ကြားသိရသမျှ

ရန်ကုန် တက်စီလောကကို ဂုဏ်တက်စေခဲ့သူနဲ့ ဂုဏ်ပျက်စေခဲ့သူ နှစ်ဦး အကြောင်း

ရန်ကုန်မြို့ တက်စီလောကရဲ့ ဟီးရိုးနဲ့ ဗီလိန် အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံး ဖော်ပြပေးမှာက တက်စီလောကရဲ့ ဟီးရိုးအကြောင်းပါ။

စိတ်ထားအလွန်မွန်မြတ်တဲ့ တက်စီ ကားဆရာအကြောင်းလေး တင်ပါရစေရှင့်။ မနေ့က ရုံးကမန်နေဂျာ SSC ကနေလှည်းတန်းကို တက်စီငှားစီးတာ သူများတွေ ၇၀၀၀ တောင်းနေတဲ့လမ်းကြောင်းကို ၄၀၀၀ ဘဲတောင်းလို့ ၅၀၀၀ ယူပါဆိုပြီး ပေးခဲ့ပါတယ်။

ဖြစ်ချင်တော့ ကားပေါ်မှာ လက်ဆွဲအိတ်ကျန်ခဲ့ပါတယ်။ အိတ်ထဲမှာ ငွေသား ၁၂၀၀၀၀ နဲ့ အလုပ်က အရေးကြီးတဲ့ စာရွက်စာတမ်းတွေရယ်၊ အလုပ်ကသော့တွေ မှတ်ပုံတင် ဘဏ်ကဒ် ယာဉ်မောင်းလိုင်စင်တွေပါသွားပါတယ်။

နောက်နေ့မှာ ဖုန်းလှမ်းဆက်ပြီး လာပြန်ပေးသွားပါတယ်။ သေချာပြန်စစ်ပေးပါတဲ့ ငွေသားတစ်ကျပ်မှ မလျော့ဘဲ ပြန်လာပေးသွားပါတယ်။ ကျေးဇူးတင်လွန်းလို့ ငွေကြေးနဲ့ ဂါရဝပြုတာကို လုံးဝမယူသွားပါဘူး အခုလို မွန်မြတ်တဲ့စိတ်ထားနဲ့ ရိုးသားတဲ့စိတ်ထားအတွက် ဒီစာလေးနဲ့ လေးစားဂုဏ်ပြုပြီး ဖော်ပြပေးလိုက်ပါတယ်။

အမည် ကိုဇော်မင်း ဖုန်းနံပါတ် ၀၉၆၆၉၉၁၈၆၁၁၊ အထိုင်ချတဲ့နေရာတော့ အတည်တကျမရှိပါဘူးရှင့်။ နေတာကတော့ ရန်ကင်းဘက်ပါ ညနေ ၄ နာရီနောက်ပိုင်းမှ တက်စီပြေးဆွဲပါတယ်။ လမ်းကြုံရင် အားပေးစေချင်ပါတယ်ရှင့်။ (ဂျူလီ)

နောက်ထပ်အကြောင်းအရာတခုကတော့ တက်စီလောကရဲ့ ဗီလိန်အကြောင်းပါ။ စီးမယ့်သူတွေ ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဂရု နဲ့ မဆိုင်ပေမယ့် တင်ခွင့်ပြုပါ။ တက်စီ အမြန်ငှားမိတဲ့သူတွေ ရှောင်လို့ရအောင်ပါ။ ဒီမနက် သမိုင်းလမ်းဆုံးကနေ သမိုင်း မြို့ဟောင်း ၁ ရပ်ကွက် ၈ လမ်း ပြောပြီး ငှားသွာတာပါ။ ၃၀၀၀ ပေးတဲ့ အဲဒါကြောင့် အမြန်ရောက်ချင်လို့ ငှားလိုက်တာ သူဟာသူ ဘယ်မောင်းနေမှန်မသိ။

သမိုင်းမြို့သစ် ရောက်တော့ လမ်းမဟုတ်မှန်း သတိထားမိလို့ အိမ်ကိုဖုန်းပြောခိုင်းတော့ ကျွန်မပြောတဲ့ လိပ်စာနဲ့လဲအရမ်းမဝေးသေပါဘူး။ ပြန်ကွေ့လာလို့ဆိုပြီး အိမ်နား ၈ လမ်းထိပ်ရောက်တော့မှ ကားခရှင်းဖို့ တသောင်းတန်တရွက် ပေးလိုက်တော့ ၇၀၀၀ တဲ့။

Leave a Reply

Your email address will not be published. Required fields are marked *