3.Feb.2023 မှ 9.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
မျှော်လင့်ထားသော ငွေကြေးများ ရရှိလာတတ်သည်။ ငွေဝင်တတ်သည်။ သို့သော် များများတော့မဝင် တတ်ပါ။. ငွေအရနည်းတတ်ပါသည်။စိတ်ပူရသော ကိစ္စများအတွက် အဆင်ပြေရုံ၊ . ဖြေရှင်းနိုင်ရုံလောက်သာ ရရှိတတ်ပါသည်။ အပို အလျှံသိပ်မရှိ
တတ်ပါ။ အခက်အခဲတော့ ဖြေရှင်းနိုင်စွမ်းရှိတတ်သည်။ မိခင် ဘက်က အမျိုး များကြောင့် စိတ်ဆင်းရဲစရာအချို့တော့ ကြုံရတတ်သည်။ ငွေများများဝင်သူတွေဆိုရင်လဲတစ်ဖက် က ကုန် စရာ ကိစ္စလည်းများနေတတ်ပါသည်။အမှုအခင်းကြုံပြီး ငွေကုန်တတ် သည်။
အစွပ်စွဲခံရခြင်း၊ အထင်လွဲခံရခြင်း ကြုံရ တတ်သည်။ တစ်ခါတရံ စိတ်ထဲ မှာ မပျော်မရွှင်ဘဲ ဖြစ်နေတတ်သည်။ လုပ်ငန်းတစ်ခုကို တစ်ကြိမ်မက ပြန်လုပ် ရတတ်သည်။ ပြဿနာတစ်ခုပြီးတစ်ခု ကြုံရတတ်သည်။ အလုပ်မှာ.. အခက်အခဲ ပြဿနာ ကြုံရတတ် သည်။ ဝန်ထမ်းဆို ရာထူးတိုးတတ်သည်။ မိတ်ဆွေဟောင်းနှင့် ပြန်ဆုံရတတ်ပါသည်။ လက်အောက်ငယ်သား တပည့်များ၏ အကူအညီကြောင့် စီးပွားဥစွာ ရရှိတတ်ပါသည်။ တရားဓမ္မကျင့်ကြံလိုသောဆန္ဒ ဖြစ်ပေါ်လာတတ် သည်။ တကယ် ကျင့်ကြံအား ထုတ်မည်ဆိုလျှင်လည်း အသိထူး၊ အပြင်ထူး တရားထူးများ ရရှိလာတတ်ပါ သည်။
ဘာသာရေးကိစ္စ အပေါ်အာရုံရောက်နေတတ်ပါသည်။ကျန်းမာရေးအားကောင်းနေတယ်။ အချစ်ရေး၊အိမ်ထောင်ရေး လွန်စွာမှစန်းပွင့် နေ ချိန်မို့ အထူးကောင်းပါတယ်။ပညာရေးမှာတော့ အင်တာဗျူးကံ၊ အလုပ်ရာထူးစာမေးပွဲကံအထူး ကောင်းပါ တယ်။အကျိုးပေးဂဏန်း ၂၊၈၊၉အထူးဟော လူချစ်လူခင်များပြီး ကူညီမဲ့သူပေါမယ်။ယတြာ အားဆေးလေးတစ်ကဒ်လိုအပ်သူကိုလက်ဆောင်ပေးလိုက်ပါ။
#တနင်္လာ
လုပ်ငန်းကိစ္စများ နှေးကွေးလာတတ်သည်။ အခွင့်အရေးများ ရခါနီးမှ မရလိုက်ဘဲ သူတစ်ပါးက ရရှိသွားတတ် သည်။ စိတ်မကျေနပ်မှု၊ စိတ်ဆင်းရဲမှု ကြုံရတတ်သည်။ သို့သော်ငွေကြေးချောင်လည်လာတတ်သည်။ အစားကောင်း များ စားရတတ်သည်။ စားဝတ်နေရေး ချောင်လည်လာတတ်ပါသည်။..အခွင့်အလမ်းကောင်းများ ရရှိ လာတတ်ပါ သည်။ အဝေးမှသတင်းကောင်းကြားရတတ်ပါသည်။… ထီပေါက်ခြင်း၊ ၊ . ထီပေါက်သကဲ့သို့ ငွေရခြင်း၊ ငွေကြေးအဆင် ပြေခြင်းရှိတတ်ပါသည်။
အလုပ်ခွင်ဘဝပျော်ရွှင်ချမ်းမြေ့သာယာမှုရှိနေတတ်ပါသည်။ မိသားစုထဲမှာ စကားများ ရတတ် သည်။ ပတ်ဝန်းကျင်ကြောင့် မိသားစုစည်းလုံးမှု အားနည်းလာတတ်သည်။ တံစိုးလက်ဆောင်များ၊ လျှို့ဝှက်ငွေကြေး များ ဝင်လာတတ်ပါသည်။ ထိုဝင်ငွေဖြင့်
အခက်အခဲများ ဖြေရှင်းနိုင်မှု ရှိနေတတ်ပါသည်။ အခိုက်အတန့်အားဖြင့် အခက်အခဲအဆုံးအရှုံးရှိတတ်သော်လည်း ရေရှည်ကောင်းမွန်နေတတ်သည်။အလုပ် ကြီးအကိုင်ကြီး လုပ်ကိုင်ရတတ် သည်။ ဝန်ထမ်းဖြစ်က အပြိုင်အဆိုင် အတိုက်အခံနှင့် လုပ်ကိုင်ရခြင်းရှိပြီး ရေရှည်တွင် အဆင်ပြေအောင် မြင်မှု ရရှိနေတတ်ပါသည်။အချစ်ရေးကိစ္စများတွင်တော့ စန်းအားယုတ်လျော့အားနည်းနေသည်။
ချစ်ရသူကိုဖွင့်ပြောဖို့ အချိန်မတန်သေးပါဘူး။အိမ်ထောင်ရေးနဲ့ပတ်သက်သောကိစ္စများ နွေးထွေးမှု၊ကြင်နာမှုလေးတွေ လျော့နည်းနေနိုင် တဲ့နေ့ရက်တွေပဲဖြစ်ပါလိမ့်မယ်။ကျန်းမာရေးကိုတော့ ဂရုစိုက်ရမှာက ရေချိုးမှားတတ်တယ်။ အရက်သေစာကြောင့် ကျန်းမာရေးထိခိုက်တတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၉/၅အထူးဟော ကံအားနည်းနေမယ်။ယတြာ စံပယ်ပန်း ဘုရားကပ်လှူပေးပါ။
#အင်္ဂါ
အိမ်ပြောင်း၊ နေရာပြောင်း၊ လုပ်ငန်းပြောင်းရခြင်း ကြုံတတ်သည်။ ငွေ ကြေးဥစ္စာ ရရှိတတ်သည်။ ငွေအစု လိုက်အပြုံလိုက် တစ်လုံးတစ်ခဲတည်းရရှိတတ် သည်။ တန်ဖိုးကြီးသောပစ္စည်းများ ဝယ်ဖြစ်တတ်သည်။ စပ်တူလုပ်ငန်း များ အကျိုး မပေးတတ်ပါ။ ဆုံးရှုံးမှုကြုံရတတ်သည်။ သူတစ်ပါးအကူအညီအချို့ ရရှိလာတတ်ပါသည်။ ငွေကြေး အကူအညီလည်း ရရှိ တတ်သည်။ ဝန်ထမ်းဖြစ်က နေရာပြောင်းရတတ်သည်။ ဌာနပြောင်းရတတ်သည်။
တွေး ခေါ်စဉ်းစားတိုးချဲ့လုပ်ကိုင်သမျှ အဆင်ပြေလာမည်။ အသိပညာ အတတ်ပညာများ တိုးတက်လာမည်။ အခွင့်အလမ်း သစ်များ ကြုံလာတတ်ပါသည်။ ပညာရေးကိစ္စ၊ တပည့်ငယ်သားကိစ္စ၊ သားသမီးကိစ္စအတွက် စိတ်အေးချမ်း ကျေနပ်မှု ရရှိနေ
တတ်ပါသည်။ ပညာရေးကိစ္စ၊ အသိပညာ အတတ်ပညာကိစ္စများအတွက်အထောက် အပံ့အကူအညီများ ရရှိ တတ်သည်။ မိမိလိုချင်သောပညာကို ကူညီမည့်သူ အသင့် ရှိနေတတ်ပါသည်။ ဂုဏ်သိက္ခာ ညှိုးနွမ်းစရာ ကြုံရ တတ် သည်။ မိမိကျန်းမာရေး ညံ့နေတတ်သည်။ ခေါင်းမူး၊ခေါင်းကိုက်၊အာရုံကြော အားနည်းခြင်းများကြုံ ရမယ်။
ဆွေမျိုး မကင်းသူများနှင့် သဘောထားကွဲလွဲမှု၊ ပြဿနာရှင်းရမှုကြုံမည်။ အမွေအနှစ်ကိစ္စများ အငြင်းအခုံ ဖြစ်ရတတ်သည်။ ခရီးဝေးကိစ္စ ပျက်သွားတတ်သည်။ အိမ်၊ တိုက်၊ နေရာထိုင်ခင်း ကိစ္စများမျှော်မှန်းတာထက် ပိုကြန့်ကြာမှ ပြီးတတ်ပါ သည်။အချစ်ရေးကိစ္စများမှာတော့ ချစ်သူလက်မဲ့ဖြစ်နေသူများချစ်သူသစ်ရဖို့အကြောင်းဖန်လာတတ်ပါတယ်။ အကျိုးပေးဂဏန်း ၈၄၆အထူးဟော ကံသင့်ပါတယ်။ယတြာ သရက်သီးမဆလာ ဘုရားကပ်ပါ
#ဗုဒ္ဓဟူး/ရာဟု
လုပ်ငန်းအတွက် ငွေအရင်းအနှီးရှာဖွေပါက ကူညီမည့်သူ ပေါ်လာတတ်သည်။ လုပ်ငန်းသစ် စမ်းသပ်လုပ် ကိုင်လိုသော ဆန္ဒလည်း ဖြစ်ပေါ်နေတတ်သည်။ တ ကယ်ကြိုးစားပါကလည်း လုပ်ဖြစ်ပြီး ထိုက်သင့်သောအောင်မြင်မှု ကို ရရှိလာတတ် ပါသည်။ ခရီးသွားခြင်း၊ သွားလာလှုပ်ရှားလုပ်ကိုင်ခြင်းကြောင့် လုပ်ငန်းတိုးတက်မှု ရှိလာတတ်သည်။ သမမျှတစွာငွေဝင်ခြင်းရှိလာမည်။ အမွေအနှစ် ရရှိတတ်သည်။ ကံအထောက်အပံ့ကပါရှိလာပြီး လုပ်သောကိစ္စများ ပို၍အဆင်ပြေလာတတ်သည်။
ကံကြောင့်ရသော ငွေကြေးဥစ္စာရရှိလာတတ်သည်။အချို့ကိစ္စများမှာတော့ စိတ်ဆင်းရဲ မှု ကြုံရတတ်သည်။ လက်လွန်ထားသောငွေများ၊ ရစရာငွေများ စိတ်ဆင်းရဲပြီးမှ ရရှိလာတတ်သည်။ ပျော်စရာ၊ ကျေနပ်စရာကိစ္စအချို့ ကတော့ စိတ်ကုန်စရာကိစ္စမျိုးအဖြစ်ပြောင်းလဲ ကြုံရတတ်သည်။ မိမိ၏ အေးဆေးတည်ငြိမ် သောအခြေ အနေ ကို သားသမီးကြောင့်လည်းကောင်း၊ လက်အောက်ငယ်သားကြောင့် လည်းကောင်း ပြောင်းလဲသွား ခြင်းကြုံရတတ်သည်။ အလုပ်မှာ အတိုက်အခံတွေ့ရတတ်သည်။နေရာကောင်းသို့ရရှိ တိုးတတ်သည်။
ရာထူးတိုးပြီးမှ အခိုက်အတန့်အားဖြင့် ရာထူးကျခြင်း၊ ကြုံရတတ်ပါသည်။ နောက်ပိုင်း ပြန်လည်အဆင်ပြေသွားတတ်ပါသည်။ကျန်း မာရေးစိတ်ပူပန်စရာသိပ်မတွေ့ရပါဘူး။ အချစ်ရေးမှာတော့ ချစ်သူရဲ့အလေးထား၊တန်ဖိုးထားခြင်းကိုခံရတတ်ပါ တယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်အပေါ်အရာရာခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်မျိုးပေါ်ပေါက်နေ တတ်ပါတယ်။အကျိုးပေးဂဏန်း ၅၀၈အထူးဟော ကံကောင်းနေပါလိမ့်မယ်။ယတြာ လက်ဖက်ရည်ဖျော်ပြီး ဘုရားကပ်ပါ။
#ကြာသပတေး
ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများတတ်သည်။ တန်ဖိုးကြီးသောပစ္စည်းများ ရရှိတတ်သည်။ ဆွေမျိုး သားချင်းများ၏ ချစ်ခင်မှုကူညီမှု၊ အားပေး မှုကို ရရှိတတ်သည်။ လုပ်လက်စ လုပ်ကိုင်နေသော အလုပ်ကိစ္စများမှ အောင်မြင်မှုရရှိတတ်ပါသည်။ ဤကာလမှာ ကြိုးစားမှု၊ ဇွဲ ဝီရိယအနေနှင့်လည်း အခါတိုင်းကထက် ကောင်းမွန် နေတတ်သည်။ကြိုးစားမှုကြောင့် အရာရာ တိုး တက်သည့် အခြေအနေဖြစ်လာတတ်သည်။ အကြံဉာဏ်သစ် လုပ်ငန်း သစ်ကိစ္စ များမှ အကျိုးအမြတ် ရရှိလာတတ်သည်။ အကျိုးရှိလာတတ်သည်။
ခရီးသွားလာ ပါကလည်း အကျိုး ကျေးဇူးရှိ တတ်သည်။ လူမျိုးခြား၊ ဘာသာခြား၊ ဒေသခြားမှသူ၏ အချစ်ခံရတတ်သည်။ ခင်မင်မှုရှိလာတတ်ပါ သည်။အဆင်ပြေနေသူများ ရန်အတိုက်အခံပေါ်လာတတ်သည်။ ပြဿနာရှင်းရတတ်သည်။ အခက်အခဲ အရှုပ် အထွေး များ ပေါ်လာတတ်သည်။ စိတ်ညစ်ရခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ရခြင်း ကြုံရတတ်သည်။ ဤကာလမှာ ကြံစည်ပြုလုပ်ထားသည့် ကိစ္စများ ကပ်ပြီး ပျက် တတ်သည်။ သိသိကြီးနှင့် အလိမ်ခံရခြင်းမှားယွင်းခြင်းကြုံ ရတတ် သည်။ လူပင် ပန်း စိတ်ပင်ပန်းဖြစ်ပြီးမှ ငွေကြေးရလာတတ်သည်။
ငွေအဝင်အထွက် မမျှမတ လည်း ဖြစ်နေတတ် သည်။ အချို့ကိစ္စတွေက သည်းခံပြီး ဇွဲနှင့်လုပ်မှ ရေရှည်မှာ အကျိုးကျေးဇူး ပြန်ရလာတတ်သည်။ ချေးငှားထားသော ငွေများ၊ မသေချာဘဲ ရင်းနှီးမြှုပ်နှံထားသောငွေများ ဆုံးရှုံးမှုကြုံရတတ်သည်။ ငွေစုမရဖြစ်နေတတ်သည်။ အိမ်တွင်း ရေး မှာ အနည်းငယ်ရှုပ်ထွေးမှု၊ စိတ်မသာမယာမှု ဖြစ်ရတတ်ပါသည်။အကျိုးပေးဂဏန်း ၂/၇/၀အထူးဟော စိတ်ရှုပ်စရာလေးတွေရှိနေတတ်ပါတယ်။ယတြာ ထန်းလျက် ၉လုံးဘုရားကပ်လှူပေးပါ။
#သောကြာ
အိမ်ထောင်ဘက် ကျန်းမာရေးအားနည်းနေတတ်သည်။ မိမိကလည်း သူ့အ ပေါ် မကျေနပ်မှု၊ သဘော မကျဖြစ်နေတတ်သည်။ မိမိထက်နိမ့်သူက မိမိကို ဩဇာ ပေးခြင်း၊ အထက်စီးနှင့်ပြောဆိုခြင်းခံရ၍ စိတ်မကျေမနပ် ဖြစ်ရတတ်သည်။ မိမိကို အတိုင်ခံရတတ်သည်။ သိက္ခာကျစရာကိစ္စ ကြုံရတတ်သည်။ မိမိရဲ့ကျန်းမာရေးအားကောင်း လာတတ်သည်။ ကျန်းမာကြံ့ခိုင်မှု ကောင်းလာတက်သည်။ မကျန်းမမာဖြစ်ပါကလည်း.. လွယ်ကူစွာ ကုသပျောက်ကင်း သွားတတ်သည်။ ငွေကြေးဥစ္စာလည်း ဝင်လာတတ်ပါသည်။
လျှို့ဝှက်ငွေကြေးများ၊ မထင်မှတ်သော ငွေများ၊ မသိမသာ ရရှိသော ငွေကြေးများ ဝင်လာတတ်ပါသည်။ အကြွေးဟောင်း များလည်းပြန်ရလာတတ်ပါသည်။အတိုက်အခံ အပြိုင်အဆိုင်ကိစ္စများ အဆင် ပြေအောင် ဖြေရှင်းနိုင်စွမ်းရှိနေတတ်သည်။ ရည်မှန်းချက်ကြီးကြီးဆောင်ရွက်ဖြစ် လာတတ်သည်။ သတင်းထူးကြားရတတ်သည်။ စိတ်ပျော်ရွှင်စရာ ခရီးသွားရတတ် ပါသည်။ကံကောင်းလာတတ်ပါ သည်။ အရှိန်အဝါရှိသူသြဇာရှိသူများနှင့် တွေ့ဆုံရရှိ လာတတ်သည်။ မိမိအလုပ်ကို မဦးစီးဘဲအောက်လက် ငယ်သား များနဲ့ မျက်နှာလွှဲထားသူများ လုပ်ငန်းထိခိုက်မှု ရှိလာတတ်သည်။
မထင်မှတ်ဘဲ ငွေအစုလိုက်အပြုံလိုက်ဝင်ခြင်းလည်း ကြုံရတတ်သည်။ အချစ်ရေးကိစ္စတွေမှာတော့ စန်းအားကောင်းနေသလို၊ လိင်ကိစ္စအပေါ်မိမိတို့ကိုယ်တိုင်က အာရုံ ရောက်နေတတ်ပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်သည်များ လိင်ကိစ္စအရှုပ်အထွေးတွေရှိလာနိုင်ပါတယ်။ လိင်အညှီ အဟောက်ရှိသောနေရာများကို ရှောင်ကြဉ်သင့်တဲ့ကာလပဲဖြစ်ပါတယ်။အကျိုးပေးဂဏန်း ၁/၃/၆အထူးဟော ကျန်းမာရေးအားကောင်းပြီး စိတ်ကြည်လင်နေမယ်။ယတြာ အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဘုရားကပ်လှူဆုတောင်းပါ။
#စနေ
ပညာရေးကိစ္စမှာ အခက်အခဲဖြစ်တတ်သည်။ သားသမီးအတွက် စိတ်ပူရတတ် သည်။ မိမိမကျွမ်းကျင်တဲ့ ကိစ္စတွေကို လက်ခံမိလို့ စိတ်ပင်ပန်းရခြင်း၊ စိတ်မောရခြင်း ကြုံရတတ်သည်။လုပ်ငန်းပြိုင်ရှိသူများ အတိုက်အခံများ၊ အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်မည်။ ရန်သူကို အနိုင်ရတတ်သည်။ ကျန်းမာရေးတော့ သိပ်မကောင်း တတ်ပါ။ ကျန်းမာရေးနှင့်ပတ်သက်၍ စိတ် ညစ်ရတတ်သည်။ လုပ်ငန်းကိစ္စများမှာလည်း တိုးတက်မှုနှေးကွေးလာတတ် သည်။ လုပ်ငန်းကိစ္စအတွက်လည်း အခက်အခဲပြဿနာ၊ အမှုအခင်းရှင်းရတတ်ပါသည်။
အရင်ကတည်းက အမှုဖြစ်ဖို့ အကြောင်းအရင်းရှိနေသူများအမှုအခင်း ကြုံရတတ်ပါသည်။ ရင်းနှီး သူအချင်းချင်း ရန်မူခြင်းလည်း ခံရတတ်သည်။ မယုံကြည်ရသော မိတ်ဆွေအ ချို့ကြောင့် စိတ်ညစ်စရာ၊ စိတ်သောကဖြစ်စရာ ကြုံရတတ်သည်။ လုပ်ငန်းကိစ္စ အစီအစဉ်များဖျက်ရခြင်းလည်း ကြုံရတတ်သည်။ အလျင်စလို ဆုံးဖြတ်ချက်ချမိလို့…အမှား အယွင်းဖြစ် ရတတ် သည်။ အိမ်ငှားဖြင့်နေကြသူများနေရေးထိုင်ရေး အဆင်မပြေဖြစ်ရတတ်သည်။ အိုးအိမ် တိုက်တာ.. နေရာထိုင်ခင်း အငှားကိစ္စများအတွက် စိတ်ဆင်းရဲရတတ်သည်။
အိုးအိမ်တိုက်တာ မြေနှင့်ပတ်သက်၍ အမွေကိစ္စရှိပါကမိမိက ဦးဆောင်ဆွေးနွေးခြင်းမပြုမိပါစေနှင့်။ဝန်ထမ်းများ ဂုဏ်သိက္ခာ တိုးတက်လာတတ်သည်။ ပညာရေးကိစ္စများတွင် အဆင်ပြေလာတတ် သည်။ဘာသာရေးကိစ္စများလုပ်ကိုင် ဆောင်ရွက်ပါက အကျိုးကျေးဇူး ခံစားရမည်။ အချစ်ရေး အတွက်စိတ်ချမ်းသာစရာများကြုံရတတ်မယ်။ အိမ်ထောင်ဘက်ရဲ့ဖေးမကူညီအားပေးမှုကို အထူးရရှိနိုင်ပါသည်။အကျိုးပေးဂဏန်း ၄/၉/၆အထူးဟော အမှုအခင်းကြုံရတတ်ပါတယ်။ယတြာ ထမနဲဖြစ်စေ၊ထိုးမုန့်ဖြစ်စေ ဘုရားကပ်လှူပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
#တနငျ်ဂနှေ
#တနငျ်လာ
#အငျ်ဂါ
#ဗုဒ်ဓဟူး/ရာဟု
3.Feb.2023 မှ 9.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း