႀကီးေအာင္လကိုလက္ခုပ္တီးေပးလိုက္ပါအုံးေျပာမွ ႏြားကေရွ႕လက္ေထာက္တာပါ အဲ့လိုလက္ခုပ္တီးခိုင္းလိုက္ ႏြားကဒူးေထာက္လိုက္နဲ႔ ပလႅင္စင္ေပၚေရာက္တဲ့အထိႏြားကိုဆြဲတင္သြားတာပါ။

ႏြားဦးတိုက္ဆရာေတာ္ကို တရားပြဲပင့္ရင္ နံပါတ္၁ ကုန္က်စရိတ္ ပလႅင္စင္ကို ေတာင့္ေတာင့္တင္းတင္းလုပ္ေပးရပါတယ္။ နံပါတ္၂ ႏြားသယ္တဲ့ကားဆီဖိုးေပးရပါတယ္။

ႏြားက ပလႅင္စင္ေပၚကေန ျပန္ဆင္းသြားရင္ ႏြားစာဆိုၿပီး တရားနာ ပရိသတ္ေတြဆီက အလႉထပ္ခံပါေသးတယ္။ ကိုယ္ေတြ႕ပါ အပိုေျပာျခင္းမရွိ၊ ထိုဆရာေတာ္ကိုလည္း ေစာ္ကားျခင္း မရွိပါ။

မွတ္ခ်က္ (၂) – ႏြားဦးတိုက္ဘုန္းႀကီးဆိုတာကလည္း အဲ့ဒီႏြားေလးေတြေၾကာင့္လည္း ပါလို႔ အမည္ပိုရလာတာပါ။ ႏြားဦးတိုက္ဆိုေပမဲ့လဲ ေက်ာင္းထဲမွာႏြားေလးေတြကိုေနဖို႔ တင္းကုပ္ ေတာင္ မရွိဘူး။ ကြၽန္းပင္ေတြမွာပဲအၿမဲလိုလို ခ်ည္ထားတာပဲေတြ႕တယ္။ အစာေရဆာလည္း ပုံမွန္မစားရဘူး ထင္ပါတယ္၊ အဲ့ကႏြားေလးေတြက ပိန္ေနတာ သနားသစရာ။

Leave a Reply

Your email address will not be published. Required fields are marked *