ပြည်တွင်းသတင်

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို tayဒဏ်စီရင်လိုက်ပြီဟုseemore

သေဒဏ်ချမှတ်ခံထားရသော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ယနေ့ (ဇူလိုင်လ ၂၅ ရက်) ထုတ် စစ်ကောင်စီထုတ်သတင်းစာများတွင် ဖော်ပြထားသည်။

ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ) မောင်ကျော် (ခ)ရေခဲ ၊ ဦးလှမျိုးအောင် (ခ) ကိုမျိုးနဲ့ အောင်သူရဇော် (ခ) ကိုသူရတို့လေးဦးကို ” အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ်ကြောင်း” မြန်မာ့အလင်း၊ ကြေးမုံတို့အပြင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော Global New Light of Myanmar သတင်းစာတို့တွင် ပါရှိသည်။

ဇူလိုင်လ ၂၂ ရက်က အဆိုပါလေးယောက်လုံးကို မိသားစုဝင်များနှင့် ပထမဆုံးအကြိမ် အွန်လိုင်း ဗီဒီယိုကတဆင့်တွေ့ခွင့်ပေးခဲ့ပြီးနောက် ပြစ်ဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

မဇ္ဈိမအနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ အကျဉ်းဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်များသို့ ဆက်လက်စုံစမ်းနေစဲဖြစ်သည်။

သောကြာနေ့ကတည်းက အင်းစိန်ထောင်ဝန်ထမ်းများကို ပြင်ပနှင့်အဆက်သွယ်တင်းကြပ်ထားခဲ့

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဇူလိုင် ၂၂ ရက်နေ့ကတည်းက ထောင်ဝန်ထမ်းများကို တင်းကြပ်မှုများပြုလုပ်ထားပြီး ပြင်ပနှင့်အဆက်သွယ်လုပ်မှုပြတ်တောက်အောင် ထိန်းချုပ်ထားခဲ့သည်ဟု ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားများအတွက် အမှုလိုက်ရှေ့နေတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“မိသားစုနဲ့ တွေ့ခွင့်ပေးမယ်ဆိုကတည်းက တစ်ခုခုတော့ ထူးခြားတယ်လို့ ကျွန်တော်ထင်တယ်။ မနေ့က ကြိုးပေးတယ်လို့တော့ သိရတယ် ၊ ကျိန်းသေတာက သောကြာနေ့ကစပြီး ထောင်ထဲမှာ ဝန်ထမ်းတွေကို တင်းကြပ်ထားတယ်။အထဲနဲ့ကို လုံးဝအဆက်အသွယ်မရတာ ၊ သူတို့ တကယ် ဒီလိုလုပ်လိုက်တယ်ဆိုရင် အားလုံးကို စိန်ခေါ်လိုက်တာပဲ” ဟု အမည်မဖော်လိုသော ရှေ့နေက ပြောသည်။

ေသဒဏ္ခ်မွတ္ခံထားရေသာ ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္တို႔အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေလးဦးကို ျပစ္ဒဏ္စီရင္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း ယေန႔ (ဇူလိုင္လ ၂၅ ရက္) ထုတ္ စစ္ေကာင္စီထုတ္သတင္းစာမ်ားတြင္ ေဖာ္ျပထားသည္။

ဦးေက်ာ္မင္းယု (ခ) ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္(ခ) ေမာင္ေက်ာ္ (ခ)ေရခဲ ၊ ဦးလွမ်ိဳးေအာင္ (ခ) ကိုမ်ိဳးနဲ႔ ေအာင္သူရေဇာ္ (ခ) ကိုသူရတို႔ေလးဦးကို ” အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ျပစ္ဒဏ္စီရင္ ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း” ျမန္မာ့အလင္း၊ ေၾကးမုံတို႔အျပင္ အဂၤလိပ္ဘာသာျဖင့္ထုတ္ေဝေသာ Global New Light of Myanmar သတင္းစာတို႔တြင္ ပါရွိသည္။

ဇူလိုင္လ ၂၂ ရက္က အဆိုပါေလးေယာက္လုံးကို မိသားစုဝင္မ်ားႏွင့္ ပထမဆုံးအႀကိမ္ အြန္လိုင္း ဗီဒီယိုကတဆင့္ေတြ႕ခြင့္ေပးခဲ့ၿပီးေနာက္ ျပစ္ဒဏ္စီရင္ၿပီးေၾကာင္း ထုတ္ျပန္လာျခင္းျဖစ္သည္။

မဇၩိမအေနျဖင့္ သက္ဆိုင္ရာမိသားစုဝင္မ်ား၊ အက်ဥ္းဦးစီးဌာနအပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္း လူပုဂၢိဳလ္မ်ားသို႔ ဆက္လက္စုံစမ္းေနစဲျဖစ္သည္။

ေသာၾကာေန႔ကတည္းက အင္းစိန္ေထာင္ဝန္ထမ္းမ်ားကို ျပင္ပႏွင့္အဆက္သြယ္တင္းၾကပ္ထားခဲ့

ရန္ကုန္ၿမိဳ႕ အင္းစိန္ေထာင္တြင္ ဇူလိုင္ ၂၂ ရက္ေန႔ကတည္းက ေထာင္ဝန္ထမ္းမ်ားကို တင္းၾကပ္မႈမ်ားျပဳလုပ္ထားၿပီး ျပင္ပႏွင့္အဆက္သြယ္လုပ္မႈျပတ္ေတာက္ေအာင္ ထိန္းခ်ဳပ္ထားခဲ့သည္ဟု ဖမ္းဆီးခံရေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ားအတြက္ အမႈလိုက္ေရွ႕ေနတစ္ဦးက မဇၩိမသို႔ေျပာသည္။

“မိသားစုနဲ႔ ေတြ႕ခြင့္ေပးမယ္ဆိုကတည္းက တစ္ခုခုေတာ့ ထူးျခားတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ မေန႔က ႀကိဳးေပးတယ္လို႔ေတာ့ သိရတယ္ ၊ က်ိန္းေသတာက ေသာၾကာေန႔ကစၿပီး ေထာင္ထဲမွာ ဝန္ထမ္းေတြကို တင္းၾကပ္ထားတယ္။အထဲနဲ႔ကို လုံးဝအဆက္အသြယ္မရတာ ၊ သူတို႔ တကယ္ ဒီလိုလုပ္လိုက္တယ္ဆိုရင္ အားလုံးကို စိန္ေခၚလိုက္တာပဲ” ဟု အမည္မေဖာ္လိုေသာ ေရွ႕ေနက ေျပာသည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *