မိုးလေဝသ

မြန်မာပြည်သူတွေ အထူးဂရုပြုရမယ့် အအေးဓာတ်အန္တရာယ် (ဆောင်းတွင်းရဲ့ ဘေးထွက်ဆိုးကျိုးများ)

အအေးဓါတ်အန္တရာယ်။ ဇန်နဝါရီလထဲ ဝင်လိုက်တာနဲ့ တပြိုက်နက် အအေးဓါတ်က ဗြုန်းကနဲ ဝင်ရောက်လာပါတယ်၊ အပူပိုင်းဖြစ်တဲ့ မြန်မာပြည် အလယ်ပိုင်းကမြို့တွေမှာ ညဖက် ၁၄-၁၅ စင်တီ ၊ ၅၇-၆၀ ဖာရင်ဟိုက်ထိ ကျဆင်းလာပါတယ်၊

အအေးပိုင်းဒေသတွေဆို ဆိုဘွယ်မရှိတော့ပါဘူး။ အအေးလွန်ကဲတဲ့အခါ အန္တရာယ်တွေ ပါလာတတ်တာမို့ သတိပြု ဆင်ခြင်စရာလေး ဖော်ပြလိုပါတယ်-

ခန္ဓာကိုယ်အပေါ် အအေးဓါတ်သက်ရောက်မှု၊ လွန်ကဲတဲ့အအေးဓါတ်ဟာ ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်၊ ကိုယ်ခန္ဓာအပူချိန် ကျဆင်းသွားရင် နှလုံး၊ အာရုံကြောစံနစ်နဲ့ ကိုယ်တွင်းအင်္ဂါများ အလုပ်ကောင်းစွာ မလုပ်ဆောင်တော့ပါဘူး၊ နှလုံးလုပ်ငန်း ပျက်ခြင်း၊ အသက်ရှူစနစ် ပျက်ခြင်းကနေ အသက်သေစေခြင်းထိ ဖြစ်စေနိုင်ပါတယ်။

အအေးဓါတ်ကို ခန္ဓာကိုယ်က ဘယ်လိုတုန့်ပြန်သလဲ။ အအေးဓါတ်လွန်ကဲလာတဲ့အခါ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကြီးနှစ်ခုနဲ့ တုန့်ပြန်ပါတယ်။ (၁) ခြေဖျားလက်ဖျား အစွန်အဖျားက သွေးကြောများ ကြုံ့စေခြင်းဖြင့် အပူဓါတ်ဆုံးရှုံမှုမဖြစ်အောင် ကာကွယ်ပါတယ်။

(၂) တခိုက်ခိုက်တုန်ခြင်းဖြင့် ကိုယ်ကာယလှုပ်ရှားမှုဖြစ်စေ၍ အပူဓါတ်ထုတ်လုပ်မှုကို မြှင့်တင်ပါတယ်။အအေးဓါတ်က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။ အေးတဲ့ရာသီဥတုက အသက်ရှူလမ်းကြောင်းရောဂါများကို ပိုမိုဆိုးရွားစေပါတယ်၊

ဥပမာ ရင်ကြပ်ပန်းနာရောဂါ၊ နာတာရှည်လေပြွန်ရောင်ရောဂါ၊ အဆုပ်လေခိုရောဂါတို့ ပိုဆိုးလာတတ်ပါတယ်။အအေးဓါတ်လွန်ကဲခြင်းက ဖျားနာမှု ဖြစ်နှုန်းတွေ တိုးလာစေပါတယ်၊ လေအေးများ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းတွင်း ဝင်ရောက်လာတဲ့အခ

ါ ခန္ဓာကိုယ်က ဗိုင်းရပ်ပိုးများကို တိုက်ခိုက်နိုင်သည့်စွမ်းရည် ထိခိုက်သွားပါတယ်၊ ထို့ကြောင့် အအေးမိခြင်း၊ တုပ်ကွေးမိခြင်း၊ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွါးခြင်းတွေ ဖြစ်လာပါနိုင်တယ်။

အအေးဓါတ်က အဆစ်အမြစ်ကိုက်ခဲခြင်းကို ပိုဆိုးစေပါတယ်၊ အအေးဓါတ်လွန်ကဲလာတဲ့အခါ အဆစ်များအတွင်းရှိ ဓါတ်ငွေ့များ အရည်များဟာ အဆစ်များကို တင်းလာစေပါတယ်၊ တင်းတောင့်လာမှုကြောင့် အာရုံကြောများ ဖိနှိပ်ခံရသဖြင့် နာကျင်မှုတွေ ပိုဆိုးလာစေပါတယ်။

အအေးဓါတ်က အဆစ်များအတွင်းရှိ တစ်ရှူးများကို ကြုံ့သွားစေပါတယ်၊ ထိုသို့ကြုံ့သွားသည့်အတွက် အာရုံကြောများအပေါ် ဆွဲအားသက်ရောက်သဖြင့် နာကျင်မှုများ တိုးလာစေပါတယ်၊ ဒူးဆစ် တင်ပါးဆုံအဆစ်တို့မှာ ပိုသိသာပါတယ်။

အအေးဓါတ်က သွေးတိုးအပေါ် သက်ရောက်မှုရှိသလား။ သွေးပေါင်ချိန်ဟာ နွေအခါမှာ နည်းတတ်ပြီး ဆောင်းအခါမှာ တက်တတ်ပါတယ်၊ အေးတဲ့အခါ သွေးကြောများ ပိုမိုကျဉ်းမြောင်းသွားသည့်အတွက်ဖြစ်ပါတယ်။

အအေးဓါတ်က ဘယ်သူတွေကို ထိခိုက်စေတတ်လဲ၊ အအေးလွန်ကဲမှုက ငယ်ရွယ်သည့်ခလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများအတွက် ကြီးမားတဲ့အန္တရာယ်ကြီးဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

(Dr. Myint Thein)

zawgyi

အေအးဓါတ္အႏၲရာယ္။ ဇန္နဝါရီလထဲ ဝင္လိုက္တာနဲ႔ တၿပိဳက္နက္ အေအးဓါတ္က ျဗဳန္းကနဲ ဝင္ေရာက္လာပါတယ္၊ အပူပိုင္းျဖစ္တဲ့ ျမန္မာျပည္ အလယ္ပိုင္းကၿမိဳ႕ေတြမွာ ညဖက္ ၁၄-၁၅ စင္တီ ၊ ၅၇-၆၀ ဖာရင္ဟိုက္ထိ က်ဆင္းလာပါတယ္၊

အေအးပိုင္းေဒသေတြဆို ဆိုဘြယ္မရွိေတာ့ပါဘူး။ အေအးလြန္ကဲတဲ့အခါ အႏၲရာယ္ေတြ ပါလာတတ္တာမို႔ သတိျပဳ ဆင္ျခင္စရာေလး ေဖာ္ျပလိုပါတယ္-

ခႏၶာကိုယ္အေပၚ အေအးဓါတ္သက္ေရာက္မႈ၊ လြန္ကဲတဲ့အေအးဓါတ္ဟာ ကိုယ္ခႏၶာအပူခ်ိန္ကို က်ဆင္းေစပါတယ္၊ ကိုယ္ခႏၶာအပူခ်ိန္ က်ဆင္းသြားရင္ ႏွလုံး၊ အာ႐ုံေၾကာစံနစ္နဲ႔ ကိုယ္တြင္းအဂၤါမ်ား အလုပ္ေကာင္းစြာ မလုပ္ေဆာင္ေတာ့ပါဘူး၊ ႏွလုံးလုပ္ငန္း ပ်က္ျခင္း၊ အသက္ရႉစနစ္ ပ်က္ျခင္းကေန အသက္ေသေစျခင္းထိ ျဖစ္ေစႏိုင္ပါတယ္။

အေအးဓါတ္ကို ခႏၶာကိုယ္က ဘယ္လိုတုန္႔ျပန္သလဲ။ အေအးဓါတ္လြန္ကဲလာတဲ့အခါ ခႏၶာကိုယ္က ဇီဝကမၼျဖစ္စဥ္ႀကီးႏွစ္ခုနဲ႔ တုန္႔ျပန္ပါတယ္။ (၁) ေျခဖ်ားလက္ဖ်ား အစြန္အဖ်ားက ေသြးေၾကာမ်ား ႀကဳံ႕ေစျခင္းျဖင့္ အပူဓါတ္ဆုံးရႈံမႈမျဖစ္ေအာင္ ကာကြယ္ပါတယ္။

(၂) တခိုက္ခိုက္တုန္ျခင္းျဖင့္ ကိုယ္ကာယလႈပ္ရွားမႈျဖစ္ေစ၍ အပူဓါတ္ထုတ္လုပ္မႈကို ျမႇင့္တင္ပါတယ္။အေအးဓါတ္က က်န္းမာေရးအေပၚ ဘယ္လိုသက္ေရာက္မႈရွိသလဲ။ ေအးတဲ့ရာသီဥတုက အသက္ရႉလမ္းေၾကာင္းေရာဂါမ်ားကို ပိုမိုဆိုး႐ြားေစပါတယ္၊

ဥပမာ ရင္ၾကပ္ပန္းနာေရာဂါ၊ နာတာရွည္ေလႁပြန္ေရာင္ေရာဂါ၊ အဆုပ္ေလခိုေရာဂါတို႔ ပိုဆိုးလာတတ္ပါတယ္။အေအးဓါတ္လြန္ကဲျခင္းက ဖ်ားနာမႈ ျဖစ္ႏႈန္းေတြ တိုးလာေစပါတယ္၊ ေလေအးမ်ား ႏွာေခါင္းနဲ႔ အသက္ရႉလမ္းေၾကာင္းတြင္း ဝင္ေရာက္လာတဲ့အခ

ါ ခႏၶာကိုယ္က ဗိုင္းရပ္ပိုးမ်ားကို တိုက္ခိုက္ႏိုင္သည့္စြမ္းရည္ ထိခိုက္သြားပါတယ္၊ ထို႔ေၾကာင့္ အေအးမိျခင္း၊ တုပ္ေကြးမိျခင္း၊ ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြါးျခင္းေတြ ျဖစ္လာပါႏိုင္တယ္။

အေအးဓါတ္က အဆစ္အျမစ္ကိုက္ခဲျခင္းကို ပိုဆိုးေစပါတယ္၊ အေအးဓါတ္လြန္ကဲလာတဲ့အခါ အဆစ္မ်ားအတြင္းရွိ ဓါတ္ေငြ႕မ်ား အရည္မ်ားဟာ အဆစ္မ်ားကို တင္းလာေစပါတယ္၊ တင္းေတာင့္လာမႈေၾကာင့္ အာ႐ုံေၾကာမ်ား ဖိႏွိပ္ခံရသျဖင့္ နာက်င္မႈေတြ ပိုဆိုးလာေစပါတယ္။

အေအးဓါတ္က အဆစ္မ်ားအတြင္းရွိ တစ္ရႉးမ်ားကို ႀကဳံ႕သြားေစပါတယ္၊ ထိုသို႔ႀကဳံ႕သြားသည့္အတြက္ အာ႐ုံေၾကာမ်ားအေပၚ ဆြဲအားသက္ေရာက္သျဖင့္ နာက်င္မႈမ်ား တိုးလာေစပါတယ္၊ ဒူးဆစ္ တင္ပါးဆုံအဆစ္တို႔မွာ ပိုသိသာပါတယ္။

အေအးဓါတ္က ေသြးတိုးအေပၚ သက္ေရာက္မႈရွိသလား။ ေသြးေပါင္ခ်ိန္ဟာ ေႏြအခါမွာ နည္းတတ္ၿပီး ေဆာင္းအခါမွာ တက္တတ္ပါတယ္၊ ေအးတဲ့အခါ ေသြးေၾကာမ်ား ပိုမိုက်ဥ္းေျမာင္းသြားသည့္အတြက္ျဖစ္ပါတယ္။

အေအးဓါတ္က ဘယ္သူေတြကို ထိခိုက္ေစတတ္လဲ၊ အေအးလြန္ကဲမႈက ငယ္႐ြယ္သည့္ခေလးငယ္မ်ား၊ အသက္အ႐ြယ္ႀကီးရင့္သူမ်ား၊ က်န္းမာေရးခ်ိဳ႕တဲ့သူမ်ားအတြက္ ႀကီးမားတဲ့အႏၲရာယ္ႀကီးျဖစ္ပါတယ္။ က်န္းမာခ်မ္းသာၾကပါေစ။

(Dr. Myint Thein)

Leave a Reply

Your email address will not be published. Required fields are marked *