အထွေထွေဗဟုသုတ

အမျိုးသမီးများအသက်* ကရမက် *တဲ့ ကရမက်က ဘာတွေကောင်းလဲ

အမျိုးသမီးများအသက်* ကရမက် *တဲ့ ကရမက်က ဘာတွေကောင်းလဲ

“နံ့သာဖြူနံ့သာနီ အကျော်စမ္မာ ကရမက်ဆိုတဲ့နံ့သာငါးမျိုးစာရင်းဝင်”ကရမက် အကြောင်းရှင်းပြပါရစေ

ကရမက်ကအေးခါး အရသာနဲ့အပူကိုစုပ်ယူပေးနိုင်တဲ့ဆေးပါ ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းအောင်းပူတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်

တစ်ချို့ကအပူအစပ်စားအအေး‌သောက်လို့မထွက်ရတဲ့အခိုးတွေစုဖွဲ့ တာ တစ်ချို့က ကံ စိတ်ဥတုအာဟာရတစ်မျိုးမျိုးကြောင့် အကြိတ် အဖု ရည်ကြည်အိတ် နဲ့ဆီးအိမ်နားကစုဖွဲ့ပူလို့ ခြေဖဝါးကစူးလို့ပူတာမျိုး

မီးယပ်အမျိုးမျိုးနဲ့ ရာသီသွေးဆုံးခါနီးဖြစ်တဲ့အရေပြားပေါ်ကအကွက်တွေ ခန္ဓာကိုယ်ယားယံတာတွေ ပျောက်ကင်းစေပါတယ်။

ရေကိုဝအောင်ချိူး ပြီးရင်ကရမက်လေး ရေကြဲလေးလိမ်း အပူထွက်ပြီး အပူအောင်းတာသက်သာတော့အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ

သက်သာတယ်ရေကိုဝအောင်ချိုးပြီး ကရမက်လေးကိုသွေးပြီးလျက်ပေးရင်လည်းလျှာကနေတစ်ကိုယ်လုံးကအကြောတွေဆီရောက်ပြီး ကျန်းမာသက်ရှည်အပူအခိုးကင်းစေပါတယ်။

သွေးလိမ်းတာပဲဖြစ်ဖြစ်သောက်တာပဲဖြစ်ဖြစ် သလိပ်ကြေစေတယ် နှလုံးရောဂါ ဆီးရောဂါနဲ့ညောင်းကျရောဂါတွေလည်းပျောက်ကင်းစေပါတယ် အပူများသူတွေ နေပူမီးပူထဲအလုပ်လုပ်ရသူတွေအတွက်အကောင်းဆုံးကကရမက်ပါ။

နေ့စဉ် ကရမက်လေးအသုံးပြုဖို့တိုက်တွန်းပါရစေ

ဆေးဖက်အသုံးဝင်ပုံ

“ဆီး ( ပူ၊နည်း၊ဝါ) ၊ ကျောက်ကပ်တွင်း အပူအောင်းပြီးခါးနာခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးတွင်သွေးပါခြင်း”အတွက် ကရမက်ကို ဆန်ဆေးရည် ဒုတိယရေကြည်နှင့်ရောသွေးပါ။ ဟင်းစားဇွန်း(၁) ဇွန်းခန့်၊ တစ်နေ့(၃) ကြိမ်တစ်ပတ်ခန့်သောက်ပါရန်။

“ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊ အရေပြား၌ အဖု၊ အပိန့်ထွက်ခြင်းအတွက်” ကရမက်၊ဧကရာဇ်မြစ် (၂) မျိုးရောသွေး။ သကြားကော်ဖီဇွန်း(၁) ဇွန်း ရောစပ်၍ ဟင်းစားဇွန်း(၁) ဇွန်း နံနက်၊ ည သောက်ပေးပါ။

“ရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍ အိပ်မပျော်သူများ” အတွက် ကရမက်၊ ဇီးစေ့အဆန်၊ သကြား ဆတူရော အမှုန့်ပြု၍ ကော်ဖီဇွန်း(၁) ဇွန်း တစ်နေ့(၂) ကြိမ်၊ ရေကျက်အေးဖြင့်သောက်ပါ။

“သွေးစုနာ၊ အနာစာဥ၊ အဖုအကျိတ်နာ “အတွက် ကရမက်၊ နံ့သာဖြူ၊ဇာတိပ္ဖိုလ်သီးအဆန်(၃) မျိုး ရောသွေး၍ တစ်နေ့(၄) (၅) ကြိမ် လိမ်းပေးပါ။

“မီးယပ်သွန်၊ မီးယပ်လွန်၊ သားအိမ်တွင် အနာချို့ ယွင်းချက်ရှိသူများအတွက်” ကရမက်သွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင်နနွင်းမှုန့်စစ်စစ် ကော်ဖီဇွန်း(၁) ဇွန်း ရောစပ်ပြီး တစ်နေ့(၃) ကြိမ် ရေကျက်အေးဖြင့်သောက်ပါ။

“အပူဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်းအတွက်” ကရမက်သွေးရည် ဟင်းစားဇွန်း(၁)ဇွန်းတွင်၊မီးကွင်းဂမုန်းသတ္တုရည် ဟင်းစားဇွန်း(၁) ဇွန်း၊ သကြား ဟင်းစားဇွန်း(၁) ဇွန်း ရောစပ်ကာ တစ်နေ့(၃) ကြိမ် တိုက်ပေးပါ။

“မီးယပ်ဖြူဆင်းလျှင် “ကရမက်ကို ဆန်ဆေးရည် ဒုတိယအရည်နှင့် ရောသွေး။ဆေးရည် ဟင်းစားဇွန်(၁) ဇွန်းတွင် သကြားဇွန်းတစ်ဝက်၊ သံပုရာရည်ဇွန်းတစ်ဝက်၊ ထို(၃) မျိုးပေါင်းပြီး ဟင်းစားဇွန်း(၂) ဇွန်းခန့်အား နံနက်၊ ညသောက်ပါ။

“ခန္ဓာကိုယ် အနံ့ဆိုးခြင်းအတွက်” ကရမက်၊ ဥပသကာမြစ် (၂) မျိုးသွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင် သံပုရာရည် ဇွန်းတစ်ဝက်စပ်၊ တနေ့(၂)ကြိမ် စွဲသောက်ပါ။

“အပူလောင်နာများအတွက် “ကရမက် ပျစ်ပျစ်သွေး၊ တရော်ကင်ပွန်းရည်နှင့် စပ်၍ မကြာခဏလိမ်းပေးပါ။“အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊ အညှော်မိ၊ မန်းဝင်၊

အနာရောင်ခြင်းအတွက်” ကရမက်၊ ဇာတိပ္ဖိုလ်သီးအဆံကိုရောသွေးပြီး နိုင်နိုင်လိမ်းပေးပါက ယူပစ်သလိုသက်သာပါမည်။

“ကလေးများ အနာမီး၊ အနာစက်ရောဂါများအတွက်” ကရမက်၊ သြဇာသီးအခြောက်၊ အုန်းဆီနှင့်ရောသွေးပြီး အနာကို မကြာခဏလိမ်းပေးက သက်သာပျောက်ကင်းဧ။်။

“ဆီးအိမ်တွင် ဆီးရှိပြီး၊ ဆီးခုံရောင်တင်း၍ ဆီးပူ၊ ဆီးအောင့်၊ ဆီးမသွားနိုင်ခြင်းအတွက် “ကရမက်ကို ဆန်ဆေးရည် ပထမအရည်နှင့်ရောသွေး၊ ဆီးခုံနှင့် ဆီးသွားအင်္ဂါတွင် နိုင်နိုင်လိမ်းအုံပေးပါက ချက်ခြင်းဆီးသွားနိုင်ပါမည်။

“ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ မီးတွင်းခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်ရိုးကိုက်၍ ခေါင်းအုံ၊ခေါင်းမကြည်လင်ခြင်းအတွက် “ကရမက်အစကို ဓားဖြင့်အနည်းငယ်ခြစ်ယူပြီး နနွင်းမှုန့်နှင့် ဆတူရော၍ မီးခဲပေါ် တင်ပြီး အငွေ့မှိုင်းကိုရှူပေးလျှင် ချက်ခြင်းသက်သာဧ။်။

“အနာရွတ်ဖြူခြင်း၊ မီးယပ်ကွက်ပေါ်ပြီး အဖြူကွက်၊ ကြက်ဖင်ကွက်၊ ညှင်းပေါက်ခြင်းအတွက် “ကရမက်၊ နံ့သာနီ ရောသွေး၍ တစ်နေ့(၃) ကြိမ်ခန့် လိမ်းပေးပါ။

“ကလေး၊ လူကြီး အဖျားကြီး၍ ကိုယ်ပူကြီးခြင်း အတွက် “ကရမက်၊ နံ့သာဖြူ(၂) မျိုး ရောသွေး၍ နဖူးကို (ပထမ) စလိမ်းပါ။ (၅) မိနစ်ခန့်စောင့်ပါက အပူများထွက်ပါမည်။

(ဒုတိယ) နဖူးနှင့် ချိုင်းနှစ်ဖက် လိမ်းပါ။(၅) မိနစ်ခန့် စောင့်ပါ။

(တတိယ) ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆေးရည် နိုင်နိုင်လိမ်းခြင်းအားဖြင့် အပူများ ပြင်ပသို့ လမ်းကြောင်းသင့်စွာ ထွက်ခွာနိုင်ပါလိမ့်မည်။

{မှတ်ချက်} အပူကြီးသောသူများ ဆေးရည်ကို ခန္ဓာကိုယ် အနှံ့သို့ တစ်ခါထဲ မလိမ်းရန်။ ခန္ဓာကိုယ်ဧ။် အပူနှင့် ပြင်ပမှဆေးရည် ဆေးငွေ့တို့ ရုတ်တရက်ထိတွေ့ပါကရေနွေးပူ ထည့်သောဖန်ခွက်ကို ရုတ်ခြည်းရေအေးထည့်သကဲ့သို့ ” အပူအအေး ဝိရောဓိဓာတ်ပြင်းထန်ပြီး”

ဖန်ခွက်လန့်၍ကွဲ သကဲ့သို့ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ရှော့ခ်ဖြစ်ပြီး ဦးနှောက်အာရုံကြောထိခိုက်ခြင်း၊သတိမလည်ခြင်းများဖြစ်တတ်ပါ၍ ဦးနှောက်နှင့် အနီးဆုံးနေရာဖြစ်သည့် နဖူးမှစ၍ အပူဓာတ်ကို စတင်ထွက်ခွာစေခြင်းပင် ဖြစ်ပါဧ။်။

Leave a Reply

Your email address will not be published. Required fields are marked *