အထွေထွေဗဟုသုတ

အမျိုးသမီးများတွင် ထင်ရှားစွာ အကျိုးပေးတတ်သော မှဲ့ (၁၀) မျိုး

အမျိုးသမီးများတွင် ထင်ရှားစွာ အကျိုးပေးတတ်သော မှဲ့ (၁၀) မျိုး

၁။ နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်း တစ်လုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသောလင်ယောက်ျားကို ရတတ်သည် ။

အိမ်ထောင်ဆက်များတတ်သည် ။ သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည် ။

၂။ ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော် ချမ်းသာတတ်ပါသည် ။ အိုဇာတာ ကံကောင်းမည် ။

မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည် ။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည် ။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည် ။

၃။ အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည် ။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည် ။

မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည် ။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည် ။

၄။ ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည် ။

တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည် ။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း ၊ အရေးပေခြင်းကို ခံရတတ်သည် ။

၅။ ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည် ။ စန်းအလွန်ပွင့်တတ်သည် ။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည် ။

အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည် ။ ကံကောင်းသူ ဖြစ်တတ်ပါသည် ။

၆။ လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည် ။

၇။ ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည် ။

၈။ ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည် ။ ပစ္စည်းချမ်းသာသော်လည်း

စိတ်မချမ်းသာ ဖြစ်ရတတ်သည် ။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည် ။ ကံဆိုးတတ်ပါသည် ။

၉။ ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည် ။

မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည် ။သားကောင်း သမီးကောင်း ထွန်းကားတတ်သည် ။

၁၀။ မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည် ။ ကတော်မယားဖြစ်တတ်ပါသည် ။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည် ။

မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

zawgyi

အမ်ိဳးသမီးမ်ားတြင္ ထင္ရွားစြာ အက်ိဳးေပးတတ္ေသာ မွဲ႔ (၁၀) မ်ိဳး

၁။ နဖူးျပင္၏ မ်က္ခုံးအထက္နားတြင္ မွဲ႔မည္း တစ္လုံးတည္းရွိလွ်င္ ဂုဏ္ဓနႏွင့္ေက်ာ္ေစာေသာလင္ေယာက္်ားကို ရတတ္သည္ ။

အိမ္ေထာင္ဆက္မ်ားတတ္သည္ ။ သားေယာက္်ားမ်ား ထြန္းကားသည့္မိခင္ ျဖစ္ပါလိမ့္မည္ ။

၂။ ညာဘက္နားထင္ မ်က္ခုံး၏ အနီးအနား ပတ္ဝန္းက်င္တြင္ မွဲ႔ရွိလွ်င္ ငယ္႐ြယ္စဥ္က ဆင္းရဲ၍ ႀကီးေသာ္ ခ်မ္းသာတတ္ပါသည္ ။ အိုဇာတာ ကံေကာင္းမည္ ။

မိမိၾသဇာကို နာခံမည့္ လင္ေယာက္်ားအား ရတတ္သည္ ။ အလုပ္အကိုင္ မွန္သမွ်ကို ဦးစီးဦးေဆာင္ ျပဳလုပ္တတ္သည္ ။ သားေယာက္်ားေမြးၿပီး အက်ိဳးေပးတတ္သည္ ။

၃။ အထက္ႏႈတ္ခမ္း (သို႔) ေအာက္ႏႈတ္ခမ္း အနီးတဝိုက္တြင္ မွဲ႔ရွိလွ်င္ မိမိကို ခ်စ္ျမတ္ႏိုးေသာ ေယာက္်ားမ်ား ေပါမ်ားတတ္သည္ ။ ေယာက္်ားမ်ား၏ ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္ႏိုးျခင္းကို ခံရမည္ ။

မိမိကိုယ္တိုင္လည္း အခ်စ္ႏွင့္ပတ္သက္လွ်င္ အစြဲအလမ္းစိတ္ ႀကီးတတ္သည္ ။ အစားအေသာက္ေကာင္းမ်ားကို အထူးႀကိဳက္ႏွစ္သက္သူျဖစ္သည္ ။

၄။ ဘယ္ဘက္ပါးျပင္မို႔တြင္ မွဲ႔ရွိလွ်င္ စိတ္ႏု၍ အညႇာလြယ္တတ္ပါသည္ ။

တဖက္သားေျပာလာသည့္စကားကိုမစဥ္းစားဘဲ အယုံလြယ္တတ္ပါသည္ ။ ေယာက္်ားမ်ား၏ စိတ္ဝင္စားျခင္း ၊ အေရးေပျခင္းကို ခံရတတ္သည္ ။

၅။ ညာဘက္ပါးျပင္မို႔တြင္ စံပယ္တင္မွဲ႔ရွိလွ်င္ လူခ်စ္လူခင္မ်ားတတ္သည္ ။ စန္းအလြန္ပြင့္တတ္သည္ ။ လင္ေယာက်ာ္းအေပၚ သစၥာရွိတတ္သည္ ။

အလုပ္အကိုင္ အဆင္ေျပ၍ ေအာင္ျမင္ေက်ာ္ၾကားမည္ ။ ကံေကာင္းသူ ျဖစ္တတ္ပါသည္ ။

၆။ လည္ပင္းတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာႂကြယ္ဝတတ္ပါသည္ ။

၇။ ဘယ္ ညာ လက္ေမာင္း (သို႔) ဘယ္လက္ဖ်ံ ညာလက္ဖ်ံတြင္ မွဲ႔ရွိလွ်င္ ပင္ပင္ပန္းပန္း လုပ္ကိုင္စားေသာက္ျခင္း မျပဳရဘဲ ေအးေအးခ်မ္းခ်မ္းႏွင့္ ေနထိုင္ရတတ္ပါသည္ ။

၈။ ညာဘက္သားျမတ္ (သို႔) ဘယ္ဘက္သားျမတ္ေပၚတြင္ မွဲ႔တလုံးထက္ပိုၿပီး မ်ားစြာရွိလွ်င္ ငယ္စဥ္က မိဘတို႔၏စြန႔္ပစ္ျခင္းကို ခံရတတ္သည္ ။ ပစၥည္းခ်မ္းသာေသာ္လည္း

စိတ္မခ်မ္းသာ ျဖစ္ရတတ္သည္ ။ေလာဘရမၼက္ ႀကီးတတ္သည္။ မုဆိုးမ ျဖစ္တတ္ပါသည္ ။ ကံဆိုးတတ္ပါသည္ ။

၉။ ရင္၏အလယ္ဗဟိုတည့္တည့္တြင္ မွဲ႔ရွိလွ်င္ ပစၥည္းဥစၥာ ျပည့္စုံတတ္ပါသည္ ။

မိမိအေပၚ အလိုလိုက္ အႀကိဳက္ေဆာင္မည့္ လင္ေယာက္်ားကို ရတတ္သည္ ။သားေကာင္း သမီးေကာင္း ထြန္းကားတတ္သည္ ။

၁၀။ မွဲ႔စလြယ္ ပါရွိလွ်င္ ငယ္စဥ္က ဆင္းရဲေစကာမူ ခ်မ္းသာႂကြယ္ဝလာတတ္သည္ ။ ကေတာ္မယားျဖစ္တတ္ပါသည္ ။ လူသိမ်ားၿပီး ထင္ရွားေက်ာ္ၾကားေသာ လင္ေယာက်ာ္းကို ရတတ္ပါသည္ ။

မည္မွ်ဆိုးသြမ္းေသာ ေယာက်ာ္ား ျဖစ္ေစကာမူ မိမိ၏ၾသဇာကို နာခံမည့္လင္ေယာက်ာ္းႏွင့္ ေပါင္းဖက္ ႏိုင္ေပေတာ့သတည္း ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *