ကြားသိရသမျှ

ဘရာဇီးဖိုက်တာကြီးကို ယှဉ်ပြိုင်အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်း

မြန်မာ့ပရိသတ် အသည်းစွဲ တိုက်ခိုက်ရေးသမားကြီး မြန်မာ့စပါးအုံး အောင်လအန်ဆန်းတစ်ယောက် ပြိုင်ဘက်နဲ့ စိန်ခေါ်ပွဲယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အဖွဲ့သားတွေနဲ့အတူ ဘန်ကောက်မြို့ကိုရောက်နေတဲ့အကြောင်း အောင်လအန်ဆန်းက ဓာတ်ပုံအချို့ကို လူမှုကွန်ရက်မှာ ပရိသတ်တွေအတွက် မျှဝေပေးရင်း မြန်မာလူထုကို ကိုယ်စားပြုခွင့်ရတဲ့အပေါ် ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။

“ကျွန်တော် မြန်မာလူထုကို ကိုယ်စားပြုခွင့်ရရှိတဲ့အတွက် ဘုရားသခင်၊ ကျွန်တော့်ရဲ့မိသားစုနဲ့ ကျွန်တော့်ရဲ့အသင်းကို ကျေးဇူးတင်ပါတယ်” လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပါတယ်။

ဖိုက်တာကြီး အောင်လအန်ဆန်းဟာ ကနဦးက တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ ယှဉ်ပြိုင်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့်လည်း ပြိုင်ပွဲပြုလုပ်ဖို့ (၁၀) ရက်အလိုမှာ ဖန်ရောင်းတစ်ယောက် ကိုဗစ်ကူးစက်မှု ခံထားရတဲ့အတွက် ပွဲစဉ်အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် အောင်လအန်ဆန်းဟာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုနဲ့ CATCHWEIGHT တန်း ပွဲစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇန်နဝါရီလ ၁၄ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉နာရီအချိန်တွင် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *