တခါကကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျာရာထူးအတွက် လူတွေ့စစ်ဆေးပွဲကို ကျင်းပပြုလုပ်နေသည်၊၊
လူငယ်လေးတစ်ယောက်ကို ဒါရိုက်တာအဖွဲ့က နောက်ဆုံးအဆင့်အနေဖြင့် အင်တာဗျူးရန် ခေါ်တွေ့သည် ၊၊
ဒါရိုက်တာတစ်ဦးက လူငယ်လေး၏ စီဗွီဖောင်အားဖတ်လိုက်ပြီး သဘောကျသွားသည်
ထိုလူငယ်လေး၏ ပညာအရည်အချင်းနဲ့ ကြိုးစားအားထုတ်ခဲ့မှုများမှာ ဘာမှအပြစ်ပြောစရာမရှိ
အလယ်တန်းအဆင့်မှသည် ဘွဲ့ရပြီးသည့်တိုင် သူ၏ပညာအရည်အချင်းက ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်၊၊
ဒါရိုက်တာကြီးတစ်ဦးက ဒါနဲ့မောင်ရင်က ပညာတော်တော့ ပညာသင်ဆုတွေဘာတွေများ ရခဲ့ဖူးလား
ထောက်ပံ့ကြေးတွေ ဘာတွေရခဲ့ဖူးလား မင်းတင်ပြထားတဲ့အချက်တွေထဲမှာ အဲဒါတွေ မပါလို့
ကျနော်ထောက်ပံ့ကြေးတွေ တစ်ခါမှမရခဲ့ဖူးပါဘူးခင်ဗျာ ဒါဆိုမင်းအဖေက ချမ်းသာလို့လား ဒီမှာတော့အလုပ်သမားလို့ပဲတွေ့တယ်၊၊
သူကဘာလုပ်လဲ ဘွဲ့ရပြီးတဲ့အထိ သူကပဲ မင်းကို ထောက်ပံ့ခဲ့တာပေါ့ ဟုတ်ပါတယ်ဗျ အမေဆုံးသွားပြီးကတည်းက အဖေကပဲ ထောက်ပံ့ပြီး ကျောင်းထားခဲ့တာပါ
မင်းအဖေကဘာလုပ်သလဲ ပန်းရံဆရာတစ်ယောက်ပါ ထိုစဉ်ဒါရိုက်တာ တစ်ဦးက ဒီရှေ့ကိုခဏလောက်လာပါအုံး ဟုပြောလိုက်သည်၊၊
လူငယ်လေးက ဒါရိုက်တာအဖွဲ့ထံ သွားလိုက်သည် မင်းလက်ကို ခဏလောက်ပြစမ်းပါကွာ လူငယ်လေးက သူ့လက်တွေကိုဖြန့်ပြလိုက်သည်၊၊
ဟုတ်ပြီသွားပြန်ထိုင်တော့ သူပြန်ထိုင်ပြီးချိန်တွင် ဒါရိုက်တာတစ်ဦးက မင်းအဖေအလုပ်က ပြန်လာတဲ့အခါမှာ သူ့လက်တွေကို ကိုင်ကြည့်ဖူးသလား
ဟင့်အင်းမကိုင်ကြည့်ဖူးပါဘူး ဒါဆိုသူ့လက်တွေကိုရော ဆေးပေးဖူးသလား မဆေးပေးဖူးပါဘူး
အေးမင်းကငါတို့ကြိုက်တဲ့ အရည်အချင်းတွေနဲ့အားလုံး ပြည့်စုံတဲ့သူပါ ဒါပေမဲ့ တစ်ခုပဲလိုတော့တယ်၊၊ အဲဒါဘာလဲ ဆိုတော့ မင်းဘက်ကတစ်ခုလုပ်ပေးဖို့ပဲ
ဟုတ်ကဲ့ဘာများ လုပ်ပေးရမလဲခင်ဗျာ ဒီကနေအိမ်ပြန်ရောက်ပြီးညစာစားရင် မင်းအဖေရဲ့လက်တွေကို ဆေးပေးပါရစေ လို့တောင်းဆိုပြီး ဆေးပေးပါလား၊
အေးဆေးပေးပြီးရင် ပြီးပါပြီ။ မနက်ဖြန်ဒီကိုပြန်လာပြီး မင်းအတွေ့အကြုံလေး ပြောပြပေါ့ဟုတ်ပီလား
ဟုတ်ကဲ့ သို့ဖြင့်ကောင်လေးက အိမ်ပြန်ရောက်သည့်အခါတွင် ထမင်း၊ ဟင်းများချက်ပြီး သူ့အဖေပြန်အလာကို စောင့်နေသည်၊၊
ဖခင်ကအလုပ်မှပြန်လာပြီး ဦးထုပ်ကိုချွတ်ကာ ချိတ်လိုက်သည်၊၊
အဖေ အေးဘာလဲသားအလုပ်ခန့်ပြီလား အဆင်ပြေခဲ့ရဲ့လား ဒီကိုခဏလောက်လာပါအုံးအဖေ ဘာလုပ်မလို့လဲကွ
ဒီခုံမှာခဏလောက် ထိုင်ပေးပါလား ဘာများလဲကွာ အဖေ့ရဲ့လက်တွေသားကိုပြပါလား ဘာလုပ်မလို့လဲ ပြပါအဖေရယ်
အဖေဖြစ်သူက သူ့လက်တွေကိုပေးလိုက်သည်။ သားဖြစ်သူက လက်တွေကို ဆွဲယူကာကြည့်လိုက်သည်၊၊
လက်ဝါးပြင်ကြီးတွေမှာ ကျွဲပခုံးထသလို အဖုအထစ်တွေနှင့်ဖြစ်နေသည်။ သူကသူ့လက်ဖြူဖြူနုနုလေးနှင့် ပွတ်ကြည့်မိသည်၊၊
ကော်ပတ်ကြမ်းကြီးကို လက်နှင့်ပွတ်သလိုခံစားနေရသည်။ သူ့မျက်ရည်တွေ တစ်ပေါက်ပေါက်ကျလာသည်..၊၊
ဘာဖြစ်တာလဲသား အလုပ်ကသားကို အဖေ့လက်ကို ကိုင်ကြည့်ဖူးသလားတဲ့ ပြီးတော့အဖေ့လက်တွေကို ဆေးပေး ဖူးသလားတဲ့ ”ဘ“ ဘာလုပ်မလို့လဲ
သူတို့ဘာလုပ်လုပ်ပါ အဖေရယ် သားတစ်သက်လုံး အဖေ့လက်တွေကို သတိမထားမိတာ နောင်တရလိုက်တာ၊
ဘာဖြစ်လို့ အဖေ့လက်လေးတစ်ချက်တောင် ကိုင်ကြည့်ဖို့စိတ်မကူးမိတာလဲ ဘာဖြစ်လို့အဖေ့ လက်လေးတွေကိုဆေးပေးဖို့ စိတ်ကူးထဲမဖြစ်ခဲ့တာလဲ
မလိုမှမလိုတာသားရယ် အဖေကကိုယ့်လက်ကို ကိုယ်ဆေးနိုင်တာပဲ ဒီလက်တွေကအကောင်းကြီးပဲ ။ ဒီလက်တွေနဲ့ အဖေ အလုပ်တွေ အများကြီးလုပ်နိုင်တာပဲ
သားကအဆင့်ပြင်ထားသည့် ရေဇလုံထဲတွင် အဖေ့လက်ကလေးကို နှစ်ခိုင်းလိုက်ပြီး ဆပ်ပြာနှင့်ပွတ်ကာ ဆေးပေးလိုက်သည်။ ထို့နောက် မျက်နှာသုတ်ပဝါနှင့် ပွတ်ပေးကာ
အဖေရယ်အဖေအများကြီးပင်ပန်းခဲ့မှာပဲ ဒါများ အထူးအဆန်းလုပ်လို့သားရယ် သားကပညာတတ်ကြီးဖြစ်ပြီး ခုဆို အလုပ်နဲ့အကိုင်နဲ့ဖြစ်တော့မှာပဲ အဖေဖြစ်စေချင်တာ အဲဒါပဲကွ အဲဒီလိုဖြစ်အောင် အဖေလုပ်နေတာလေ
“ အဖေရယ် ”သူက အဖေ့လက်လေးကို ကိုင်ပြီးငိုနေမိသည်၊၊
ဟေ့ကောင် ယောက်ျား ဆိုတာ ဘယ်သူ့ကိုမှ မျက်ရည် မကျပြနဲ့ကွ မင်းပျော့ညံ့တာ လူသိသွားလိမ့်မယ်
“ အဖေ့ရှေ့မှာ ငိုတာပါ”
“ အဖေ့ရှေ့မှာ မင်းကပိုတောင် မငိုသင့်သေးတယ် မင်းက လိမ္မာ ကြိုးလည်း ကြိုးစားလို့ ဒီလို ဖြစ်ခဲ့တာ မဟုတ်လား ”
“ အဖေသာ မထောက်ပံ့ခဲ့ရင် ဒီလိုအခြေအနေ ရောက်မှာ မဟုတ်ပါဘူးအဖေရာ”
“ အေးလေ ရောက်ပြီဆို ရှေ့ဆက်ကွာ တွေဝေမနေနဲ့ ထလိုက် အဖေထမင်းဆာနေပြီ”
နောက်တစ်နေ့တွင် လူငယ်လေးက ကုမ္ပဏီကို ပြန်ရောက်လာသည်။ ယနေ့တော့ ဒါရိုက်တာကြီး တစ်ဦးကိုသာ သူ တွေ့ဆုံရသည်။
“ မနေ့က အိမ်ပြန်ရောက်တော့ မင်းအဖေလက်ကို ဆေးပေးခဲ့သလား ”
“ ဟုတ်ကဲ့ ”
“ မင်းစိတ်ထဲမှာ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာ ပြောပြစမ်းကွာ ”
“ ကျွန်တော့် စိတ်ထဲမှာ ဖြစ်ခဲ့တာတွေလား ”
“ အေးလေ ”
နံပါတ် ၁။ ကျွန်တော်ခုမှ အဖေ့တန်ဖိုးကို ပိုသိသွားတယ်လို့ ထင်ပါတယ်။ အဖေသာ မရှိခဲ့ရင် ဒီနေ့ ကျွန်တော် ဒီနေရာမှာ ရပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး၊
နံပါတ် ၂။ တစ်ညလုံး တွေးမိတာက အဖေဘာကြောင့် ကျွန်တော့်အတွက်ပဲ လုပ်ခဲ့ပြီး သူ့အတွက် ဘာတစ်ခုမှ မလုပ်ခဲ့သလဲဆိုတာပဲ၊
နံပါတ် ၃။မိသားစုဆိုတာ ဘယ်လို သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ထားတယ် ဆိုတာ ကျွန်တော် ခုမှ ပိုပြီး နားလည် ခဲ့ရပါတယ်၊၊
ဒါရိုက်တာကြီးက သူ့ကို ပြုံးပြီးကြည့်နေလိုက်သည်။ ထို့နောက် “ ငါတို့ ရှာနေတဲ့ မန်နေဂျာဆိုတာ အဲဒီလို အသိအမြင် အတွေးရှိသူမျိုးပဲကွ ” ဟု ပြောလိုက်သည်၊၊
ထို့နောက် ဆက်ပြောသည်မှာ “ ပညာတွေ အများကြီး တတ်ထားရုံနဲ့ မပြီးဘူးကွ သူတစ်ပါးအပေါ် နားလည်ခံစားတတ်တဲ့ လူမျိုးတွေလည်း လိုအပ်တယ်၊၊
ကိုယ့်မိသားစုထဲမှာ ကိုယ့်မိဘအပေါ်တောင် နားမလည်နိုင်တဲ့ လူတစ်ယောက်ဟာ အဖွဲ့အစည်း တစ်ခုမှာ မိဘတစ်ယောက်လို ပြန်ပြီးတော့ အုပ်ချုပ်နိုင်ဖို့ ဆိုတာ မလွယ်ဘူး၊၊
ငါတို့က ရင့်ကျက်တဲ့ စိတ်ထား ရှိသူတွေကိုပဲ လိုတယ်။ ပညာတတ်ပြီး နို့နံ့မပျောက်သေးတဲ့ နို့သက်ခံစို့နေသူတွေကို မလိုချင်ဘူး၊၊
ကိုယ့် အဖေရဲ့ ဘဝတစ်ခုကို ပြန်ပြီးခံစားနိုင်ရဲ့လား ဆိုတာကို မင်းကို စစ်ဆေးလိုက်တာ အောင်မြင်ပါတယ်၊၊
မင်းကို ငါတို့ ကုမ္ပဏီက ကြိုဆိုပါတယ် ”
( My Father is a Mason ကို မြန်မာမှုပြုပါသည်။ )