ကြားသိရသမျှ

တိုင်းပြည် အခုလိုဖြစ်နေတာ ၂၀၂၀ ရွေးကောက်ပွဲကြောင့်ဆိုပြီး စစ်ကောင်စီဥက္ကဌပြော

တိုင်းပြည် အခုလိုဖြစ်နေတာ ၂၀၂၀ ရွေးကောက်ပွဲကြောင့်ဆိုပြီး စစ်ကောင်စီဥက္ကဌပြော

ဩဂုတ် ၉

တိုင်းပြည် အခုလိုဖြစ်နေတာ ၂၀၂၀ ရွေးကောက်ပွဲကြောင့်ဆိုပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယင်းက “ အဓိကအားဖြင့် မိမိတို့တာဝန်ယူခဲ့ရခြင်းမှာ ရွေးကောက်ပွဲရလဒ်အရ ဖြစ်ပေါ် လာသည့်နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့မည်ဆိုပါက ယခုကဲ့သို့သောအခြေအနေသို့ ရောက်ရှိခဲ့မည် မဟုတ်ဘူး” ဆိုပြီး ဩဂုတ် ၈ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှာ ပြောတာပါ။

ရွေးကောက်ပွဲပြင်ဆင်ချိန်ကာလအတွင်း နိုင်ငံရေးပါတီများ၏ မေတ္တာရပ်ခံချက်အရ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများရှိခဲ့ပြီး ပါတီခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုတွင် အာဏာရပါတီမှ မမှန်မကန်ဆောင်ရွက်နေမှုများကို တင်ပြခဲ့ တာတွေ လည်းရှိတယ်ဆိုပြီး ထပ်ပြောပါတယ်။

ယင်းကြောင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များကို တိုက်ရိုက်နှင့်သွယ်ဝိုက်၍ ပြောဆိုခဲ့မှုများရှိခဲ့ ပြီးလွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို မကြာခဏပြော ကြားခဲ့သော်လည်း ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် အခြား ပါတီများအပေါ် ကန့်သတ်မှုများ ပိုမိုများပြားလာခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ချိန်တွင်လည်း ကွဲလွဲမှုများ များပြားစွာဖြစ်ပေါ်ခဲ့တယ်ဆိုပြီး ပြောပါတယ်။

မဲစာရင်းများ ပြန်လည်စိစစ်ချိန်တွင်လည်း မဲစာရင်းများ လွဲမှားနေသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို မဲစာရင်းများပြန်လည် ရှင်းလင်းပြီးမှ လွှတ်တော် ခေါ်ယူရန်အတွက် မိမိကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်များရှိသကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်လည်း ပြောကြားခဲ့သော်လည်း လွှတ်တော် ခေါ်ယူခဲ့ခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်တယ်ဆိုပြီး ယင်းက ပြောပါတယ်။

source-MyanmaPlatform

တိုင္းျပည္ အခုလိုျဖစ္ေနတာ ၂၀၂၀ ေ႐ြးေကာက္ပြဲေၾကာင့္ဆိုၿပီး စစ္ေကာင္စီဥကၠဌေျပာ

ဩဂုတ္ ၉

တိုင္းျပည္ အခုလိုျဖစ္ေနတာ ၂၀၂၀ ေ႐ြးေကာက္ပြဲေၾကာင့္ဆိုၿပီး စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာပါတယ္။

ယင္းက “ အဓိကအားျဖင့္ မိမိတို႔တာဝန္ယူခဲ့ရျခင္းမွာ ေ႐ြးေကာက္ပြဲရလဒ္အရ ျဖစ္ေပၚ လာသည့္ႏိုင္ငံေရးျပႆနာမ်ားျဖစ္ေပၚလာျခင္းေၾကာင့္ျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲသည္ လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲ၊ မွန္ကန္သည့္ ေ႐ြးေကာက္ပြဲတစ္ခုျဖစ္ခဲ့မည္ဆိုပါက ယခုကဲ့သို႔ေသာအေျခအေနသို႔ ေရာက္ရွိခဲ့မည္ မဟုတ္ဘူး” ဆိုၿပီး ဩဂုတ္ ၈ ရက္ေန႔က စစ္ေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမမွာ ျပဳလုပ္တဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားႏွင့္ စပ္လ်ဥ္းသည့္ ညႇိႏႈိင္းအစည္းအေဝးမွာ ေျပာတာပါ။

ေ႐ြးေကာက္ပြဲျပင္ဆင္ခ်ိန္ကာလအတြင္း ႏိုင္ငံေရးပါတီမ်ား၏ ေမတၱာရပ္ခံခ်က္အရ ပါတီ ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံမႈမ်ားရွိခဲ့ၿပီး ပါတီေခါင္းေဆာင္မ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲ ႀကိဳတင္ျပင္ဆင္မႈတြင္ အာဏာရပါတီမွ မမွန္မကန္ေဆာင္႐ြက္ေနမႈမ်ားကို တင္ျပခဲ့ တာေတြ လည္းရွိတယ္ဆိုၿပီး ထပ္ေျပာပါတယ္။

ယင္းေၾကာင့္ သက္ဆိုင္သည့္ပုဂၢိဳလ္မ်ားကို တိုက္႐ိုက္ႏွင့္သြယ္ဝိုက္၍ ေျပာဆိုခဲ့မႈမ်ားရွိခဲ့ ၿပီးလြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရးႏွင့္ ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အဓိကက်သည့္ လုပ္ငန္းစဥ္တစ္ခုျဖစ္သည္ကို မၾကာခဏေျပာ ၾကားခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲ စည္း႐ုံးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခ်ိန္တြင္ အျခား ပါတီမ်ားအေပၚ ကန႔္သတ္မႈမ်ား ပိုမိုမ်ားျပားလာခဲ့ၿပီး မဲဆႏၵရွင္စာရင္းမ်ား ထုတ္ျပန္ခ်ိန္တြင္လည္း ကြဲလြဲမႈမ်ား မ်ားျပားစြာျဖစ္ေပၚခဲ့တယ္ဆိုၿပီး ေျပာပါတယ္။

မဲစာရင္းမ်ား ျပန္လည္စိစစ္ခ်ိန္တြင္လည္း မဲစာရင္းမ်ား လြဲမွားေနသည္ကိုေတြ႕ရွိရၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားကို မဲစာရင္းမ်ားျပန္လည္ ရွင္းလင္းၿပီးမွ လႊတ္ေတာ္ ေခၚယူရန္အတြက္ မိမိကိုယ္တိုင္ ေမတၱာရပ္ခံခဲ့သည္မ်ားရွိသကဲ့သို႔ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွတစ္ဆင့္လည္း ေျပာၾကားခဲ့ေသာ္လည္း လႊတ္ေတာ္ ေခၚယူခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္အား အေရးေပၚအေျခအေနေၾကညာ၍ ႏိုင္ငံေတာ္တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ရျခင္းျဖစ္တယ္ဆိုၿပီး ယင္းက ေျပာပါတယ္။

source-MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *