ကြားသိရသမျှ

ယိုစိမ့်နေတဲ့ အမိုးနီးယားပိုက်တွေကို အသက်စွန့်ပြီး တဦးတည်းဝင်ပိတ်ခဲ့တဲ့ မြွေဆရာကြီး ကိုတိုးအောင်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊ အမှတ် (၁၃) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းမှာ ရတနာစုကုမ္ပဏီပိုင်ရေခဲစက် ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှု ယမန်နေ့ည ၉ နာရီ ကျော်တုန်းက ဖြစ်ပွားခဲ့တဲ့နောက် ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံကြီးတို့ကို လူနာတွေ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတသမားတွေထံမှ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်ဆေးရုံကြီးကို လူနာ ၁၂ ဦး၊ အင်းစိန်ဆေးရုံကြီးကို လူနာ ၁၆ ဦး ပို့ဆောင်ခဲ့ရပြီး ‌ေ-သဆုံးသူ မရှိဘူးလို့သိရပါတယ်။ ညတွင်းချင်း နာရီအနည်းငယ်အကြာမှာ ဓာတ်ငွေ့တွေကို ရှင်းလင်းနိုင်ခဲ့ပေမဲ့ လူနေရပ်ကွက်အတွင်းမှာ စက်ရုံရှိနေပြီး ဒီလိုဖြစ်စဉ်မျိုး နောက်ထပ် ထပ်ဖြစ်လာမှာကို ဒေသခံလူထုက စိုးရိမ်မှုတွေနဲ့မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာပဲ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတ အဖွဲ့ဝင်တွေ ချက်ချင်း သွားရောက်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များဟာ အသက်ကို ပဓာန မထားဘဲ ယိုစိမ့်နေတဲ့ ဓာတ်ငွေ့ကို သက်စွန့်ကြိုးပမ်းပြီး ပိတ်ပေးခဲ့ပါတယ်။

ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြွေ‌တွေ ဖမ်းဆီးရာမှာ နာမည်ကြီးလှတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့၏ ကြီးကြပ်နည်းပြြဖစ်သူ ကိုတိုးအောင်ကတော့ သူ့အတွေ့အကြုံကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“ပြင်းထန်စွာ ကန်ထွက်နေတဲ့ ဓါတ်ငွေ့တွေကို ထိန်းနိုင်ဖို့ ဘယ်သူမှ မဝင်ရောက်နိုင်သေးခင်အချိန်မှာ ဟိုးအမြင့်တစ်နေရာပေါ်အထိ တွယ်တက်ရောက်ပြီး ပိုက်လိုင်းဘားတွေ အားလုံးကို တစ်ယောက်ထဲ တက်ပိတ်ခဲ့ရတဲ့ အတွေ့အကြုံ က ဘယ်လိုပြောရမလဲပေါ့နော်။

ဘားတစ်ခု ပိတ်ပြီးတိုင်း ဝုန်းဆိုပြီး ကြားရတဲ့အသံကြီးက ခြောက်ခြားစရာ လူအများ ဒုက္ခရောက်နေတယ်ဆိုတဲ့ အသိစိတ်တစ်ခုထဲနဲ့ အရဲစွန့်ပြီး ဆောင်ရွက်နိုင်ခဲ့တယ်။”

လူနေရပ်ကွက်တွေနဲ့ နီးစပ်တဲ့ စက်ရုံတွေမှာ လုံခြုံစိတ်ချရတဲ့ အစီအစဉ်တွေ အမြဲ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ယခုလို ဓာတုဗေဒပစ္စည်းများ ယိုစိမ့်ပေါက်ကွဲမှု ဖြစ်ခဲ့ပါက အလျင်အမြန် ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေလည်း ချမှတ်ထားသင့်ပါတယ်။ ယခု ဖြစ်ရပ်မှာလည်း စက်ရုံတာဝန်ရှိသူတွေကို အရေးယူသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

zawgyi

ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္ ၊ အမွတ္ (၁၃) ရပ္ကြက္၊ အုတ္က်င္းဘူတာ႐ုံလမ္းမွာ ရတနာစုကုမၸဏီပိုင္ေရခဲစက္ ကေန အမိုးနီးယားဓာတ္ေငြ႕ယိုစိမ့္မႈ ယမန္ေန႔ည ၉ နာရီ ေက်ာ္တုန္းက ျဖစ္ပြားခဲ့တဲ့ေနာက္ ရန္ကုန္ေဆး႐ုံႀကီးနဲ႔ အင္းစိန္ေဆး႐ုံႀကီးတို႔ကို လူနာေတြ ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ ပရဟိတသမားေတြထံမွ သိရပါတယ္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ရန္ကုန္ေဆး႐ုံႀကီးကို လူနာ ၁၂ ဦး၊ အင္းစိန္ေဆး႐ုံႀကီးကို လူနာ ၁၆ ဦး ပို႔ေဆာင္ခဲ့ရၿပီး ‌ေ-သဆုံးသူ မရွိဘူးလို႔သိရပါတယ္။ ညတြင္းခ်င္း နာရီအနည္းငယ္အၾကာမွာ ဓာတ္ေငြ႕ေတြကို ရွင္းလင္းႏိုင္ခဲ့ေပမဲ့ လူေနရပ္ကြက္အတြင္းမွာ စက္႐ုံရွိေနၿပီး ဒီလိုျဖစ္စဥ္မ်ိဳး ေနာက္ထပ္ ထပ္ျဖစ္လာမွာကို ေဒသခံလူထုက စိုးရိမ္မႈေတြနဲ႔ေမးခြန္းထုတ္မႈေတြရွိေနပါတယ္။

အမိုးနီးယား ဓာတ္ေငြ႕ ယိုစိမ့္မႈ ျဖစ္စဥ္ ျဖစ္ျဖစ္ခ်င္းမွာပဲ မီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ ပရဟိတ အဖြဲ႕ဝင္ေတြ ခ်က္ခ်င္း သြားေရာက္ခဲ့ပါတယ္။ အဆိုပါ အဖြဲ႕ဝင္မ်ားဟာ အသက္ကို ပဓာန မထားဘဲ ယိုစိမ့္ေနတဲ့ ဓာတ္ေငြ႕ကို သက္စြန႔္ႀကိဳးပမ္းၿပီး ပိတ္ေပးခဲ့ပါတယ္။

ထိုျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ေႁမြ‌ေတြ ဖမ္းဆီးရာမွာ နာမည္ႀကီးလွတဲ့ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕၊ ရွာေဖြကယ္ဆယ္ေရးအထူးတပ္ဖြဲ႕၏ ႀကီးၾကပ္နည္းျပျဖစ္သူ ကိုတိုးေအာင္ကေတာ့ သူ႔အေတြ႕အႀကဳံကို ေအာက္ပါအတိုင္း ေျပာၾကားခဲ့ပါတယ္။

“ျပင္းထန္စြာ ကန္ထြက္ေနတဲ့ ဓါတ္ေငြ႕ေတြကို ထိန္းႏိုင္ဖို႔ ဘယ္သူမွ မဝင္ေရာက္ႏိုင္ေသးခင္အခ်ိန္မွာ ဟိုးအျမင့္တစ္ေနရာေပၚအထိ တြယ္တက္ေရာက္ၿပီး ပိုက္လိုင္းဘားေတြ အားလုံးကို တစ္ေယာက္ထဲ တက္ပိတ္ခဲ့ရတဲ့ အေတြ႕အႀကဳံ က ဘယ္လိုေျပာရမလဲေပါ့ေနာ္။

ဘားတစ္ခု ပိတ္ၿပီးတိုင္း ဝုန္းဆိုၿပီး ၾကားရတဲ့အသံႀကီးက ေျခာက္ျခားစရာ လူအမ်ား ဒုကၡေရာက္ေနတယ္ဆိုတဲ့ အသိစိတ္တစ္ခုထဲနဲ႔ အရဲစြန္႔ၿပီး ေဆာင္႐ြက္ႏိုင္ခဲ့တယ္။”

လူေနရပ္ကြက္ေတြနဲ႔ နီးစပ္တဲ့ စက္႐ုံေတြမွာ လုံၿခဳံစိတ္ခ်ရတဲ့ အစီအစဥ္ေတြ အၿမဲ ေကာင္းမြန္ေနဖို႔ လိုအပ္ပါတယ္။ ယခုလို ဓာတုေဗဒပစၥည္းမ်ား ယိုစိမ့္ေပါက္ကြဲမႈ ျဖစ္ခဲ့ပါက အလ်င္အျမန္ ေဆာင္႐ြက္ႏိုင္ဖို႔ နည္းလမ္းေတြလည္း ခ်မွတ္ထားသင့္ပါတယ္။ ယခု ျဖစ္ရပ္မွာလည္း စက္႐ုံတာဝန္ရွိသူေတြကို အေရးယူသင့္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *