ဗေဒင်

အချော့ဆို အရမ်းကြိုက်တဲ့ တနင်္ဂနွေသားသမီးလေးတွေအကြောင်း….

အချော့ဆို အရမ်းကြိုက်တဲ့ တနင်္ဂနွေသားသမီးလေးတွေအကြောင်း

တနင်္ဂနွေသားသမီးလေးတွေဟာ အပျင်းကြီးပါတယ်။ ဘယ်လောက်ထိ ပျင်းသလဲဆိုရင် ပျင်းဖို့တောင် ပျင်းနေတဲ့သူတွေပါ။ ဉာဏ်ကတော့ ကောင်းကြပါတယ်။

တခြားသူတွေ အမြင်မှာတော့ လူလိမ္မာလေးလို့ ထင်ရပေမယ့် အိမ်မှာဆို အော်ကြောလန်တွေပါ။ ချောတာမျိုး မဟုတ်ပေမယ့် ချစ်ဖို့ ကောင်းကြတယ်။

အငြင်းသန် လိုက်တာလဲ လွန်ရော။ သူတို့နဲ့ ပြိုင်ငြင်းမယ့်အစား ကျားဖင်သာ ပြေးနှိုက်လိုက်ပါ။ အလုပ်တစ်ခု လုပ်ရင်လဲ ကိုယ့် အသိစိတ်နဲ့ကိုယ် လုပ်တယ်။ သူတို့ကို အမိန့်ပေးရင် လုံးဝမကြိုက်ဘူး။

မသိတဲ့ လူတွေနဲ့ ကျရင်တော့ ရုပ်တည်ကြီးနဲ့ မာနကြီးတဲ့ပုံ ဖမ်းတတ်ကြတယ်။ တကယ့်အကြောင်းသိ သူငယ်ချင်းတွေ ကြားထဲမှာတော့ ငပေါ။

အနေအေးတယ် လို့ ထင်ရပေမယ့် တကယ်တမ်းကျ ကုပ်ကမြင်း။ သူငယ်ချင်းတွေကိုလည်း အရမ်း ခင်တတ်တယ်။ အနစ်နာခံပြီး ပေါင်းတတ်တယ်။

ကလေးဆန်တယ် အရွဲ့တိုက် တတ်တယ်။ တော်ရုံလူ တစ်ယောက်ကို မမုန်းတတ်ဘူး။ မုန်းပြီ ဆိုလည်း နာမည်တောင် မကြားချင်တော့ လောက်အောင်ပဲ။

ခံစားချက်ကို ထုတ်ဖော် မပြောတတ်ဘူး တစ်ယောက်ထဲ ကြိတ်ခံစားနေတတ်တယ်။ အမှတ်သည်းခြေ အငြိုးအတေးလဲ ကြီးတယ်။ ( မင်း မိုးကောင်းတုန်းတော့ ရွာထားပေါ့ကွာ ငါ့အလှည့်ကျ မိုးကြိုးပါ ပစ်ချမယ်ဆိုတဲ့ လူမျိုးတွေ )

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုမချစ် ကိုယ့်ကို ချစ်တဲ့သူကိုလည်း ကိုယ်ကမချစ် ဖြစ်နေတတ်တယ်။ ကိုယ့်ချစ်သူ အပေါ်လည်း အရမ်း သဝန်တိုတတ်တယ်။ စိတ်ဆိုးစိတ်ကောက် လွယ်တယ်။

အဲ့အချိန် မချော့ပဲ လွှတ်ထားကြည့် သေအောင် ပေါက်ကွဲပြီ။ ခဏလောက် စိတ်ရှည်ရှည်နဲ့ ချော့ရင်တော့ စိတ်ဆိုးပြေ သွားတတ်တယ်။

အထူးသဖြင့် စိတ်ခံစားအရမ်း လွယ်တယ် သနားစရာ ဇာတ်သိမ်း မလှတဲ့ ဇာတ်လမ်းတွေ ကြည့်ပြီးရင် သူပါ လိုက်ငိုရင်ငို မငိုရင်တောင် မျက်ရည်ဝဲ နေတတ်တယ်။

ချစ်သူအပေါ်မှာလည်း အရမ်း သစ္စာရှိတယ်။ သူ့တို့ ချစ်သူတွေသာ သစ္စာပြန်ရှိကြည့်လိုက် သက်ဆုံးတိုင် လက်တွဲသွားရတတ်တယ်။

ဘာမဟုတ်တဲ့ ပြသနာ သေးသေးလေးတွေက အစ သဝန်တိုတတ်တာမို့ သူတို့ ချစ်သူတွေက နည်းနည်းတော့ သည်းခံပေးလိုက်ပါ။ ( ချစ်ဖို့ကောင်းပါတယ် အဲ့တာလေးတေက )

တနင်္ဂနွေသားသမီးတွေရဲ့ ချစ်သူဖြစ်ပြီ ဆိုတာနဲ့ ချော့နည်းတွေသာ သင်ထား သူတို့က အချော့ကြိုက်တွေ။ သူတို့ အသည်းကွဲ သွားပြီဆိုရင်လည်း နောက်တစ်ခါ ထပ်ချစ်ဖို့ တော်တော်လေး လန့်သွားတတ်ကြတယ်။

ရှင်းရှင်းပြောရရင် အချစ်ဆိုတာကို မယုံရဲတော့ဘူး။ ဒါကြောင့် အချို့ဆို ခုထိ FA ဖြစ်တုန်း ။

သင့်ရဲ့ တနင်္ဂနွေ သူငယ်ချင်း တွေမြင်အောင် ရှယ်သွားပေးပါအုံးနော်။

ဒိဗ္ဗစက္ခု

အေခ်ာ့ဆို အရမ္းႀကိဳက္တဲ့ တနဂၤေႏြသားသမီးေလးေတြအေၾကာင္း

တနဂၤေႏြသားသမီးေလးေတြဟာ အပ်င္းႀကီးပါတယ္။ ဘယ္ေလာက္ထိ ပ်င္းသလဲဆိုရင္ ပ်င္းဖို႔ေတာင္ ပ်င္းေနတဲ့သူေတြပါ။ ဉာဏ္ကေတာ့ ေကာင္းၾကပါတယ္။

တျခားသူေတြ အျမင္မွာေတာ့ လူလိမၼာေလးလို႔ ထင္ရေပမယ့္ အိမ္မွာဆို ေအာ္ေၾကာလန္ေတြပါ။ ေခ်ာတာမ်ိဳး မဟုတ္ေပမယ့္ ခ်စ္ဖို႔ ေကာင္းၾကတယ္။

အျငင္းသန္ လိုက္တာလဲ လြန္ေရာ။ သူတို႔နဲ႔ ၿပိဳင္ျငင္းမယ့္အစား က်ားဖင္သာ ေျပးႏွိုက္လိုက္ပါ။ အလုပ္တစ္ခု လုပ္ရင္လဲ ကိုယ့္ အသိစိတ္နဲ႔ကိုယ္ လုပ္တယ္။ သူတို႔ကို အမိန႔္ေပးရင္ လုံးဝမႀကိဳက္ဘူး။

မသိတဲ့ လူေတြနဲ႔ က်ရင္ေတာ့ ႐ုပ္တည္ႀကီးနဲ႔ မာနႀကီးတဲ့ပုံ ဖမ္းတတ္ၾကတယ္။ တကယ့္အေၾကာင္းသိ သူငယ္ခ်င္းေတြ ၾကားထဲမွာေတာ့ ငေပါ။

အေနေအးတယ္ လို႔ ထင္ရေပမယ့္ တကယ္တမ္းက် ကုပ္ကျမင္း။ သူငယ္ခ်င္းေတြကိုလည္း အရမ္း ခင္တတ္တယ္။ အနစ္နာခံၿပီး ေပါင္းတတ္တယ္။

ကေလးဆန္တယ္ အရြဲ႕တိုက္ တတ္တယ္။ ေတာ္႐ုံလူ တစ္ေယာက္ကို မမုန္းတတ္ဘူး။ မုန္းၿပီ ဆိုလည္း နာမည္ေတာင္ မၾကားခ်င္ေတာ့ ေလာက္ေအာင္ပဲ။

ခံစားခ်က္ကို ထုတ္ေဖာ္ မေျပာတတ္ဘူး တစ္ေယာက္ထဲ ႀကိတ္ခံစားေနတတ္တယ္။ အမွတ္သည္းေၿခ အၿငိဳးအေတးလဲ ႀကီးတယ္။ ( မင္း မိုးေကာင္းတုန္းေတာ့ ရြာထားေပါ့ကြာ ငါ့အလွည့္က် မိုးႀကိဳးပါ ပစ္ခ်မယ္ဆိုတဲ့ လူမ်ိဳးေတြ )

ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုမခ်စ္ ကိုယ့္ကို ခ်စ္တဲ့သူကိုလည္း ကိုယ္ကမခ်စ္ ျဖစ္ေနတတ္တယ္။ ကိုယ့္ခ်စ္သူ အေပၚလည္း အရမ္း သဝန္တိုတတ္တယ္။ စိတ္ဆိုးစိတ္ေကာက္ လြယ္တယ္။

အဲ့အခ်ိန္ မေခ်ာ့ပဲ လႊတ္ထားၾကည့္ ေသေအာင္ ေပါက္ကြဲၿပီ။ ခဏေလာက္ စိတ္ရွည္ရွည္နဲ႔ ေခ်ာ့ရင္ေတာ့ စိတ္ဆိုးေၿပ သြားတတ္တယ္။

အထူးသျဖင့္ စိတ္ခံစားအရမ္း လြယ္တယ္ သနားစရာ ဇာတ္သိမ္း မလွတဲ့ ဇာတ္လမ္းေတြ ၾကည့္ၿပီးရင္ သူပါ လိုက္ငိုရင္ငို မငိုရင္ေတာင္ မ်က္ရည္ဝဲ ေနတတ္တယ္။

ခ်စ္သူအေပၚမွာလည္း အရမ္း သစၥာရွိတယ္။ သူ႔တို႔ ခ်စ္သူေတြသာ သစၥာျပန္ရွိၾကည့္လိုက္ သက္ဆုံးတိုင္ လက္တြဲသြားရတတ္တယ္။

ဘာမဟုတ္တဲ့ ျပသနာ ေသးေသးေလးေတြက အစ သဝန္တိုတတ္တာမို႔ သူတို႔ ခ်စ္သူေတြက နည္းနည္းေတာ့ သည္းခံေပးလိုက္ပါ။ ( ခ်စ္ဖို႔ေကာင္းပါတယ္ အဲ့တာေလးေတက )

တနဂၤေႏြသားသမီးေတြရဲ့ ခ်စ္သူျဖစ္ၿပီ ဆိုတာနဲ႔ ေခ်ာ့နည္းေတြသာ သင္ထား သူတို႔က အေခ်ာ့ႀကိဳက္ေတြ။ သူတို႔ အသည္းကြဲ သြားၿပီဆိုရင္လည္း ေနာက္တစ္ခါ ထပ္ခ်စ္ဖို႔ ေတာ္ေတာ္ေလး လန႔္သြားတတ္ၾကတယ္။

ရွင္းရွင္းေျပာရရင္ အခ်စ္ဆိုတာကို မယုံရဲေတာ့ဘူး။ ဒါေၾကာင့္ အခ်ိဳ႕ဆို ခုထိ FA ျဖစ္တုန္း ။

သင့္ရဲ့ တနဂၤေႏြ သူငယ္ခ်င္း ေတြျမင္ေအာင္ ရွယ္သြားေပးပါအုံးေနာ္။

ဒိဗၺစကၡဳ

Leave a Reply

Your email address will not be published. Required fields are marked *