ကြားသိရသမျှ

စုစုစံပြောပြလာတဲ့ အယ်နီညို မြင့်တက်လာနိုင်တဲ့ ၂၀၂၃ခုနှစ်ရဲ့ လပိုင်းတွေ(အယ်နီညို လာနီညာဆိုတာဘာလဲ?)

အယ်နီညို သတိပေးချက်၂၀၂၃ သြဂုတ်လ စက်တင်ဘာလ အောက်တိုဘာလတွေမှာ အယ်နီညိုညွှန်းကိန်းမြင့်တက်သွားဖွယ်ရာရှိပါတယ်

ရင်းမြစ် #NOAA ISSUED TIME 07/02/2023 5:30PM(MMT)

မင်း ဂွတ် သီး Su Su San

?????? ???????????? & ???????? ??????? ??????????

အယ်နီညို နဲ့ လာနီညာ ရာသီဥတုတွေဆိုတာဘာလဲ

အယ်နီညိုဆိုတာဘာလဲ။

အယ်နီညို ဆိုသည်မှာ စပိန်အသံထွက် ဖြစ်ပြီး လူကလေးဟု အဓိပ္ပါယ်ရသည်။ ၁၆၆၀ ပြည်နှစ်ဆီက ပီရှုးတံငါသည်များ စတင်မှည့်

ခေါ်ခဲ့သည်ဟု ဆို၏။ ခရစ်စမတ်အနီးမှာ ရောက်ရှိလာတတ်သည့် အတွက် Christ Child ဟုလည်း တင်စားခေါ်ဝေါ်ကြသေးသည်။

အမှန်မှာ အယ်နီညိုသည် ရာသီဥတု အစွန်းရောက်ဖြစ်စဉ် တစ်ခုဖြစ်သည်။ အပူပိုင်းအရှေ့ပစိဖိတ်သမုဒ္ဒရာ က ရေတွေမှာ ပုံမှန်မဟုတ်

ဘဲ ပူနွေးလာမှုကို ဖော်ပြသည်။ အခြေအနေဖြစ်သည်။ အယ်နီညိုမရှိသော သာမန်အချိန်များမှာ အရှေ့အရပ်မှလာသော ကုန်သည်လေ

များသည် အပူပိုင်းပစိဖိတ်ကိုဖြတ်ပြီး တောင် အမေရိကနှင့်ဝေးရာ အနောက်ဖက်ဆီသို့ တိုက်ခတ်သည်။ ထိုလေများသည် အနောက်ပစိဖိတ်မှာ ပူနွေးသောပင်လယ် ရေမျက်နှာပြင်ကို စုပုံမြင့်တက်စေပါသည်။ အင်ဒိုနီးရှားကမ်းလွန်မှာ အီကွေဒေါကမ်း လွန်မှာထက် တစ်

လက်မ၊ နှစ်လက်မခန့် ပိုမြင့်နေစေသည်။ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည်လည်း အနောက်ပစိဖိတ်မှာ (၈) ဒီဂရီဆဲဆီးယပ်ခန့်ပို၍ ပူနွေးစေသည်။

တောင်အမေရိက၏ အနောက်မြောက်ကမ်းခြေမှာမူ ပူနွေးသောရေမျက်နှာပြင်ကို လေကသယ်ဆောင်သွားပြီးနောက်ပင်လယ် အနက်ပိုင်းမှ ရေအေးများ အစားထိုးရောက် ရှိလာသည်။ ထိုအာဟာရဓာတ်ြွကယ်ဝပြီး အေးမြသောရေများသည် အမျိုးမျိုးသောရေနေသက်ရှိများနှင့် သူတို့၏ပတ်ဝန်းကျင်ကို အကျိုးပြုပါသည်။

ထို့ကြောင့် ငါးဖမ်းလုပ်ငန်းကို အဆင်ပြေစေသည်။ အယ်နီညိုအတောအတွင်းမှာ ကုန်သည်လေများသည် အနောက်ပိုင်းနှင့် အလယ်ပိုင်းမှာ အားနည်းလာပြီး လမ်း ကြောင်းပြောင်းပြန် တိုက်ခတ်သည်။

ထိုလေသည် အနောက်ပစိဖိတ်က ပူနွေးသော လေများကို အရှေ့အရပ်ဖြစ်သော တောင် အမေရိကဆီသို့ အီကွေတာတစ်လျှောက် သယ်ဆောင်လာပါသည်။

ထိုအခါ တောင်အမေရိကအနီး ပင်လယ်ရေမျက်နှာပြင် ပူ နွေးလာသည်။ ရေပူများမှ စွမ်းအင်အတော်များများကို လေထုထဲသို့ ထုတ်လွှတ်ပေး ခြင်းဖြင့် မိုးလေဝသအခြေအနေကို ပြောင်းလဲစေသည်။

ပူနွေးပြီး အာဟာရချို့တဲ့သော ရေများဟာသမုဒ္ဒရာအတွင်းမှ ငါးကြီးများ၏ အစာကွင်းဆက်ပြတ်တောက်ပြီး သေ စေသည်။ ရေသတ္တဝါများက ပို၍အေးသော ရေနောက်လိုက်ရင်း
မြောက်နှင့်တောင် အရပ်များသို့ အုပ်စုလိုက်ပြောင်းရွှေ့သွားကြသောကြောင့် ဖြစ်သည်။ ပီရှုးနှင့် အီကွေဒေါတို့တွင် ငါးဖမ်းလုပ်ငန်းများမှာ အယ်နီညိုကြောင့် ထိခိုက်မှုများ ခံစားရသည်။
အယ်နီညိုကြောင့် အကျိုးသက်ရောက်မှုက ဘာတွေလဲ။

အယ်နီညိုကြောင့် မိုးလေဝသ အခြေ အနေများ ပြောင်းလဲစေသည်။ အမေရိက၏ ပစိဖိတ် ကမ်းရိုးတန်း တစ်လျှောက်မှာ အယ်နီညိုကြောင့် ပြင်းထန်သောမုန်တိုင်းတွေ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်စေသည်။ တောင်အမေရိက၏ အရှေ့မြောက်ဒေသ၊ အင်ဒိုနီး ရှားနှင့် အ
ခြားဒေသ တို့မှာ မိုးရွာသွန်းမှုကို ထိခိုက်စေပြီး ပိုမိုခြောက်သွေ့ဖို့ အလား အလာဖြစ်စေသည်။

ဩစတေးလျနှင့် အရှေ့တောင်အာရှမှာ အပူချိန်သည် ဖြစ်မြဲထက်ပိုစေသည်။ ဖိလစ်ပိုင်မှာ လယ်နီညိုကြောင့် မိုးဦးစတင်ချိန် နောက်ကျစေသည်။ မုတ် သုန်မိုးစောစော အဆုံး
သတ်သွားသည်။ မိုးသည်းသည်း မည်းမည်းနှင့် အချိန်တိုတို အတွင်း ရွာသွန်းတာမျိုး ဖြစ်တတ်သည်။

အယ်နီညိုက ဆိုးကျိုးတွေချည်းသာ ဖြစ်ပေါ်စေတာမဟုတ်ပေ။ မြောက်အတ္တလန္တိတ်မှာ ဟာရီကိန်းမုန်တိုင်းနှင့် အပူပိုင်း ဆိုင်ကလုန်းများကို လျော့နည်းသွားစေ သည်။ ကနေဒါတောင်ပိုင်းနှင့် မြောက် အမေရိကမှာ ဆောင်း၏အအေးဓာတ် ပြင်းထန်မှုကို လျော့ကျစေသည်။

ဖိလစ်ပိုင်တွင် ဆိုင်ကလုန်းဝင်ရောက်မှု လျော့နည်းသွား စေပြီး ဆိုင်ကလုန်း၏ ပြင်းအားကိုလည်း နည်းသွားစေပါသည်။အယ်နီညိုဟာ အကြာခဏ ဖြစ်ပေါ် လေ့ရှိသလား။အယ်နီညိုတွေဟာ သုံးနှင့်မှ ငါးနှစ် တိုင်းမှာတစ်ကြိမ် ဖြစ်လေ့ရှိပါသည်။ ခုနစ်နှစ်တစ်ကြိမ်၊ ကိုးနစ်တစ်ကြိမ်လည်း ရှား ရှားပါးပါး ဖြစ်လေ့ ရှိပါသည်။

ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလအတွင်း စတင်ဖြစ်ပေါ်တတ် ပြီး နောက်နှစ်၊ ပထမနှစ်တစ်ဝက်အထိ ကြာရှည်တတ်ကြောင်း သိရပါသည်။

လာနီဆိုတာဘာလဲ။

လာနီညာသည်လည်း ရာသီဥတု အစွန်းရောက်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အယ်နီညိုနှင့် ရှေ့ဆင့်နောက်ဆင့် ဝင် ရောက်လေ့ရှိသဖြင့်အယ်နီညိုနှင့် လာနီညာကို မောင်နှမဟု တင်စားပြောဆိုလေ့ရှိ သည်။

လာနီညာ၏အဓိပ္ပါယ်မှာ မိန်းကလေးဟု အဓိပ္ပါယ်ရသည်။လာနီညာက အယ်နီညို နှင့် လုံးလုံးဆန့်ကျင်တဲ့ဖြစ်စဉ် ဖြစ်သော် လည်း ဖြစ်ပွားသည့်နေရာမှာ အတူတူပင် ဖြစ်သည်။ လာနီညာကာလမှာ ပစိဖိတ် အတွင်း အရှေ့အရပ်မှလာတဲ့လေဟာ အားကောင်းလာပြီး အီကွေတာတစ်လျှောက် ဖြစ် မြဲအပူချိန်ထက် ၇ ဒီဂရီဖာရင်ဟိုက်အထိလျော့ကျနေသည်။ အနောက်ပစိဖိတ်မှာ လေဖိအားနည်းနေမည် ဖြစ်သည်။

အရှေ့ အာဖရိကမှာ မိုးခေါင်၍ အိန္ဒိယတွင် မိုး ကောင်းစွာရရှိသည်။ အနောက်မြောက်ပစိဖိတ်အနီး ဆောင်ရာသီများသည် စိုစွတ် နေပြီး မိုးကပုံမှန်ထက်ပို၍ ရွာတတ်သည်။ ယခု
နှစ် လာနီညာခန့်မှန်းချက်မှာ တောင်အမေရိကမှာ ခြောက်သွေ့မှုနွေးသော ဆောင်းရာသီများ ကြုံရနိုင်ပြီး မြောက် ပိုင်းအမေရိကတွင် စွတ်စိုပြီးပို၍အေးသော အခြေအနေများ ကြုံတွေ့ရနိုင်သည်ဟု ခန့် မှန်းထားသည်။

မြန်မာနိုင်ငံတွင် မိုးပိုမိုရွာ သွန်းခြင်း၊ မုန်တိုင်းများမကြာခဏဖြစ်ပေါ်နိုင်ခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ဇွန်လကတည်းက ခန့်မှန်းခဲ့ကြသည်။ လာနီညာက အနောက်ပိစိဖိတ်မှာ လေထုဖိအား သာမန်ထက်နိမ့်ကျမှုကို ဖော်ပြသည်။ ထိုလေထုဖိအား နိမ့်ကျတဲ့ရပ်ဝန်းမှာ မိုးရွာသွန်းမှု ပိုမိုများပြားစေပါသည်။

အရှေ့တောင်အာရှ၊ အထူးသဖြင့် အိန္ဒိယ အနောက်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေရှ်တို့ တွင် သာမန်ထက် မိုးပိုမိုရရှိစေသည်။

သည်အချက်မှာ ယေဘူယျအားဖြင့် အိန္ဒိယ ၏ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအပေါ် ကောင်းကျိုးသက်ရောက်စေပြီးအိန္ဒိယစီးပွားရေးကို အထောက်အကူပြုစေ ပါသည်။ ဖိလစ်ပိုင်တွင် လာနီညာကြောင့် မိုးပိုမိုရွာသွန်းခြင်း၊

မုန်တိုင်းများ ပိုမိုများ ပြားစေခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း ၂၀၁၆ ခုနှစ်၊ အစောပိုင်းကာလကတည်းက သက်ဆိုင်ရာဌာနမှ ပြည်သူများသို့ သတိပေးခဲ့သည်။တောင်အမေရိကမှာ လာနီညာကြောင့် ငါးလုပ်ငန်းကို အထောက်အကူပြု စေသည်။ သို့သော် ပြင်းထန်သောလာနီညာက ဩစတေးလျမြောက်ပိုင်းမှာ ဆိုးရွားသည့်ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်စေသည်။

၂၀၁၀ ပြည့်နှစ်၊ လာနီညာကြောင့် ဩစတေးလျ၊ ဆွစ်ဇာလန်တွင်သူ့သမိုင်း၌ အဆိုးရွားဆုံးသော ရေလွှမ်းမိုးမှုကို ဖြစ်ပေါ်စေခဲ့ပါ သည်။ လူ ၁၀ဝçဝဝဝ ကျော် ကပ်ဘေးမှလွတ်မြောက်ရန် ရွှေ့ပြောင်းခဲ့ရပြီး ထိခိုက် ပျက်စီးမှုတန်ဖိုးမှာ ဒေါ်လာ နှစ်ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းရသည်။

မြန်မာနိုင်ငံမြစ်ဝ ကျွန်းပေါ်ဒေသတွင် နာမည်ကျော်နာဂစ်မုန်တိုင်းမှာ လာနီညာအတောအတွင်း ကာလတွင် ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသ ပညာရှင်တစ်ဦးမှ ပြောကြားခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ သဘာဝ၏ အစွန်းရောက်ဖြစ်စဉ်များအကြောင်းကို မြန်မာတောင်သူများ သိရှိနားလည်ပြီး စိုက်ပျိုးရေးလုပ်ငန်း များတွင် ကြိုတင်အစီအစဉ်ချမှတ်ခြင်း၊ သဘာဝဘေးအန္တရာယ်မှ လွတ်ကင်းအောင်ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်နိုင် ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

– ဒေါ်ခင်သန်းမြင့်

မြန်မာတောင်သူကြီးများ ဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *