တအိမ်လုံးမေ-သလို့ပါ။ ကျနော့အိမ်မှာအလုပ်လုပ်တဲ့စားဖိုမပါ။ အလုပ်လုပ်တာ ဆယ်ရက်ကျော်ကျော်ပေါ့။ အိမ်က ဖုန်းတွေပျောက်တယေ။ ပိုက်ဆံပျောက်တယ် (အဲ့ကလေးမလေးလို့ တအိမ်လုံးမထင်ခဲ့ဘူး) နောက်တော့ စီစီတီဗီ တပ်လိုက်တာပေါ့။ တအိမ်လုံးတပ်ပြီး စားဖိုချောင်တခုပဲ ချန်ထားလိုက်တယ်။ ကိုယ့်အိမ်က ကလေးတွေတော့ မလုပ်လောက်ပါဘူးပေါ့။
အဲဒီနေ့ ကတော့ကျနော့ကိုမေးတယ် (အကိုကြီးခ စီစီတီဗီက မီးဖိုထဲတော့ မမြင်ရဘူးပေါ့ မေးလို့ ကျနော်က အေးလေ ငါတို့ မီးဖိုချောင်တော့ မလိုပါဘူးပေါ့)။ နောက်ရက် ကျနော်ခရီးသွားတယ်။ အိမ်က လူတွေ အကုန်လုံး အစာအဆိပ်သင့်လို့တဲ့။
အမေရယ် အဖေရယ် အလုပ်သမားကောင်လေး ၂ ယောက်ရယ် တနေကုန်အန်၊ ဖျားပြီး ရင်ဘတ်အောင့်တဲ့သူအောင့်ပေါ့။ ဒါနဲ့ ဆေးရုံသွား၊ ပုဂ္ဂလိက က လက်မခံတော့ ဆေးရုံကြီး ပြေးကြရတယ်။ အမေ နဲ့အားလုံး လိုအပ်တဲ့ ဆေးဝါးကုသမှုခံရတယ်။
အဖေက အိမ်ခဏပြန် အမှိုက်အိတ်တွေ စစ်ဆေးတော့ ကြွက်သ-တ်ဆေးမှုန့်ထုပ်တွေ တွေ့တယ်တဲ့ဗျာ။ ကောင်မလေးကို စခန်းမှာ စစ်တော့ အကုန်ဝန်ခံတယ်။ သူလုပ်တာတဲ့ဗျာ။ အားလုံးကို သေကြောင်းကြံတာပေါ့။
ဖုန်းခိုးပြီး ငွေတွေသုံးရတော့ စီစီတီဗီလဲတပ်ရော ငွေရပေါက်ပိတ်လို့ လုပ်ကြံပြီး ပိုက်ဆံတွေ ယူမယ်ပေါ့။ အကြံကြီးတာဗျာ။ ထင်မထင်ထားဘူး။ ကလေးတယောက်ကတော့ နှာခေါင်းပိုက်သွင်းပြီး အစာအိမ်ရှင်းနေရတုန်း ခုထိ။
အမေက ၂ ရက် ဆက်တိုက် ဆေးပိုက်တွေတန်းလန်းနဲ့ အဖေက ခုထိဆေးရုံ၊ ကလေးတယောက်က အနည်းငယ် သက်သာပါပြီ။ ကောင်မလေးက အသက် ၁၅ နှစ်ပါ။ ကျနော်တို့ မိသားစုအိမ်မှာ လုပ်ချင်လို့ ဆိုပြီး လာပြောလို့ လက်ခံပေးခဲ့မိတာ၊ ခုတော့ ခြေနှစ်ချောင်း မကယ်ကောင်းတာ သိခဲ့ရပြီ။
အိမ်ဖော်ဆို နောက်မခေါ်ရဲတော့ပါဘူးဗျာ။ အိမ်က ခွေးတွေလဲအစာအဆိပ်သင့်ပြီး အကုန်သေကုန်ပြီ။ သားသားနဲ့ ဂူးငယ်မရှိတာ အရမ်းကံကောင်းခဲ့တာပါ။ ကလေးတွေသာဆို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။ အိမ်ဖော် ခေါ်ရင် သတိထားကြစေချင်လို့ပါဗျာ။ ဇော်မင်းဦး (မူရင်းရေးသာသူအား လေးစားမှုဖြင့် – bkr)
zawgyi
တအိမ္လုံးမေ-သလို႔ပါ။ က်ေနာ့အိမ္မွာအလုပ္လုပ္တဲ့စားဖိုမပါ။ အလုပ္လုပ္တာ ဆယ္ရက္ေက်ာ္ေက်ာ္ေပါ့။ အိမ္က ဖုန္းေတြေပ်ာက္တေယ။ ပိုက္ဆံေပ်ာက္တယ္ (အဲ့ကေလးမေလးလို႔ တအိမ္လုံးမထင္ခဲ့ဘူး) ေနာက္ေတာ့ စီစီတီဗီ တပ္လိုက္တာေပါ့။ တအိမ္လုံးတပ္ၿပီး စားဖိုေခ်ာင္တခုပဲ ခ်န္ထားလိုက္တယ္။ ကိုယ့္အိမ္က ကေလးေတြေတာ့ မလုပ္ေလာက္ပါဘူးေပါ့။
အဲဒီေန႔ ကေတာ့က်ေနာ့ကိုေမးတယ္ (အကိုႀကီးခ စီစီတီဗီက မီးဖိုထဲေတာ့ မျမင္ရဘူးေပါ့ ေမးလို႔ က်ေနာ္က ေအးေလ ငါတို႔ မီးဖိုေခ်ာင္ေတာ့ မလိုပါဘူးေပါ့)။ ေနာက္ရက္ က်ေနာ္ခရီးသြားတယ္။ အိမ္က လူေတြ အကုန္လုံး အစာအဆိပ္သင့္လို႔တဲ့။
အေမရယ္ အေဖရယ္ အလုပ္သမားေကာင္ေလး ၂ ေယာက္ရယ္ တေနကုန္အန္၊ ဖ်ားၿပီး ရင္ဘတ္ေအာင့္တဲ့သူေအာင့္ေပါ့။ ဒါနဲ႔ ေဆး႐ုံသြား၊ ပုဂၢလိက က လက္မခံေတာ့ ေဆး႐ုံႀကီး ေျပးၾကရတယ္။ အေမ နဲ႔အားလုံး လိုအပ္တဲ့ ေဆးဝါးကုသမႈခံရတယ္။
အေဖက အိမ္ခဏျပန္ အမႈိက္အိတ္ေတြ စစ္ေဆးေတာ့ ႂကြက္သ-တ္ေဆးမႈန္႔ထုပ္ေတြ ေတြ႕တယ္တဲ့ဗ်ာ။ ေကာင္မေလးကို စခန္းမွာ စစ္ေတာ့ အကုန္ဝန္ခံတယ္။ သူလုပ္တာတဲ့ဗ်ာ။ အားလုံးကို ေသေၾကာင္းႀကံတာေပါ့။
ဖုန္းခိုးၿပီး ေငြေတြသုံးရေတာ့ စီစီတီဗီလဲတပ္ေရာ ေငြရေပါက္ပိတ္လို႔ လုပ္ႀကံၿပီး ပိုက္ဆံေတြ ယူမယ္ေပါ့။ အႀကံႀကီးတာဗ်ာ။ ထင္မထင္ထားဘူး။ ကေလးတေယာက္ကေတာ့ ႏွာေခါင္းပိုက္သြင္းၿပီး အစာအိမ္ရွင္းေနရတုန္း ခုထိ။
အေမက ၂ ရက္ ဆက္တိုက္ ေဆးပိုက္ေတြတန္းလန္းနဲ႔ အေဖက ခုထိေဆး႐ုံ၊ ကေလးတေယာက္က အနည္းငယ္ သက္သာပါၿပီ။ ေကာင္မေလးက အသက္ ၁၅ ႏွစ္ပါ။ က်ေနာ္တို႔ မိသားစုအိမ္မွာ လုပ္ခ်င္လို႔ ဆိုၿပီး လာေျပာလို႔ လက္ခံေပးခဲ့မိတာ၊ ခုေတာ့ ေျခႏွစ္ေခ်ာင္း မကယ္ေကာင္းတာ သိခဲ့ရၿပီ။
အိမ္ေဖာ္ဆို ေနာက္မေခၚရဲေတာ့ပါဘူးဗ်ာ။ အိမ္က ေခြးေတြလဲအစာအဆိပ္သင့္ၿပီး အကုန္ေသကုန္ၿပီ။ သားသားနဲ႔ ဂူးငယ္မရွိတာ အရမ္းကံေကာင္းခဲ့တာပါ။ ကေလးေတြသာဆို ခံႏိုင္ရည္ ရွိမွာမဟုတ္ဘူး။ အိမ္ေဖာ္ ေခၚရင္ သတိထားၾကေစခ်င္လို႔ပါဗ်ာ။ ေဇာ္မင္းဦး (မူရင္းေရးသာသူအား ေလးစားမႈျဖင့္ – bkr)