Uncategorized

၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း(15.1.2023 မှ 21.1.2023 အထိ)

၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း(15.1.2023 မှ 21.1.2023 အထိ)

တနင်္ဂနွေ

ဒီအပတ်ထဲ လေးလေးနက်နက်တွေးတောလုပ်ကိုင်တာမျိုးမဟုတ်ဘဲ ပေါ့ပေါ့တန်တန်လုပ်ကိုင်နေမိတတ် ပါတယ်။လက်ရှိလုပ်နေတဲ့အလုပ်၊ လက်ရှိနေထိုင်နေတဲ့ပတ်ဝန်းကျင်ကနေ မနေချင် မထိုင်ချင် ဖြစ်ရပါတယ်။

လူ ငယ် တွေဆို စိတ်ထွက်ပေါက်တစ်ခုခုလုပ်မိတတ်ပါတယ်။ အားနာတတ်သူများ၊ သနားလွန်းသူများ ဒီအပတ်မှာ သတိ ထားပါ။ အားနာ၊သနားပြီး ကူညီလိုက်တဲ့ကိစ္စတွေကစေတနာကနေ ဝေဒနာဖြစ် သွားရတတ်ပါ တယ်။

ငွေက အဝင် များနေသလို အထွက်လဲများနေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ပြဿနာ ဖြစ်မိရင်တော့ ပြန်လည် အဆင်ပြေ ဖို့ကြန့်ကြာတတ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အငန်နှင့် အရက်ကို အလွန်အကျွံ သုံးစွဲတာမျိုးလဲ ရှောင်လိုက်ပါ။ကောင်းသော၊မြင့်မြတ်သောကိစ္စမှန်သမျှဆောင်ရွက်ပါကအဆင်ပြေခြင်း ပြီး မြောက်ခြင်းသို့ရောက် ရှိပါလိမ့်မယ်။

မိမိဆိုင်၊မိမိအလုပ်ခန်းအားပြင်ဆင်ခြင်းများ၊ဆေးပြန်သုတ် ခြင်းများဒီအပတ် မှာ ဆောင်ရွက်လို့ အလွန်ပဲ ကောင်းပါတယ်။

စက်ပစ္စည်းဝယ်ခြင်း၊ ရောင်းခြင်းများလဲဆောင် ရွက်နိုင်ပါတယ်။ အောက်လက်ငယ်သား တွေကိုမြှောက်စားခြင်း၊ ထောက်ပံ့ခြင်းမျိုးကိုလုပ်ဆောင်ခြင်းဖြင့် မိမိအကျိုးကိုကြည့်မဲ့ ဝန်ထမ်းတွေရှိလာပါ လိမ့်မယ်။

ငွေဝင်မဲ့ကံရှိပါတယ်။ ဝါသနာပါရင် ကြာသပတေးသားသမီးနှင့် စပ်တူထီကံစမ်း ကြည့်လိုက်ပါ။အကျိုးပေးဂဏန်း ၁/၇/၄အထူးဟော စိတ်ထွက်ပေါက်တစ်ခု ရှာချင်နေတတ်ပါတယ်။ယတြာ အာလူးကြော်တစ်ပွဲဘုရားကပ်လှူပေးပါ။

တနင်္လာ

ဒီလိုနေ့ရက်တွေမှာတော့ မိတ်ဆွေကောင်းတွေဆုံးရှုံးရတတ်ပါတယ်။ ကံကောင်းတာက မိမိကိုလမ်းပြပေးမဲ့ ဆရာသမားတွေနဲ့ဆုံရတတ်ပါတယ်။

ကိစ္စတစ်ခုခုအကြပ်အတည်းဖြစ်လာရင် ဘုရားရှင်ကိုတိုင်တည်သစ္စာပြုခြင်း ဖြင့်ကျော်လွှားနိုင်ပါလိမ့်မယ်။မိမိကိုယ်တိုင်ကစီးပွားရေးအပေါ်နားမလည်ရင်တောင်မှ မိမိလုပ်ဆောင်မှုတွေက စီးပွားရေးကိုပိုမိုကောင်း သွား စေတတ်ပါတယ်။

ခေါင်းဆောင်များ၊ မန်နေဂျာများ မိမိ အောက်ငယ်ငယ်သားတွေကို ကောင်းစွာစီမံ ခန့်ခွဲနိုင် ပါလိမ့်မယ်။ သားသမီးပညာရေးအတွက်စိတ်ချမ်းသာရ လိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျယ်ပြန့်သွား ပါ လိမ့်မယ်။

မိတ်ဆွေသစ်တွေရလာလိမ့်မယ်။ ဖခင်ရဲ့ စီးပွားရေး၊မိသားစုစီးပွားရေးတွေ ကိုတတ်နိုင်သ၍ ကူညီ ပေးနေ ရတတ်ပါတယ်။ ခရီးကိစ္စတွေ အလွဲအလွဲအချော်ချော်ဖြစ်ရတတ်ပါတယ်။

ငွေအလွန် မှအထွက်များ တဲ့အချိန် အခါပဲဖြစ်ပါတယ်။ လက်ထဲငွေရှိနေရင်ဆီလို အပေါက် ရှာ ပြီးထွက် ရတတ်ပါတယ်။ စီးပွားရေး အလုပ်တွေကို အသစ်အဆန်းတစ်ခုခု စလုပ်မိရင် အဆင်မပြေတာ ကပို များပါလိမ့်မယ်။

အောက်လက် ငယ်သား တွေကို ယုံပြီး အရေးကြီးတဲ့အလုပ်တွေမ ခိုင်းမိပါစေနဲ့။ မိမိသားသမီး ကျန်းမာရေး အတွက် ငွေကုန်ရ တတ် ပါတယ်။

အပြောမှား အလုပ်မှားတွေ ဖြစ်တတ်ပါတယ်။ ဘာလုပ်လုပ်အရင် စဉ်း စား ချင့်ချိန်ပြီးမှလုပ်ကိုင် စေချင်ပါတယ်။ လူငယ်လေးများအသွားအလာ ဆင်ခြင်ပါ။ ရန်ဖြစ်တတ်ပါတယ်။

အစားမှား ဆေးမှားဆိုတာ မျိုး အလွန်မှ ဖြစ်လွယ်ပါတယ်။ ကျန်းမာရေး ဂရုစိုက် ပေးလိုက်ပါ။ အချစ်ရေးမှာတော့စန်းအားကောင်းနေတဲ့ ကာလ ပါပဲ။

ပညာသစ်တွေရလွယ်ပါတယ်။အကျိုးပေးဂဏန်း ၁/၉/၅အထူးဟော ကံသင့်ပါတယ်။ ယတြာ ကော်ပြန့်ကြော်ဘုရားကပ်လှူပေးပါ။

အင်္ဂါ

မိတ်ဆွေတိုးလာမယ်။ဈေးသည်များ၊ဆိုင်များဖောက်သည်သစ်တွေရလာမယ်။ လုပ်ငန်းကြီးတွေနဲ့ချိတ်ဆက် မိပါလိမ့်မယ်။သတိပေးချင်တာက အိမ်ထောင် သည်များစုတ်ကိစ္စတွေမရှုပ်ထွေးမိပါစေနဲ့။

လုပ်မိရင်တော့ ရှင်းမရ ဖြစ် တတ်ပါ တယ်။ မထင်မှတ်ဘဲအလုပ်အော်ဒါ တွေများ လာတတ်ပါတယ်။ လူမှုရေးကိစ္စ တွေနဲ့ပတ်သက်ပြီး ထင်ပေါ်ကျော်ကြားလိမ့််မယ်။ကိုယ်ဖြစ်ချင်တဲ့အခြေအနေကိုကူညီပံ့ပိုးပေးမဲ့သူတွေနဲ့ကြုံရတတ်ပါတယ်။

လက်လီ ထက် လက်ကားအလုပ်များနှင့် လုပ်ငန်းကြီးတွေကတော့အဆင်ပြေနိုင်တာကိုတွေ့ ရပါတယ်။ လုပ်ငန်းနဲ့ပတ်သက် ပြီးတော့လဲ လုံ့လဝီရိယစိုက်ထုတ်နိုင်သလောက်အဆင်ပြေတိုးတတ်နိုင်ပါတယ်။

အချိန် မဖြုန်း ဖို့ အထူးမှာ ချင်တယ်။ ခေါင်းရှုပ်၊စိတ် ညစ်နေတတ်တာမျိုးတော့ရှိနိုင်ပါတယ်။စက်တွေအပျက်အစီး များနေပါ လိမ့်မယ်။ အခွင့် အရေးကောင်းတွေ လက်ဝယ်ရရှိမဲ့ အချိန်ကာလ ပါပဲ။

အတိုက်အခံကြားမှငွေကံ ကောင်းပါလိမ့် မယ်။အပျော် အပါး နဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ ငွေကုန်မှုတွေ၊ငွေ ဖြုန်းတီးမှုတွေမရှိအောင်ကြိုး စားရပါလိမ့်မယ်။

ဘာသာ ရေး၊ ကုသိုလ်ရေး၊ဒါနတွေများများလုပ်လေကံကောင်းလေ ပါပဲ။နှလုံးသားရဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ လူချစ် လူခင် များနေတတ်ပါတယ်။

အချစ်ရေးမှာတော့ မိမိရဲ့တွေဝေမှုကြောင့် အခွင့် အလမ်းတွေကို လက်လွှတ်ရတတ်ပါ တယ်။ ကျန်းမာရေး အရမ်းဆိုးနေတာမျိုးမတွေ့ရပါ။

အကျိုးပေးဂဏန်း ၃/၆/၂အထူးဟော အကူအညီများစွာရတတ်ပါတယ်။ ယတြာ ဒဏ်ကြေလိမ်းဆေးတစ်ဗူး လူကြီးမိဘတွေကိုလှူဒါန်းလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

စာရွက်စာတမ်းကိစ္စ၊စာချုပ်ကိစ္စ၊အစိုးရဌာနဆိုင်ရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေများအညံ့များတယ်။ချစ်သူဆီကမျှော်လင့်ထားတဲ့ အဖြေရတတ်ပါတယ်။ အချစ်ရေး ကံကောင်းနေပါလိမ့်မယ်။

ခရီးကိစ္စတွေ တော်တော် များများအဆင်ပြေပါလိမ့်မယ်။အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တော့လဲ အထူးအဆင်ပြေစိတ်ချမ်း သာ ရမယ်။ ခြေလှမ်းအသစ်စတင်လှမ်းရမဲ့ကာလပါပဲ။ အဟောင်းတွေကို စွန့်ခွာပြီး အသစ်ဖန်တီးသွားရမဲ့အချိန်ပါ။

ဒီအပတ်ဟာ မိမိကိုလိမ်လည်သွားသူမျိုးနဲ့လဲ ဆုံရတတ်ပါတယ်။ ကူညီမလိုနဲ့ ဒုက္ခပေးသွားတတ်ပါတယ်။ ကိုးကွယ် စရာ ဘာသာရေးနဲ့ပတ်သက်သော ဘုရား ရဟန္တာ ပုံတော်ကားချပ်များလဲ ရောက်လာတတ်ပါတယ်။

လူမျိုးခြား ဘာသာ ခြားတွေနဲ့ပတ်သက်လုပ်ကိုင်ခြင်းများလဲ အမှားများနိုင်တဲ့အချိန်ပါပဲ။ ဒီအပတ်ဟာ ဘာကိစ္စပဲဖြစ်ဖြစ် ကြား ကနေ အကျိုးတော်ဆောင်တစ်ဦးကဆင့် ဆောင်ရွက်သွားခြင်းက ပိုမိုအဆင်ပြေပါ တယ်။

စီးပွားအလုပ် ကောင်း မွန်တဲ့ ကာလပါပဲ။

ဒါပေမဲ့ဈေးဆိုင်တွေဆို ရောင်းအားကောင်းပေမဲ့ အကြွေးကျတာတွေ၊ အလုပ်အော်ဒါတွေရှိ ပြီးတော့ ငွေချက်ချင်းမပေါ်တာမျိုးတွေလဲ ဖြစ်နေရတတ်ပါတယ်။

အလုပ်ကကြီးလာပြီး ငွေမနိုင်တာမျိုးတွေ ဖြစ် လာ တတ် ပါတယ်။ ဝန်ထမ်းများလဲ နေရာကောင်းရပြီးတော့ အလုပ်တွေကလဲပုံနေတတ်ပါသေးတယ်။

ငွေချေး ငှား တာမျိုး တွေ၊ စာချုပ်စာတန်းမပါဘဲငွေလွယ်လွယ်ပေးလိုက်တာမျိုးတွေတော့ ဒီအပတ်မှာရှောင်ရှားစေချင် ပါတယ်။

အကျိုးပေးဂဏန်း ၈/၇/၀အထူးဟော အလုပ်တွေများပြားပင်ပန်းနေတတ်ပါတယ်။ ယတြာ ဇီးယိုစုံ တစ်ထုပ် ဘုရားလှူပေးပါ။

ကြာသပတေး

ဒီအပတ်ထဲ လွတ်လပ်မှုတွေပျောက်ဆုံးနေတတ်ပါတယ်။ အားလပ်ချိန်မရဘဲ အလုပ်ကိစ္စတွေ၊ကျောင်းသား တွေ ဆို ကျောင်းကိစ္စတွေထဲ ခေါင်းစိုက်နေရတတ်ပါတယ်။ ကိစ္စများ၊အလုပ်များနေရတတ်ပါတယ်။

သူငယ်ချင်း မိတ်ဆွေ တွေရဲ့အလှူ၊မင်္ဂလာဆောင်တွေမှာ ကူညီပေးနေရတာမျိုးတွေကြုံရတတ်ပါတယ်။ အလုပ်ကိစ္စတွေမှာလဲ အရမ်းကြီးဦးဆောင်ဦးရွက် မလုပ်လိုက်ပါနဲ့။

ခေါင်းဆောင်ထက် နောက်လိုက်အဖြစ်သာနေထိုင်လုပ်ကိုင် သင့်တဲ့ ကာလတစ်ခုပါပဲ။

ရွှေငွေလက်ဝတ်ရတနာများ ဒီအပတ်မှာစတင်ဝတ်ဆင်ခြင်းမျိုးကိုအထူးပဲ ရှောင်စေချင်ပါတယ်။ လာဘ်ပိတ်စေတဲ့ ယုတ်ညံ့တဲ့ကိစ္စများလဲ ဒီကာလမှာရှောင်ရှားစေချင်ပါတယ်။

ဘာသာရေးကိုအထူး ကိုင်းရှိုင်းခြင်း ဖြင့် အဆင်ပြေမှုတွေရလာလိမ့်မည်။ အခြား အရေးကိစ္စထက်ကျန်းမာရေးကို ပိုမိုဂရုစိုက်ပါ။

ရေချိုးမှားခြင်း ၊ခေါင်း လျှော်တာနောက်ကျခြင်းမျိုးတွေကြောင့် ကျန်းမာ ရေး ညံ့သွားတတ်ပါတယ်။ အရမ်းအေးနေချိန် ရေချိုးတာချိန်ဆ ဖို့ လိုအပ် ပါ တယ်။

ပေါင်းသင်းဆက်ဆံရေး နယ်ပယ်၊ လူမှုရေးနယ်ပယ်အားနည်းချက်တွေရှိနေတာ ကြောင့် မိမိအနေနဲ့ အဆင်ပြေအောင်ဆက်ဆံတတ်ပါစေ၊ အလုပ်တွေများနေရတတ်ပါတယ်။

ကိုယ်ပိုင်အလုပ်ပဲဖြစ် ဖြစ်၊ အများ ဝန် ထမ်းပဲဖြစ်ဖြစ် လုပ်စရာအလုပ်တွေပုံနေ တတ်ပါတယ်။ အလုပ်စီးပွားကောင်းပေမဲ့အောက်ခြေသိမ်း က အစ ကိုယ်ပဲလုပ်မယ်ဆိုပိုကောင်းပါတယ်။

အချစ်ရေး နှင့်အိမ်ထောင်ရေးတွေမှာ စကားပြောလိမ္မာ ပါးနပ်ဖို့သိပ်လို ပါ တယ်။ အကျိုးပေးဂဏန်း ၁/၅/၄အထူးဟော စကားအပြောအဆိုထိန်းသိမ်းပါ။ယတြာ အုန်းယိုပါတဲ့ ပေါင်မုန့်ကိုဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီအပတ်ထဲအဆင်ပြေခြင်း၊ကံကောင်းခြင်း၊လိုရာဆန္ဒတွေပြည့်ဝလာခြင်းမျိုးကြုံရတတ်ပါတယ်။မိမိ အကြပ်အတည်းဖြစ်နေတဲ့ကိစ္စတစ်ခု ပြေလည်သွားပါလိမ့်မယ်။ အိမ်ထောင်ရေး၊အိမ်တွင်းရေးအလွန်ကောင်းပါ တယ်။

အိမ်သား အချင်းအချင်းအဆင်မပြေတာ တွေကိုညှိနှိုင်းပြီး ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလှူအတန်းပေးရ၊ လှူရ တတ်ပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီးတော့ ပညာတစ်ခုစတင်သင်ခြင်းများ၊ သင်တန်းစတင်တတ်ရောက်ခြင်း များအလွန်ကောင်း ပါတယ်။

သမထဘာဝနာပွား များသူများလဲ ဒီအပတ်မှာစတင်ပြီးအဓိဋ္ဌာန်ဝင်ခြင်းများ ဆောင် ရွက် ခြင်းဖြင့် အောင်မြင် ပြီးစီးခြင်းကိုရရှိပါလိမ့် မယ်။ ငွေကြေးလာဘ်လာဘတွေလဲ ရွှင်လန်းနိုင်တဲ့ကာလတစ်ခု ပါပဲဗျာ။

ခရီးကောင်းတွေလဲ သွားရတတ်ပါတယ်။ မိသားစုနဲ့ဒါမှမဟုတ် ချစ်သူနဲ့ အပျော်ခရီးတွေသွားရဖို့ အကြောင်း ဖန်လာတတ်ပါတယ်။ ဝစီဒုစရိုက်ကိုရှောင်ခြင်းဖြင့် ကံကောင်းခြင်းတွေ မိမိဆီကိုရောက်လာပါလိမ့်မယ်။

ကုန်သွယ် ခြင်းများ၊ ရပ်ဝေးသွားပြီး ရောင်းဝယ်ဖောက်ကား ခြင်းများလဲ အထူးပဲ အဆင်ပြေနိုင်ပါတယ်။

မိမိအတွက် စိတ်ကူး သစ် အတွေးသစ်တွေလဲ ရလာမဲ့အချိန်ပါပဲ။ စိတ်ပါ ဝင်စားစွာ လုပ်ဆောင်ထားတဲ့ ကိစ္စတွေက ဒီကာလမှာ အကျိုး အမြတ်ကြီးစွာနဲ့ ပြန်လည်အကျိုးပြုနေတတ်ပါတယ်။

ဆရာသမားတွေရဲ့အကူအညီတွေကို တောင်းခံလို့ကောင်းတဲ့ ကာလ ပါပဲ။ထီဝါသနာပါသူများထီကံစမ်းဖို့ကောင်းတဲ့ နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း ၉/၆/၅အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ယတြာ ခြေသုတ်ခုံလေး တစ်ခုဘုန်းကြီးကျောင်းလှူလိုက်ပါ။

စနေ

အိမ်ထောင်သည်များ သတိထားပါ။လုပ်ငန်းခွင်အတွင်း ငယ်လွန်းသူတွေနဲ့တွဲဖက်လုပ်ကိုင်တာမျိုးကြုံရရင် စိတ်က ငယ်မူငယ်သွေးပြန်ပေါ်လာတတ်ပါတယ်။ထိန်းသိမ်းဖို့လိုပါတယ်

။စက်ပစ္စည်းကိုင်တွယ်ရာတွင် သတိထား ပါ။ထိရှမိတတ်ပါတယ်။မိမိနဲ့အတူတကွလုပ်ကိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူတည့်ဖို့လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေနဲ့အဆင်မပြေတာတွေရှိနိုင်တဲ့ကာလမို့ပါပဲ။

ကျန်းမာရေး ကတော့ အနည်းငယ်ခြူခြာလွယ်ပါ တယ်။

မိမိကိုယ် တိုင်က အနေအထိုင်အစားအသောက်ဆင်ခြင်လိုက်ပါ။ အိမ်ထောင်ဘက်က မိမိကိုအမြင်မကြည် တာလေးတွေရှိ နေနိုင်တဲ့အတွက် သေချာလေးဖြေရှင်းပေးစေလိုပါတယ်။

မိမိက ဒီနေ့ရက်တွေမှာလုပ်တာ ကိုင်တာ တွေက နှေးကွေး လေးလံနေတတ်ပါတယ်။ အတွေးတွေများနေပြီး အချိန်ကုန် သွားတတ်ပါတယ်။

မိမိကိစ္စထက် ဒုက္ခ ရောက်နေတဲ့ မိတ်ဆွေတွေရဲ့အရေးကိစ္စတွေကို ဝိုင်းဝန်း ကူညီပေးနေရတတ်ပါတယ်။ မိမိကို ပညာသင်ပေးတဲ့ဆရာ သမားရဲ့ အဆင်မပြေတာလေးတွေဖြည့်ဆည်းပေးရတတ် ပါတယ်။

လူငယ်တွေဆိုအချစ်ရေးနဲ့ပတ်သက်သော စိတ်ညစ်စရာ လေးတွေအနည်းငယ်ကြုံနေတတ်ပါတယ်။

ငွေအသုံးကြမ်းသွားတာကြောင့်လက်ထဲမှာ ငွေလက်ကျန် မရှိ တဲ့အထိ ဖြစ်ရပါတယ်။ အထက်လူကြီးရဲ့အိမ်တွင်းရေးအလုပ်များပြီးအလုပ်ကိုအာရုံမစိုက်နိုင်တာ ကြောင့် မိမိအပေါ်အလုပ်တာဝန်တွေများလာတတ်ပါတယ်။

စီးပွား ရေးနဲ့ပတ်သက်ပြီးသူတစ်ပါးကို ဦးဆောင်ပြီး လုပ်ခိုင်း တာ မျိုးရှောင်ပါ။ စိတ်ကူးထားသမျှတဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၀/၆အထူးဟော အိမ်တွင်းရေးအပူလေးတွေရှိနေတတ်သည်။ ယတြာ သပြေပန်း ဘုရားတင်လှူပေးပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695

Zawgyi Version ဖြင့်ဖတ်ရန်

၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း(15.1.2023 မှ 21.1.2023 အထိ)

Leave a Reply

Your email address will not be published. Required fields are marked *