ယုတ္မာရက္စက္လိုက္တာ‼️လိုင္းေပၚကေန အယုံလြယ္တဲ့ မိန္းကေလးလည္း အံ့ဩမိ၊သနားဖို႔လည္းေကာင္းတယ္၊
တရားခံအျမန္မိပါေစ…
စင္ကာပူႏိုင္ငံမွ ျပန္လာၿပီး ခ်စ္သူနဲ႔လာေတြသည့္အမ်ိဳးသမီး ေ႐ႊ၊ေငြႏွင့္အဖိုးတန္ပစၥည္းမ်ားလုယက္အသတ္ခံရ
အြန္လိုင္းေပၚမွ ခ်စ္ႀကိဳက္ၿပီး စင္ကာပူႏိုင္ငံမွ ျပန္လာၿပီးရန္ကုန္လာေရာက္ေတြ႕ဆုံသည့္ အမ်ိဳးသမီး ေ႐ႊ၊ေငြ ႏွင့္အဖိုးတန္ပစၥည္းမ်ားလုယက္၍အသတ္ခံရေၾကာင္း အသတ္ခံရသူႏွင့္ နီးစပ္သူမ်ားက ေျပာသည္။
အသတ္ခံရသည့္ မႏွင္းေဝလႈိင္သည္ စင္ကာပူႏိုင္ငံတြင္အလုပ္လုပ္ကိုင္ရာမွ ဇန္နဝါရီ ၅ ရက္က ျမန္မာႏိုင္ငံသို႔ ျပန္လာၿပီးေနာက္
လႈိင္သာယာၿမိဳ႕နယ္ ၊စက္မႈဇုန္ (၁) တပင္ေ႐ႊထီးတာဝါအနီးရွိ တည္းခိုခန္းတြင္ ဓားဒဏ္ရာမ်ားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခံရျခင္းျဖစ္သည္။
“စင္ကာပူ ေဒၚလာ ၆,၀၀၀၊ ေ႐ႊတစ္စင္ဆာ၊လက္ေတာ့တစ္လုံး၊ လက္ေကာက္ေလးကြင္း အကုန္ယူၿပီး လူျမင္မေကာင္းေအာင္ ဓားနဲ႔အခ်က္ေရ ေရမတြက္ႏိုင္ေအာင္ထိုးခဲ့တာပါ”ဟု အသတ္ခံရသူ၏ သူငယ္ခ်င္းျဖစ္သူက ေျပာသည္။
“သူျမန္မာႏိုင္ငံျပန္လာတာကို သူ႔မိဘလည္း မသိဘူး။
ရန္ကုန္က သူ႔အေဒၚလည္း မသိဘူး။ ေနာက္ၿပီး ေသေနတာကိုလည္း တည္းခိုခန္းက မသိဘူး။
CCTV ျပန္ၾကည့္ေတာ့မွ ဇန္နဝါရီ ၅ ရက္မွာ အဲဒီေကာင္ေလးနဲ႔ ဝင္လာတယ္။
ဇန္နဝါရီ ၆ ရက္မွာ ေကာင္ေလးကတစ္ေယာက္ တည္းျပန္ထြက္သြားၿပီး ေနာက္ရက္က်မွ ေကာင္မေလးက ဓားဒဏ္ရာဗရပြနဲ႔ ေသေနတာကို ေတြ႕ရတာ”ဟု ျဖစ္စဥ္ကို သိရွိသူတစ္ဦးက ေျပာသည္။
မႏွင္းေဝလႈိင္ကို သတ္ျဖတ္သြားသူဟု စြပ္စြဲခံရသူမွာ မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္၊ စမ္းကေလးေက်း႐ြာမွ ကိုေအာင္သူရိန္ျဖစ္ေၾကာင္းလည္း အသတ္ခံရသူမ်ားႏွင့္နီးစပ္သူမ်ားက ဆိုသည္။
လူသတ္ပစၥည္းလုယက္ခံရမႈကို လႈိင္သာယာၿမိဳ႕နယ္ ရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းရာ ျပန္လည္ေျဖၾကားျခင္းမရွိေပ။
မႏွင္းေဝလႈိင္သည္ ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္၊ ကြင္းဝိုင္းေက်း႐ြာေနသူျဖစ္ကာ စင္ကာပူႏိုင္ငံတြင္ ေလးႏွစ္ခန႔္ၾကာ အိမ္အကူအျဖစ္လုပ္ကိုင္ေနသူျဖစ္ေၾကာင္းလည္း သိရသည္။
(ေငြႏွင့္ ေ႐ႊမ်ား လုယက္အသတ္ခံရသည့္ မႏွင္းေဝလႈိင္အား ေတြ႕ရစဥ္၊ ဓာတ္ပုံ CJ)
credit to orginal
unicode
ယုတ်မာရက်စက်လိုက်တာ‼️လိုင်းပေါ်ကနေ အယုံလွယ်တဲ့ မိန်းကလေးလည်း အံ့ဩမိ၊သနားဖို့လည်းကောင်းတယ်၊
တရားခံအမြန်မိပါစေ…
စင်ကာပူနိုင်ငံမှ ပြန်လာပြီး ချစ်သူနဲ့လာတွေသည့်အမျိုးသမီး ရွှေ၊ငွေနှင့်အဖိုးတန်ပစ္စည်းများလုယက်အသတ်ခံရ
အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး စင်ကာပူနိုင်ငံမှ ပြန်လာပြီးရန်ကုန်လာရောက်တွေ့ဆုံသည့် အမျိုးသမီး ရွှေ၊ငွေ နှင့်အဖိုးတန်ပစ္စည်းများလုယက်၍အသတ်ခံရကြောင်း အသတ်ခံရသူနှင့် နီးစပ်သူများက ပြောသည်။
အသတ်ခံရသည့် မနှင်းဝေလှိုင်သည် စင်ကာပူနိုင်ငံတွင်အလုပ်လုပ်ကိုင်ရာမှ ဇန်နဝါရီ ၅ ရက်က မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက်
လှိုင်သာယာမြို့နယ် ၊စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းတွင် ဓားဒဏ်ရာများဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရခြင်းဖြစ်သည်။
“စင်ကာပူ ဒေါ်လာ ၆,၀၀၀၊ ရွှေတစ်စင်ဆာ၊လက်တော့တစ်လုံး၊ လက်ကောက်လေးကွင်း အကုန်ယူပြီး လူမြင်မကောင်းအောင် ဓားနဲ့အချက်ရေ ရေမတွက်နိုင်အောင်ထိုးခဲ့တာပါ”ဟု အသတ်ခံရသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
“သူမြန်မာနိုင်ငံပြန်လာတာကို သူ့မိဘလည်း မသိဘူး။
ရန်ကုန်က သူ့အဒေါ်လည်း မသိဘူး။ နောက်ပြီး သေနေတာကိုလည်း တည်းခိုခန်းက မသိဘူး။
CCTV ပြန်ကြည့်တော့မှ ဇန်နဝါရီ ၅ ရက်မှာ အဲဒီကောင်လေးနဲ့ ဝင်လာတယ်။
ဇန်နဝါရီ ၆ ရက်မှာ ကောင်လေးကတစ်ယောက် တည်းပြန်ထွက်သွားပြီး နောက်ရက်ကျမှ ကောင်မလေးက ဓားဒဏ်ရာဗရပွနဲ့ သေနေတာကို တွေ့ရတာ”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။
မနှင်းဝေလှိုင်ကို သတ်ဖြတ်သွားသူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှ ကိုအောင်သူရိန်ဖြစ်ကြောင်းလည်း အသတ်ခံရသူများနှင့်နီးစပ်သူများက ဆိုသည်။
လူသတ်ပစ္စည်းလုယက်ခံရမှုကို လှိုင်သာယာမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။
မနှင်းဝေလှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် လေးနှစ်ခန့်ကြာ အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။
(ငွေနှင့် ရွှေများ လုယက်အသတ်ခံရသည့် မနှင်းဝေလှိုင်အား တွေ့ရစဉ်၊ ဓာတ်ပုံ CJ)
credit to orginal