ကြားသိရသမျှ

စက်သုံးဈေး ဆက်တိုက်မြင့်တက် ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၆၀၀ဝန်းကျင်ဖြစ်လာ

ဇန်နဝါရီ ၂၃

စက်သုံးဆီဈေးနှုန်းတွေဟာဇန်နဝါရီလ၁၂ရက်ကနေစတင်ကာဓာတ်ဆီတစ်လီတာကိုအနည်းဆုံးကျပ်၂၀၀၀ကျော်ကိုရောက်ရှိလာတာဖြစ်ပြီးဈေးနှုန်းတွေကနေ့စဉ်ကျဆင်းခြင်းမရှိပဲ ဆက်တိုက်မြင့်တက်နေတယ်လို့ဆိုပါတယ်။

စက်သုံးဆီဈေးကွက်အတွင်းဓာတ်ဆီ၉၂တစ်လီတာ၂၄၀၀ကျပ်ဝန်းကျင်နဲ့ပရီမီယံဒီဇယ်အမြင့်ဆုံးဈေး၂၆၀၀ကျပ်ခန့်ဈေးအထိဖြစ်ပေါ်ကာဝယ်ယူသုံးစွဲနေရကြောင်းဈေးကွက်ကနေသိရပါတယ်။

စက်သုံးဆီဈေးမြင့်တက်လာခြင်းကိုနိုင်ငံတကာစက်သုံးဆီဈေးနှုန်းမြင့်တက်နေခြင်းကြောင့်ဖြစ်တယ်လို့လည်း စက်သုံးဆီကော်မတီကထုတ်ပြန်ပြောကြားထားပါတယ်။

ဒီကနေ့စက်သုံးဆီကော်မတီရဲ့ရည်ညွှန်းဈေးထုတ်ပြန်ချက်မှာဓာတ်ဆီ၉၂တစ်လီတာ၂၃၀၅ကျပ် ၊၉၅တစ်လီတာ၂၃၈၅ကျပ်နဲ့သာမာန်ဒီဇယ်တစ်လီတာ၂၄၈၀ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ၂၅၆၀ကျပ်ဈေးတွေသတ်မှတ်ထားပါတယ်။

စက်သုံးဆီဈေးနှုန်းတွေအနေနဲ့ မနေ့ကနဲ့ဒီကနေ့ဈေးနှုန်းတွေဟာဈေးတူညီနေပြီး မြင့်တက်လာတဲ့စက်သုံးဆီဈေးတွေကြောင့် အချို့အငှားယာဉ်တွေမှာလည်းကားအုန်နာကြေးနဲ့မကိုက်ညီတာတွေ

အငှားကားခဈေးတွေ မြင့်တက်လာတဲ့အခြေအနေတွေ တွေ့ကြုံနေရတယ်လို့ အင်းစိန်မြို့နယ်အတွင်း အငှားကားမောင်းနှင်သူ တစ်ဦးကပြောကြားထားပါတယ်။

crd

zawgyi

ဇန္နဝါရီ ၂၃

စက္သုံးဆီေဈးႏႈန္းေတြဟာဇန္နဝါရီလ၁၂ရက္ကေနစတင္ကာဓာတ္ဆီတစ္လီတာကိုအနည္းဆုံးက်ပ္၂၀၀၀ေက်ာ္ကိုေရာက္ရွိလာတာျဖစ္ၿပီးေဈးႏႈန္းေတြကေန႔စဥ္က်ဆင္းျခင္းမရွိပဲ ဆက္တိုက္ျမင့္တက္ေနတယ္လို႔ဆိုပါတယ္။

စက္သုံးဆီေဈးကြက္အတြင္းဓာတ္ဆီ၉၂တစ္လီတာ၂၄၀၀က်ပ္ဝန္းက်င္နဲ႔ပရီမီယံဒီဇယ္အျမင့္ဆုံးေဈး၂၆၀၀က်ပ္ခန႔္ေဈးအထိျဖစ္ေပၚကာဝယ္ယူသုံးစြဲေနရေၾကာင္းေဈးကြက္ကေနသိရပါတယ္။

စက္သုံးဆီေဈးျမင့္တက္လာျခင္းကိုႏိုင္ငံတကာစက္သုံးဆီေဈးႏႈန္းျမင့္တက္ေနျခင္းေၾကာင့္ျဖစ္တယ္လို႔လည္း စက္သုံးဆီေကာ္မတီကထုတ္ျပန္ေျပာၾကားထားပါတယ္။

ဒီကေန႔စက္သုံးဆီေကာ္မတီရဲ႕ရည္ၫႊန္းေဈးထုတ္ျပန္ခ်က္မွာဓာတ္ဆီ၉၂တစ္လီတာ၂၃၀၅က်ပ္ ၊၉၅တစ္လီတာ၂၃၈၅က်ပ္နဲ႔သာမာန္ဒီဇယ္တစ္လီတာ၂၄၈၀က်ပ္နဲ႔ ပရီမီယံဒီဇယ္တစ္လီတာ၂၅၆၀က်ပ္ေဈးေတြသတ္မွတ္ထားပါတယ္။

စက္သုံးဆီေဈးႏႈန္းေတြအေနနဲ႔ မေန႔ကနဲ႔ဒီကေန႔ေဈးႏႈန္းေတြဟာေဈးတူညီေနၿပီး ျမင့္တက္လာတဲ့စက္သုံးဆီေဈးေတြေၾကာင့္ အခ်ိဳ႕အငွားယာဥ္ေတြမွာလည္းကားအုန္နာေၾကးနဲ႔မကိုက္ညီတာေတြ

အငွားကားခေဈးေတြ ျမင့္တက္လာတဲ့အေျခအေနေတြ ေတြ႕ႀကဳံေနရတယ္လို႔ အင္းစိန္ၿမိဳ႕နယ္အတြင္း အငွားကားေမာင္းႏွင္သူ တစ္ဦးကေျပာၾကားထားပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *