ကြားသိရသမျှ

ရွှေဈေး (၂၇) သိန်းအထက် ရောင်းတဲ့ ရွှေဆိုင်မှန်သမျှ ပိတ်ပစ်မည်ဟု ရွှေအသင်း ဥက္ကဌ ………

ဈေးကွက်အတွင်း ရွှေဈေးကစားခြင်းနှင့် ဈေးဆွဲတင်ရန်ကြိုးစားမှုများ ရှိနေသည့်အတွက် ရွှေတစ်ကျပ်သား (၂၇) သိန်းကျပ်အထက် ရောင်းချသည့် ဆိုင်များကို ဆိုင်လိုင်စင်ပိတ်သိမ်းကာ အမည်ပျက်စာရင်း ကြေညာမယ်လို့ ရွှေလုပ်ငန်းရှင်များ ဥက္ကဌက ပြောလိုက်ပါတယ်။

ယမန်နေ့ ဇန်နဝါရီ (၁၁) ရက်က စတင်ကာ ရန်ကုန်မြို့ တော်စည်ပင်နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ဈေးကွက်အတွင်း စစ်ဆေးမှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

“ရှိရင် ချက်ချင်း ပြောလိုက် ၊ ဆိုင်လိုင်စင်သိမ်းလိုက်မှာပဲ။ မနေ့က ဆိုင်လိုင်စင်သိမ်းမယ့်အဆင့် တခါတည်း လုပ်လိုက်တာပါ။ (၂၇) သိန်းကျော်လို့ ရှိရင် မြို့တော်စည်ပင်ကို အကြောင်းကြားလိုက်၊ အဲဒီမှာ ဆိုင်လိုင်စင် သိမ်းလိုက်မှာပဲ။ ဘာမှအကြောင်းပြစရာမရှိတော့ တရုတ်နှစ်ကူးတို့ ဘာတို့ လျှောက်ပြီး ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ NGO အသင်းပဲဆိုတော့ မေတ္တာရပ်ခံတဲ့ သဘောပဲ လုပ်နေတာ။ ဌာနဆိုင်ရာကတော့ မနေ့ကတည်းက လိုက်ပြီးတော့ စစ်ဆေးနေပါပြီ။ သူတို့ အဆင်မပြေတာတွေ့ရင်တော့ ဆိုင်လိုင်စင်တစခါတည်း ပိတ်သိမ်းပြီးတော့ BlackList တခါတည်း ကြေညာလိုက်မှာပေါ့” ဟု ဦးမျိုးမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ (၂၆) သိန်းခွဲဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ပြည်တွင်း ရွှေဈေးကွက်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ (၂၇)သိန်းအထက်သို့ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဈေးကွက် မတည်မငြိမ်ဖြစ်ရခြင်းမှာ ကောလာဟလ သတင်းဖြန့်ပြီး ဈေးကစားရန် ကြိုးစားမှုများကြောင့်ဖြစ်ပြီး ယင်းသို့ ဈေးကစားရန်ကြိုးစားမှုများအား ဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်ရွှေအသင်းက ယမန်နေ့က ကြေညာချက်တစ်​စောင် ထုတ်ပြန်ထားပါတယ်။

“တို့အသင်းသားတွေထဲက မဟုတ်ဘူးကွ။ အပြင်က လူတွေကလုပ်နေတာ။ အဲဒီတော့ တို့အသင်းမှာလည်း ရွှေဈေးကွက် ပျက်တာပေါ့ကွာ။ ဈေးကွက်တည်တည်ငြိမ်ငြိမ်မရှိတော့ဘူး။ အဲဒါကြောင့် တို့ကမေတ္တာရပ်ခံနေတာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောပါတယ်။

ယနေ့ ဇန်နဝါရီလ (၁၂) ရက် ပြင်ပဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သား၏ ပေါက်ဈေးမှာ ၂၈၃၅၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း ကြားသိရပါတယ်။ ယနေ့ ဇန်နဝါရီ (၁၂) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ကမ္ဘာ့​ရွှေ​တ​အောင်စပေါက်​စျေးမှာ ၁၈၈၄ ​ဒေါ်လာ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၂၁၈၄၀၀ ကျပ်ဖြင့် ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။

ထိန်းလို့ မရတဲ့ ရွှေဈေးကို အမိန့်အာဏာနဲ့ အတင်းအကြပ် ပုံသေဈေးနှုန်းထားရှိပါက ရွှေအရောင်းအဝယ် ဈေးကွက် ပျက်စီးသွားနိုင်ပြီး မြန်မာ့ရွှေဈေးကွက် ကမောက်ကမ ဖြစ်သွားနိုင်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတဦးက သုံးသပ်ထားပါတယ်။

zawgyi

ေဈးကြက္အတြင္း ေ႐ႊေဈးကစားျခင္းႏွင့္ ေဈးဆြဲတင္ရန္ႀကိဳးစားမႈမ်ား ရွိေနသည့္အတြက္ ေ႐ႊတစ္က်ပ္သား (၂၇) သိန္းက်ပ္အထက္ ေရာင္းခ်သည့္ ဆိုင္မ်ားကို ဆိုင္လိုင္စင္ပိတ္သိမ္းကာ အမည္ပ်က္စာရင္း ေၾကညာမယ္လို႔ ေ႐ႊလုပ္ငန္းရွင္မ်ား ဥကၠဌက ေျပာလိုက္ပါတယ္။

ယမန္ေန႔ ဇန္နဝါရီ (၁၁) ရက္က စတင္ကာ ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္ႏွင့္ သက္ဆိုင္ရာ တာဝန္ရွိအဖြဲ႕အစည္းမ်ားက ေဈးကြက္အတြင္း စစ္ေဆးမႈမ်ား စတင္ ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

“ရွိရင္ ခ်က္ခ်င္း ေျပာလိုက္ ၊ ဆိုင္လိုင္စင္သိမ္းလိုက္မွာပဲ။ မေန႔က ဆိုင္လိုင္စင္သိမ္းမယ့္အဆင့္ တခါတည္း လုပ္လိုက္တာပါ။ (၂၇) သိန္းေက်ာ္လို႔ ရွိရင္ ၿမိဳ႕ေတာ္စည္ပင္ကို အေၾကာင္းၾကားလိုက္၊ အဲဒီမွာ ဆိုင္လိုင္စင္ သိမ္းလိုက္မွာပဲ။ ဘာမွအေၾကာင္းျပစရာမရွိေတာ့ တ႐ုတ္ႏွစ္ကူးတို႔ ဘာတို႔ ေလွ်ာက္ၿပီး ေျပာေနၾကတယ္။ ကြၽန္ေတာ္တို႔ကေတာ့ NGO အသင္းပဲဆိုေတာ့ ေမတၱာရပ္ခံတဲ့ သေဘာပဲ လုပ္ေနတာ။ ဌာနဆိုင္ရာကေတာ့ မေန႔ကတည္းက လိုက္ၿပီးေတာ့ စစ္ေဆးေနပါၿပီ။ သူတို႔ အဆင္မေျပတာေတြ႕ရင္ေတာ့ ဆိုင္လိုင္စင္တစခါတည္း ပိတ္သိမ္းၿပီးေတာ့ BlackList တခါတည္း ေၾကညာလိုက္မွာေပါ့” ဟု ဦးမ်ိဳးျမင့္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ (၂၆) သိန္းခြဲဝန္းက်င္ျဖင့္ တည္ၿငိမ္ေနသည့္ ျပည္တြင္း ေ႐ႊေဈးကြက္မွာ ၂၀၂၃ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ကာ (၂၇)သိန္းအထက္သို႔ ျမင့္တက္လာခဲ့ျခင္း ျဖစ္ပါတယ္။ ထိုသို႔ ေဈးကြက္ မတည္မၿငိမ္ျဖစ္ရျခင္းမွာ ေကာလာဟလ သတင္းျဖန႔္ၿပီး ေဈးကစားရန္ ႀကိဳးစားမႈမ်ားေၾကာင့္ျဖစ္ၿပီး ယင္းသို႔ ေဈးကစားရန္ႀကိဳးစားမႈမ်ားအား ေဖာ္ထုတ္ကာ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း ရန္ကုန္ေ႐ႊအသင္းက ယမန္ေန႔က ေၾကညာခ်က္တစ္​ေစာင္ ထုတ္ျပန္ထားပါတယ္။

“တို႔အသင္းသားေတြထဲက မဟုတ္ဘူးကြ။ အျပင္က လူေတြကလုပ္ေနတာ။ အဲဒီေတာ့ တို႔အသင္းမွာလည္း ေ႐ႊေဈးကြက္ ပ်က္တာေပါ့ကြာ။ ေဈးကြက္တည္တည္ၿငိမ္ၿငိမ္မရွိေတာ့ဘူး။ အဲဒါေၾကာင့္ တို႔ကေမတၱာရပ္ခံေနတာေပါ့ ” ဟု ဦးမ်ိဳးျမင့္က ေျပာပါတယ္။

ယေန႔ ဇန္နဝါရီလ (၁၂) ရက္ ျပင္ပေဈးကြက္တြင္ အေခါက္ေ႐ႊ (၁) က်ပ္သား၏ ေပါက္ေဈးမွာ ၂၈၃၅၀၀၀ က်ပ္ ဝန္းက်င္ျဖင့္ အေရာင္းအဝယ္ ျပဳလုပ္ေနေၾကာင္း ၾကားသိရပါတယ္။ ယေန႔ ဇန္နဝါရီ (၁၂) ရက္ နံနက္ပိုင္း ေဈးကြက္ဖြင့္ခ်ိန္တြင္ ကမာၻ႔​ေ႐ႊ​တ​ေအာင္စေပါက္​ေစ်းမွာ ၁၈၈၄ ​ေဒၚလာ ျဖစ္ၿပီး ရန္ကုန္ေ႐ႊအသင္း၏ ရည္ၫႊန္းေဈးႏႈန္းမွာ ၂၂၁၈၄၀၀ က်ပ္ျဖင့္ ေဈးဖြင့္ထားတယ္လို႔ သိရပါတယ္။

ထိန္းလို႔ မရတဲ့ ေ႐ႊေဈးကို အမိန႔္အာဏာနဲ႔ အတင္းအၾကပ္ ပုံေသေဈးႏႈန္းထားရွိပါက ေ႐ႊအေရာင္းအဝယ္ ေဈးကြက္ ပ်က္စီးသြားႏိုင္ၿပီး ျမန္မာ့ေ႐ႊေဈးကြက္ ကေမာက္ကမ ျဖစ္သြားႏိုင္တယ္လို႔ ေဈးကြက္ ကြၽမ္းက်င္သူတဦးက သုံးသပ္ထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *