တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းလွန် အမေရိကန် ဝေဟင်ပိုင်နက်ထဲမှာပဲ တရုတ်မိုးပျံပူဖောင်းကို အက်ဖ်-၂၂ တိုက်လေယာဉ်တစ်စီးက ပစ်ချလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမေရိကတိုက်ပိုင်နက်ကို ကျူးကျော်ခဲ့တဲ့ မိုးပျံပူးဖောင်းကို ပစ်ချလိုက်ကြောင်း အတည်ပြုတဲ့ ထုတ်ပြန်ချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင် က ဖေဖော်ဝါရီ ၅ ရက် နေ့လယ်ပိုင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ နဲ့ ၃၉ မိနစ်မှာ အက်ဖ်-၂၂ တိုက်လေယာဉ် တစ်စီးကနေပြီး ဝေဟင်မှာ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချလိုက်ကြောင်းနဲ့ မြေပြင်မှာ ၁၁ ကီလိုမီတာ အထိပြန့်ကျဲသွားတဲ့ အစိတ်အပိုင်းတွေကို ဆယ်ယူရေးလုပ်ဆောင်နေကြောင်း စီနီယာကာကွယ်ရေး အရာရှိကြီးတွေက ပြောကြားပါတယ်။
လူမှုမီဒီယာပေါ်တွင် ထွက်ပေါ်ခဲ့သည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် မိုးပျံပူဖောင်းသည် ဒုံးကျည်ထိမှန်ခံရချိန်တွင် အဖြူရောင်အငွေ့ များထွက်ပေါ်ခဲ့ပြီးနောက် ပျက်စီးကာ အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ အပိုင်းအစများအဖြစ် ကျရောက်ခဲ့သည်ကို မြင်တွေ့ရပါတယ်။
မိုးပျံပူဖောင်းကို အမြန်ဆုံးနဲ့ ဘေးကင်းလုံခြုံမှုရှိစွာပစ်ချရေး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် က ဗုဒ္ဒဟူးနေ့က အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။ မြေပြင်ပေါ်ကလူတွေ အန္တရာယ်မဖြစ်စေဖို့ မိုးပျံပူဖောင်းပင်လယ်ပြင်ဆီ ရောက်သွားချိန်အထိ စစ်ဘက်ကစောင့်ဆိုင်းခဲ့ကြောင်း ဂျိုးဘိုင်ဒန် က စနေနေ့ကပြောကြားပါတယ်။
အမေရိကန်နိုင်ငံက မဟာဗျူဟာကျတဲ့နေရာဒေသတွေကို ထောက်လှမ်းဖို့ တရုတ်က မိုးပျံပူဖောင်းကို အသုံးပြုခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး အော်စတင် က သူ့ရဲ့ထုတ်ပြန်ချက်မှာပြောကြားပါတယ်။ တရုတ်ကတော့ အမေရိကန်ရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ကာ အမေရိကန်က လွန်ကဲစွာတုံ့ပြန်ခဲ့ကြောင်းနဲ့ နိုင်ငံတကာအလေ့အကျင့်ကို လေးနက်စွာချိုးဖောက်တာဖြစ်ကြောင်းပြောကြားပါတယ်။
“သူတို့ဟာ အဲဒီ (မိုးပျံပူဖောင်း) ကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုအတွက် ကျွန်တော်တို့ရဲ့ လေယာဉ်မှူးတွေကိုလည်း ကျွန်တော် ချီးကျူးချင်ပါတယ်” ဟု ဘိုင်ဒင်က မေရီလန်းပြည်နယ်တွင် သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ယင်းမိုးပျံပူဖောင်းဖြစ်စဉ်ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် တရုတ်သို့သွားရောက်မည့် ၎င်း၏ ရှားရှားပါးပါးခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်
zawgyi
ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ကမ္းလြန္ အေမရိကန္ ေဝဟင္ပိုင္နက္ထဲမွာပဲ တ႐ုတ္မိုးပ်ံပူေဖာင္းကို အက္ဖ္-၂၂ တိုက္ေလယာဥ္တစ္စီးက ပစ္ခ်လိုက္ေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
အေမရိကတိုက္ပိုင္နက္ကို က်ဴးေက်ာ္ခဲ့တဲ့ မိုးပ်ံပူးေဖာင္းကို ပစ္ခ်လိုက္ေၾကာင္း အတည္ျပဳတဲ့ ထုတ္ျပန္ခ်က္ကို အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ဒ္ေအာ္စတင္ က ေဖေဖာ္ဝါရီ ၅ ရက္ ေန႔လယ္ပိုင္းက ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
ေဒသစံေတာ္ခ်ိန္ ေန႔လယ္ ၂ နာရီ နဲ႔ ၃၉ မိနစ္မွာ အက္ဖ္-၂၂ တိုက္ေလယာဥ္ တစ္စီးကေနၿပီး ေဝဟင္မွာ ေဝဟင္ပစ္ ဒုံးက်ည္နဲ႔ ပစ္ခ်လိုက္ေၾကာင္းနဲ႔ ေျမျပင္မွာ ၁၁ ကီလိုမီတာ အထိျပန႔္က်ဲသြားတဲ့ အစိတ္အပိုင္းေတြကို ဆယ္ယူေရးလုပ္ေဆာင္ေနေၾကာင္း စီနီယာကာကြယ္ေရး အရာရွိႀကီးေတြက ေျပာၾကားပါတယ္။
လူမႈမီဒီယာေပၚတြင္ ထြက္ေပၚခဲ့သည့္ ဗီဒီယိုမွတ္တမ္းတစ္ခုတြင္ မိုးပ်ံပူေဖာင္းသည္ ဒုံးက်ည္ထိမွန္ခံရခ်ိန္တြင္ အျဖဴေရာင္အေငြ႕ မ်ားထြက္ေပၚခဲ့ၿပီးေနာက္ ပ်က္စီးကာ အတၱလႏၲိတ္သမုဒၵရာထဲသို႔ အပိုင္းအစမ်ားအျဖစ္ က်ေရာက္ခဲ့သည္ကို ျမင္ေတြ႕ရပါတယ္။
မိုးပ်ံပူေဖာင္းကို အျမန္ဆုံးနဲ႔ ေဘးကင္းလုံၿခဳံမႈရွိစြာပစ္ခ်ေရး အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ က ဗုဒၵဟူးေန႔က အမိန႔္ေပးခဲ့ေၾကာင္းသိရပါတယ္။ ေျမျပင္ေပၚကလူေတြ အႏၲရာယ္မျဖစ္ေစဖို႔ မိုးပ်ံပူေဖာင္းပင္လယ္ျပင္ဆီ ေရာက္သြားခ်ိန္အထိ စစ္ဘက္ကေစာင့္ဆိုင္းခဲ့ေၾကာင္း ဂ်ိဳးဘိုင္ဒန္ က စေနေန႔ကေျပာၾကားပါတယ္။
အေမရိကန္ႏိုင္ငံက မဟာဗ်ဴဟာက်တဲ့ေနရာေဒသေတြကို ေထာက္လွမ္းဖို႔ တ႐ုတ္က မိုးပ်ံပူေဖာင္းကို အသုံးျပဳခဲ့တယ္လို႔ ကာကြယ္ေရးဝန္ႀကီး ေအာ္စတင္ က သူ႔ရဲ႕ထုတ္ျပန္ခ်က္မွာေျပာၾကားပါတယ္။ တ႐ုတ္ကေတာ့ အေမရိကန္ရဲ႕လုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်ခဲ့ကာ အေမရိကန္က လြန္ကဲစြာတုံ႔ျပန္ခဲ့ေၾကာင္းနဲ႔ ႏိုင္ငံတကာအေလ့အက်င့္ကို ေလးနက္စြာခ်ိဳးေဖာက္တာျဖစ္ေၾကာင္းေျပာၾကားပါတယ္။
“သူတို႔ဟာ အဲဒီ (မိုးပ်ံပူေဖာင္း) ကို ေအာင္ျမင္စြာ ပစ္ခ်ႏိုင္ခဲ့ပါတယ္။ ဒီလုပ္ေဆာင္မႈအတြက္ ကြၽန္ေတာ္တို႔ရဲ႕ ေလယာဥ္မႉးေတြကိုလည္း ကြၽန္ေတာ္ ခ်ီးက်ဴးခ်င္ပါတယ္” ဟု ဘိုင္ဒင္က ေမရီလန္းျပည္နယ္တြင္ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။ ယင္းမိုးပ်ံပူေဖာင္းျဖစ္စဥ္ေၾကာင့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကင္သည္ တ႐ုတ္သို႔သြားေရာက္မည့္ ၎၏ ရွားရွားပါးပါးခရီးစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တာ ျဖစ္ပါတယ္။