ကြားသိရသမျှ

မိသားစုဝင်အားလုံးကို အိပ်ငွေ့ချပြီး တအိမ်လုံးကို ဖောက်ထွင်းသွားတဲ့ကြောက်စရာဖြစ်ရပ်

ခိုးဆိုးလုယက် အိမ်ဖောက်ထွင်းမှုတွေဟာ ခုနောက်ပိုင်းမှာ ပိုမိုဆိုးရွားလာနေပါတယ်။ နိုင်ငံရေးမကောင်းလို့ ထိန်းချုပ်မှုမလုပ်နိုင်တဲ့အခါ ပြည်သူတွေအတွက် မလုံခြုံတော့ပါဘူး။ ခုနောက်ပိုးမှာ ခိုးဆိုးလုယက်သူတွေဟာ သာမန်မဟုတ်တော့ပဲ အထူးအဆန်းပစ္စည်းတွေကို အသုံးပြုလာတာတွေရပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ထူးဆန်းတဲ့သတင်းကတော့ နည်းပညာအကူအညီနဲ့ အိပ်ငွေ့ချပြီး အိမ်ဖောက်သွားတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ သူခိုးက အိမ်ရှေ့မှာ မစင်စွန့်ပြီး အိမ်ပေါ်က လူတွေ မနိုးအောင် အစီအရင်လုပ်တဲ့ နည်းလမ်းကို မြန်မာနိုင်ငံသား တော်တော်များများ ရင်းနှီးကြပါတယ်။ ဒါပေမယ့် ဒီတခါကတော့ ထူးဆန်းတဲ့ ပစ္စည်းတခုနဲ့ အိပ်ငွေ့ချသွားတာလို့ သိရပါတယ်။ ပို့စ်တင်သူရဲ့ ရေးသားမှုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၄ ရက်နေ့က မှုံတို့အိမ်အဖောက်ခံရတုန်းက ကျန်ခဲ့တာလေး။ အိပ်မွှေ့ချပြီး အခိုးခံရတာပါ အိမ်ကလည်းပြောင်းခါစမို့လည်း ပါလိမ့်မယ်။ ပုံမှာပြထားတဲ့ ဝါယာကြိုးလေးနှစ်ခုကို ဆက်လိုက်ရင် အငွေ့တွေ မတရားထွက်လာတာပါ။ မယုံလို့ ကိုယ်တိုင် အဲ့အငွေ့ကို အာချောင်ပြီးရှုကြည့်တာ တရေးပြန်အိပ်ပျော်သွားရော။ ဟု (Ei Ya Mone Thwe) ဆိုတဲ့အကောင့်ပိုင်ရှင်က သူအတွေအကြုံကို FB မှာတင်ထားတပါ။

ကျွမ်းကျင်သူတွေကတော့ ဓာတုဗေဒ ဓာတ်ပြုမှုကို အသုံးချပြီး အိပ်ပျော်စေတဲ့ ဓာတ်ငွေ့ ထွက်အောင်လုပ်တဲ့ ပစ္စည်းလို့ ခန့်မှန်းနေကြပြီး တချို့လူတွေကတော့ မယုံဘူးလို့ ကွန်းမန့်တွေ ရေးသားကြပါတယ်။ ဒါကမြိတ်မြို့မှာဖြစ်သွားတဲ့ အိမ်ဖောက်ထွင်းမှု ဖြစ်ပါတယ်။ တခြားမြို့တွေမှာလဲ မဖြစ်နိုင်ဘူးလို့ ‌ေ‌ေပြာမရပါဘူး။ ဘာပဲပြောပြော မိမိအိမ်နဲ့မိသားစုကို လုံခြုံစွာစောင့်ရှောက်ဖို့ လိုအပ်လာပါပြီနော်။

တရားဥပဒေ စိုးမိုးမှု လျော့နည်းလာတာကြောင့် ခိုးဆိုးလုနှိုက် ဖောက်ထွင်းမှုများလည်း အများအပြား ဖြစ်ပေါ်နေပြီး ယခုလို နည်းပညာမြင့် ပစ္စည်းတွေနဲ့ ဖောက်ထွင်းမှုတွေ၊ ဆိုင်ကယ်နဲ့ ကားခိုးယူမှုတွေ လုပ်လာကြတာကို တွေ့ရပါတယ်။ အားလုံးလဲ ခိုးဆိူးလုယက်ရန်မှ ကင်းဝေကြပါစေ။ မိမိပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင်ကြိုးစားပြီး အကောင်းဆုံးတည်ဆောက်နိုင်ပါစေ။

ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *