ဗေဒင်

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလုပ်ထဲမှာဖိအားတွေနဲ့ လုပ်ကိုင်ရတတ်ပါတယ်။ကံကောင်း ခြင်းတွေရဖို့ထက် ဉာဏ်ဝီရိယအားကို တိုးပွား အောင် လုပ်သင့်ပါတယ်။ ဆင်ခြင်ဉာဏ်ရှိဖို့လိုတယ်။ အဲလိုမှမဟုတ် ရင်အလုပ်ခွင်မှာ မှားမှားယွင်းယွင်း တွေဖြစ် နေ ရတတ်ပါတယ်။

မိမိကျန်းမာရေးကိုဂရုစိုက်လိုက်ပါ။ မိုးမိမခံနဲ့ ။ မိခင် ရှိရင်လဲ မိခင်ကျန်းမာရေးကို ဂရုစိုက် ပေးပါ။ငွေကုန်ရပေမဲ့ တစ်ခုခုတော့အဖတ်တင်ပါလိမ့်မယ်။သားသမီးတွေကို ဆိုဆုံးမခက်ရတတ်ပါတယ်။ မိတ်ဆွေ ကောင်းတွေရဲ့ အကူအညီတွေတော့ ရလာတတ်ပါတယ်။ အဖိုးတန် ပစ္စည်း များမေ့ကျန် ကျပျောက်တတ်ပါတယ်။

တနင်္လာ

အဘက်ဘက်ကကံအင်အားကောင်းနေတတ်ပါတယ်။ သူ တစ်ပါးတွေကိုလဲ ကောင်းစွာကူညီပေးနိုင်ပါလိမ့်မယ်။ မိမိလိုချင်တဲ့စက်ပစ္စည်းတွေဒီနေ့မှာဝယ်ဖြစ်ပါလိမ့်မယ်။ စာအုပ်စာပေတွေထဲ ကအသိဉာဏ်တွေကို ရရှိလာ နိုင်ပါ တယ်။

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကောင်းမွန်သော၊ သမ္မာအာဇီဝကျသောအလုပ်တွေကနေ ဝင်ငွေထူးထူး ခြားခြား ရပါလိမ့်မယ်။နိုင်ငံခြားကိစ္စတွေဆောင်ရွက်လို့ အဆင် ပြေနိုင်ပါတယ်။

ဆွေမျိုးထက်တစိမ်း တရံတွေဆီက အကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။ကိုယ်၏ကျန်းမာခြင်းတွေနဲ့ပြည့်စုံကုံလုံမဲ့နေ့ရက်မျိုးပါပဲ။ သားသမီးအောက်လက်ငယ်သားတွေကို မိမိတို့လိုရာပုံသွင်းနိုင်မဲ့နေ့ရက်ပါပဲ။

အင်္ဂါ

အကြပ်အတည်းတွေများပါတယ်။ မိမိလုပ်ချင်တာတွေကိုလဲ လုပ်ခွင့်မရနိုင်သေးပါဘူး။ ငွေတွေမြုပ်ရင်လဲ ပြန်ဖော် ရ ခက်ပါတယ်။အရေးကြီးတဲ့ကိစ္စများ၊ငွေကြေးရင်းနှီးမြုပ်နှံခြင်း များလဲ အထူးရှောင်လိုက်ပါ။

ကျန်းမာရေးကလဲ အခြားအရာဆိုအဆင်ပြေပေမဲ့ ဗိုက်အောက်ဗိုက်နာတယ်ဆိုရင် တော့မပေါ့သင့်ပါဘူး။ မိမိစချင်တဲ့၊ မိမိလုပ်ချင်တဲ့ အလုပ်ကိစ္စတွေအတွက်စတင်ပြင်ဆင်လို့တော့အထူးကောင်းပါ တယ်။

ဘာသာရေးနဲ့ ပတ်သက်ပြီး သံဝေဂဉာဏ် ရရှိတတ်ပါတယ်။ ကိုယ်ပိုင်ဆိုင်များ ရောင်းအားကောင်းပေမဲ့ အကြွေး အလွန်ကျနေတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

မိမိအတွက်အရာရာလောင်းရိပ်မိနေတတ်ပါတယ်။ မိမိ စိတ်ကူးအကြံအစည်း တိုင်းလုပ်ခွင့်မရတတ်တဲ့ နေ့ရက် ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကုန်ကျစရိတ်များနေ မယ်။ မိမိစုထားတာလေး တွေထုတ်သုံးရတတ် ပါ တယ်။

ကျန်းမာရေးနဲ့ ပတ်သက်ရင် အဆုတ်ပွပြီးချောင်းဆိုးတတ်ပါ တယ်။ မိမိအနားမှာမိတ်ဆွေအတုအယောင် တွေများနေတတ်ပါတယ်။ ဝန်ထမ်းများ အလုပ်မယ်မယ်ရရမရှိပေမဲ့ အလုပ်နဲ့ပတ်သက်တဲ့ခရီးမျိုးတွေ ကြုံရနိုင် ပါတယ်။လက်ဝယ် ရှိတဲ့ စက်ပစ္စည်းတွေလဲ အပျက်များနေတတ်ပါတယ်။ ကံကောင်းတာကဘာဝနာတရား အလုပ် တွေက အထူးတိုးတတ်နိုင်တယ်ဗျ။

ကြာသပတေး

အညံ့တွေစတင်ပြေပျောက်ပါလိမ့်မယ်။ လူအများရဲ့လေးစားခြင်းကို ခံရတတ်ပါတယ်။မိတ်ဆွေသူငယ်ချင်းတွေ ဆီကအကူအညီတွေရလိမ့်မယ်။ သားသမီးတွေကြောင့် မိဘတွေ ဂုဏ်တတ် ပါလိမ့်မယ်။

ငွေကြေးနဲ့ပတ်သက် ပြီးတော့လဲ ရှာဖွေစုဆောင်းလို့အထူးကောင်းပါတယ်။ ကျန်းမာရေးကို လဲအထူးတိုးတတ်အောင် စွမ်းဆောင် နိုင်လိမ့်မယ်။ ခံစားရတဲ့ဝေဒနာတွေသက်သာခွင့်ရလာပါလိမ့်မယ်။

ခရီးကိစ္စ များအထူးအဆင်ပြေ ပါလိမ့်မယ်။ လုပ်ငန်းနဲ့ ပတ်သက်ပြီး အထက်လူကြီးရဲ့သင်ပြမှုတွေကို ရရှိပါလိမ့်မယ်။ မိသားစု ကိစ္စများ အဆင်ပြေချောမွေ့နေ ပါလိမ့်မယ်။

သောကြာ

စိတ်ချမ်းသာရတတ်ပါတယ်။ ကြည်နူးပျော်ရွှင်ရပါလိမ့် မယ်။မိမိအတွက်ကောင်းသောလိုအင်ဆန္ဒ တွေပြည့်၀ ရတတ်ပါတယ်။ချစ်သူဆီကတန်ဖိုးထားစရာလက်ဆောင်တွေ လဲရလာတတ်ပါတယ်။

မိသားစုမပြေလည်တာ တွေ ကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကိုများပါတယ်။ အလှအပ နဲ့ပတ်သက် သော အလုပ်တွေအထူးကောင်းပါတယ်။

အလှကုန်ပစ္စည်း များစတင်ရောင်းချခြင်းအထူး ကောင်းပါတယ်။ဒါနတွေ အလွန်ပြုရတတ်ပါတယ်။လူချစ်လူခင်များနေတတ်ပြီး အချစ် ရေးကိစ္စတွေမှာလဲစန်း အလွန်ပွင့်နေတတ်ပါ တယ်။

စနေ

အလုပ်တွေတိုးတတ်လာလိမ့်မယ်။ အဝေးမှာချဲ့ထွင်ထား တဲ့အလုပ်တွေကအကျိုးအမြတ်ကြီးစွာရရှိပါလိမ့်မယ်။ လှောင်ကုန်တွေရောင်းထွက်ပါလိမ့်မယ်။ တစ်ပတ်ရစ်များ၊ second ပစ္စည်းရောင်းချသူများအဆင်ပြေပါလိမ့်မယ်။

သူတစ်ပါးတွေကိုနားဝင်အောင်၊မိမိကိုလက်ခံလာအောင် သိမ်းသွင်းနိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာတော့ စန်းပွင့်နေတတ်ပါတယ်။အိမ်ထောင်သည်များမြူဆွယ်ခြင်း ခံရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မိမိတွေးထား တာတွေရှိရင်အကောင်အထည်ဖော်ပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Leave a Reply

Your email address will not be published. Required fields are marked *