ကြားသိရသမျှ

အသက်(၁၈)နှစ်အရွယ် ကျောင်းသူမနွယ်သန္တာဝင်း အသ..တ်ခံရမှု နောက်ဆက်တွဲသတင်း(ရုပ်သံ)

မနွယ်သန္တာဝင်းအား သ..တ်ဖြတ်မှုဖြင့် သေဒဏ်ကျခံရသော မန်နေဂျာတို့၏ နောက်ဆက်တွဲသတင်း

မနွယ်သန္တာဝင်းအား သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ဖက် AAမှ သေဒဏ်ချမှတ်လိုက်သည့် မန်နေဂျာမျိုးမြင့်ဇော်ကို တရားဥပဒေအရ အယူခံတက်ခွင့်ပေးထားကြောင့် ရက္ခိုင့်တပ်တော်ဖက်မှ ပြောသည်။

နွယ်သန္တာဝင်းအလုပ်လုပ်ကိုင်ခဲ့သည့် Luminous ဆိုင်မှ မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို နွယ်သန္တာဝင်းအား သတ်ဖြတ်ခဲ့မှုအတွက်

တရားခံအဖြစ် ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့တွင် ULA/AA ဒေသတရားရုံးက မသေမချင်းသေဒဏ်ချမှတ်လိုက်သည်ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“သူ့ကိုအမိန့်ချမှတ်တာက မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၃ရက် မနက် ၁၀ နာရီကအမိန့်ချလိုက်တာပါ။

သူ့ကိုအမှုရင်ဆိုင်နေရစဉ်အတွင်း ရှေ့နေလည်းလိုက်ခွင့်ပေးခဲ့တယ်။ အမိန့်ချတဲ့နေ့မှာ တရားလိုဖက်ကရော တရားခံဖက်ကရော မိသားစုဆွေမျိုးအစုံတက်ကြပါတယ်” ဟုပြောသည်။

မန်နေဂျာမျိုးမြင့်ဇော်ကို ULA မှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရုံးတင်စစ်ဆေးခဲ့ပြီး ၅ လခန့်အကြာတွင် ယင်းကဲ့သို့ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိမသေမချင်းကြိုးကွင်းစွပ်သတ်ရန်အမိန့်ချခံထားရသည့် မျိုးမြင့်ဇော်ကို လူသတ်မှုပုဒ် ၃၀၂ (၁)(ဂ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး

လက်ရှိတရားခံဖြစ်သူကို ဥပဒေအရ အယူခံတက်ခွင့်လည်းပေးထားသည်ဟု ဆက်ပြောသည်။

“သူ့ကို လူသတ်မှုပုဒ်ပ ၃၀၂(၁)(ဂ) နဲ့စွဲဆိုထားတာဖြစ်တယ်။ အဲ့ဒီပုဒ်မနဲ့ သေဒဏ်ချခဲ့တာပါ။ ဥပဒေနဲ့အညီ အယူခံတက်နိုင်ရေးအတွက် အခွင့်အရေးလည်းပေးထားတယ်” ဟုပြောသည်။

လက်ရှိသေဒဏ်ချခံရသူ မျိုးမြင့်ဇော်မှာ နွယ်သန္တာဝင်းလုပ်ကိုင်သည့် Luminous ဆိုင်တွင် မန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး

နွယ်သန္တာဝင်း၏အလောင်းနားတွင် ပထမဆုံးရှိနေခဲ့သူလည်းဖြစ်ကြောင်း နွယ်သန္တာဝင်း၏ မိသားစုဝင်များကပြောဆိုထားသည်။

မန်နေဂျာ မျိုးမြင့်ဇော် အမှုနှင့် ပတ်သက်၍ ၎င်း၏ မိသားစုနှင့် ရှေ့နေကို အယူခံ ရရှိမှုအခြေအနေ သိရှိနိုင်ဖို့ Western News က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်တွေမြေို့ မင်းဂံရပ်ကွက်တွင်နေထိုင်သူ နွယ်သန္တာဝင်းမှာ သြဂုတ်လ ၁၅ ရက်နေ့တွင် Luminous ဆိုင်တွင် ဓားထိုးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ပြီး သူသတ်ဖြတ်ခံရမှုအတွက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့မှ တရားခံအသီးသီးဖမ်းဆီးခဲ့ကြသည်။

စစ်ကောင်စီဖက်မှ တရားခံအဖြစ်ဖမ်းဆီးခဲ့သူမှာ ကမ်းထောင်းကြီးဒေသခံ မောင်မျိုးချစ်စိုးဖြစ်ပြီး နွယ်သန္တာဝင်းသတ်ဖြတ်ခံရသည့် တစ်ဆိုင်ခြားရှိ ဂတ်စ်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေခဲ့သူဖြစ်သည်။

စစ်ကောင်စီမှ တရားခံအဖြစ်ဖမ်းဆီးခဲ့သည့် မောင်မျိုးချစ်စိုးကို စစ်ကောင်စီမှ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်စွဲဆိုခဲ့ခြင်းဖြစ်ပြီး ရုံးတင်စစ်ဆေးချက်အရ အပြစ်မရှိသည့်အတွက် မျိုးချစ်စိုးမှာ ဇန်နဝါရီ ၂၇ ရက်နေ့တွင် တရားသေလွတ်မြောက်လာခဲ့သည်။

ယင်းနောက်ပိုင်း နွယ်သန္တာဝင်းအမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးထားသည့် မျိုးမြင့်ဇော်အား ULA ၏ ဒေသတရားရုံးမှ သေဒဏ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

နွယ်သန္တာဝင်းသတ်ဖြတ်ခံရသည့် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၅ရက်နောက်ပိုင်း နွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုအတွက် အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားသူအများအပြားရှိခဲ့ပြီး

တရားခံဖြစ်သူအား အပြစ်ပေးနိုင်ရေး အတွက်လည်း လူထုတစ်ရပ်လုံးက တိုက်တွန်းနိုးဆော်မှုတို့ဖြင့် စစ်တွေမြို့၏ နာမည်ကြီး လူသတ်မှုဖြစ်စဉ်တစ်ခုအဖြစ် ရှိနေခဲ့ခြင်းဖြစ်သည်။

Western News-WN

zawgyi

မႏြယ္သႏၲာဝင္းအား သ..တ္ျဖတ္မႈျဖင့္ ေသဒဏ္က်ခံရေသာ မန္ေနဂ်ာတို႔၏ ေနာက္ဆက္တြဲသတင္း

မႏြယ္သႏၲာဝင္းအား သတ္ျဖတ္ခဲ့မႈႏွင့္ပတ္သက္၍ ရကၡိဳင့္တပ္ေတာ္ဖက္ AAမွ ေသဒဏ္ခ်မွတ္လိုက္သည့္ မန္ေနဂ်ာမ်ိဳးျမင့္ေဇာ္ကို တရားဥပေဒအရ အယူခံတက္ခြင့္ေပးထားေၾကာင့္ ရကၡိဳင့္တပ္ေတာ္ဖက္မွ ေျပာသည္။

ႏြယ္သႏၲာဝင္းအလုပ္လုပ္ကိုင္ခဲ့သည့္ Luminous ဆိုင္မွ မန္ေနဂ်ာ ဦးမ်ိဳးျမင့္ေဇာ္ကို ႏြယ္သႏၲာဝင္းအား သတ္ျဖတ္ခဲ့မႈအတြက္

တရားခံအျဖစ္ ယေန႔ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ ၃ရက္ေန႔တြင္ ULA/AA ေဒသတရား႐ုံးက မေသမခ်င္းေသဒဏ္ခ်မွတ္လိုက္သည္ဟု ULA/AA ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက ေျပာသည္။

“သူ႔ကိုအမိန႔္ခ်မွတ္တာက မေသမခ်င္းႀကိဳးကြင္းစြပ္သတ္ဖို႔ ဒီကေန႔ ေဖေဖာ္ဝါရီ ၃ရက္ မနက္ ၁၀ နာရီကအမိန႔္ခ်လိုက္တာပါ။

သူ႔ကိုအမႈရင္ဆိုင္ေနရစဥ္အတြင္း ေရွ႕ေနလည္းလိုက္ခြင့္ေပးခဲ့တယ္။ အမိန႔္ခ်တဲ့ေန႔မွာ တရားလိုဖက္ကေရာ တရားခံဖက္ကေရာ မိသားစုေဆြမ်ိဳးအစုံတက္ၾကပါတယ္” ဟုေျပာသည္။

မန္ေနဂ်ာမ်ိဳးျမင့္ေဇာ္ကို ULA မွ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလ ၂၂ ရက္ေန႔တြင္ ႐ုံးတင္စစ္ေဆးခဲ့ၿပီး ၅ လခန႔္အၾကာတြင္ ယင္းကဲ့သို႔ အၿပီးသတ္အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

လက္ရွိမေသမခ်င္းႀကိဳးကြင္းစြပ္သတ္ရန္အမိန႔္ခ်ခံထားရသည့္ မ်ိဳးျမင့္ေဇာ္ကို လူသတ္မႈပုဒ္ ၃၀၂ (၁)(ဂ) ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး

လက္ရွိတရားခံျဖစ္သူကို ဥပေဒအရ အယူခံတက္ခြင့္လည္းေပးထားသည္ဟု ဆက္ေျပာသည္။

“သူ႔ကို လူသတ္မႈပုဒ္ပ ၃၀၂(၁)(ဂ) နဲ႔စြဲဆိုထားတာျဖစ္တယ္။ အဲ့ဒီပုဒ္မနဲ႔ ေသဒဏ္ခ်ခဲ့တာပါ။ ဥပေဒနဲ႔အညီ အယူခံတက္ႏိုင္ေရးအတြက္ အခြင့္အေရးလည္းေပးထားတယ္” ဟုေျပာသည္။

လက္ရွိေသဒဏ္ခ်ခံရသူ မ်ိဳးျမင့္ေဇာ္မွာ ႏြယ္သႏၲာဝင္းလုပ္ကိုင္သည့္ Luminous ဆိုင္တြင္ မန္ေနဂ်ာ အျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး

ႏြယ္သႏၲာဝင္း၏အေလာင္းနားတြင္ ပထမဆုံးရွိေနခဲ့သူလည္းျဖစ္ေၾကာင္း ႏြယ္သႏၲာဝင္း၏ မိသားစုဝင္မ်ားကေျပာဆိုထားသည္။

မန္ေနဂ်ာ မ်ိဳးျမင့္ေဇာ္ အမႈႏွင့္ ပတ္သက္၍ ၎၏ မိသားစုႏွင့္ ေရွ႕ေနကို အယူခံ ရရွိမႈအေျခအေန သိရွိႏိုင္ဖို႔ Western News က ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ေပ။

စစ္ေတြေၿမိဳ႕ မင္းဂံရပ္ကြက္တြင္ေနထိုင္သူ ႏြယ္သႏၲာဝင္းမွာ ၾသဂုတ္လ ၁၅ ရက္ေန႔တြင္ Luminous ဆိုင္တြင္ ဓားထိုးသတ္ျဖတ္ခံလိုက္ရျခင္းျဖစ္ၿပီး သူသတ္ျဖတ္ခံရမႈအတြက္ စစ္ေကာင္စီႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔မွ တရားခံအသီးသီးဖမ္းဆီးခဲ့ၾကသည္။

စစ္ေကာင္စီဖက္မွ တရားခံအျဖစ္ဖမ္းဆီးခဲ့သူမွာ ကမ္းေထာင္းႀကီးေဒသခံ ေမာင္မ်ိဳးခ်စ္စိုးျဖစ္ၿပီး ႏြယ္သႏၲာဝင္းသတ္ျဖတ္ခံရသည့္ တစ္ဆိုင္ျခားရွိ ဂတ္စ္ဆိုင္တစ္ခုတြင္ အလုပ္လုပ္ကိုင္ေနခဲ့သူျဖစ္သည္။

စစ္ေကာင္စီမွ တရားခံအျဖစ္ဖမ္းဆီးခဲ့သည့္ ေမာင္မ်ိဳးခ်စ္စိုးကို စစ္ေကာင္စီမွ လူသတ္မႈပုဒ္မ ၃၀၂ ျဖင့္စြဲဆိုခဲ့ျခင္းျဖစ္ၿပီး ႐ုံးတင္စစ္ေဆးခ်က္အရ အျပစ္မရွိသည့္အတြက္ မ်ိဳးခ်စ္စိုးမွာ ဇန္နဝါရီ ၂၇ ရက္ေန႔တြင္ တရားေသလြတ္ေျမာက္လာခဲ့သည္။

ယင္းေနာက္ပိုင္း ႏြယ္သႏၲာဝင္းအမႈႏွင့္ပတ္သက္၍ ရကၡိဳင့္တပ္ေတာ္မွ ဖမ္းဆီးထားသည့္ မ်ိဳးျမင့္ေဇာ္အား ULA ၏ ေဒသတရား႐ုံးမွ ေသဒဏ္အမိန႔္ခ်မွတ္လိုက္ျခင္းျဖစ္သည္။

ႏြယ္သႏၲာဝင္းသတ္ျဖတ္ခံရသည့္ ၂၀၂၂ခုႏွစ္ ၾသဂုတ္လ ၁၅ရက္ေနာက္ပိုင္း ႏြယ္သႏၲာဝင္း သတ္ျဖတ္ခံရမႈအတြက္ အမႈမွန္ေပၚေပါက္ေရး လႈပ္ရွားသူအမ်ားအျပားရွိခဲ့ၿပီး

တရားခံျဖစ္သူအား အျပစ္ေပးႏိုင္ေရး အတြက္လည္း လူထုတစ္ရပ္လုံးက တိုက္တြန္းႏိုးေဆာ္မႈတို႔ျဖင့္ စစ္ေတြၿမိဳ႕၏ နာမည္ႀကီး လူသတ္မႈျဖစ္စဥ္တစ္ခုအျဖစ္ ရွိေနခဲ့ျခင္းျဖစ္သည္။

Western News-WN

Leave a Reply

Your email address will not be published. Required fields are marked *