နိုင်ငံတကာသတင်း

အသက်ဆုံးရှုံးရသူပေါင်း ၆၄၀ ကျော်လာတဲ့ တူရကီရဲ့ သမိုင်းတလျောက် အကြီးမားဆုံး အားပြင်းငလျင်လှုပ်ခတ်မှု

အသက်ဆုံးရှုံးရသူပေါင်း ၆၄၀ ကျော်လာတဲ့ တူရကီရဲ့ သမိုင်းတလျောက် အကြီးမားဆုံး အားပြင်းငလျင်လှုပ်ခတ်မှု

တူရကီနှင့် ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးသူဦးရေ စုစုပေါင်း ၆၄၀ ကျော်အထိ ရှိလာတယ်လို့သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက်အစောပိုင်းက တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် အင်အား ရစ်ခ်တာ စကေး ၇ဒသမ၉ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာအဆောက်အအုံများစွာ ပြိုလဲကာ လူပေါင်းရာနှင့်ချီ အိပ်ပျော်နေစဉ် အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

တူရကီ နိုင်ငံတောင်ပိုင်းတွင် စတင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သောအဆိုပါ ငလျင်ဒဏ်ကြောင့် လူ ၂၈၄ ဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒုတိယသမ္မတ ဖူအ အော့ခ်တိုင် ကြေညာချက်အရ သိရပါတယ်။

ဆီးရီးယားနိုင်ငံတွင် အစိုးရကထိန်းချုပ်သောဒေသများတွင် ငလျင်ရိုက်ခတ်မှုဒဏ်ကြောင့် လူ ၂၄၅ ဦး ထက်မနည်းအသက်ဆုံးရှုံးခဲ့ပြီး လူ ၆၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

ဆီးရီးယားနိုင်ငံရှိသူပုန်များ ထိန်းချုပ်ထားသောဒေသများတွင်လည်း လူ ၁၄၇ ဦးထက် မနည်းအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါငလျင်သည် အရှေ့အလယ်ပိုင်းဒေသ သမိုင်းတစ်လျှောက် လှုပ်ဖူးသမျှငလျင်များထဲတွင် အကြီးမားဆုံးငလျင်ဖြစ်ကြောင်း သိရှိရပါတယ်








Leave a Reply

Your email address will not be published. Required fields are marked *