ကြားသိရသမျှ

နေ့စဉ်နီးပါး တဟုန်ထိုးတက်လာတဲ့ ရွှေဈေးနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းသွားနိုင်မယ့် အခြေအနေ

ဒေါ်လာကို အဆမတန် ဆွဲချထိန်းထားလို့ မတ်လကုန်ခါနီး မြန်မာကျပ်ငွေတန်ဖိုး ကျဖို့ရှိတယ်လို့ ဆိုနေကြတယ်။ အခုကမ္ဘာရွှေစျေးအတက်ကြောင့် ယနေ့မှာ နားလည်သူတွေက ရွှေစျေးကွက်မှာ ဝင်ကစား စျေးဆွဲတင်ပြီး မြန်မာရွှေကို အမြင့်စျေးနဲ့ ရောင်းပြီး စျေးဆွဲချ ချုပ်ထားတဲ့ ဒေါ်လာကို အလုအယက်ပြေးဝယ်နေကြတာ မြင်မကောင်းဘူး။

ဗခသားသမီး ဆွေမျိုး အကောင်တွေများ ပိုင်ချက်။ တနေ့တည်း သိန်းသောင်းချီ မြတ်ကုန်တာ။ ရသမျှ ငွေကို ဒေါ်လာပြောင်းထားတော့ ဖေဖော်ဝါရီမှာ နိုင်ငံရေး ကမောက်ကမနဲ့ ကျပ်ငွေတန်ဖိုးကျမှာနဲ့ ဒေါ်လာကိုင်ထားတဲ့သူတွေက နှစ်သီးစားပဲ။ အဲဒီသူ-ုတ်တွေ -ုတ်လို့ ကုန်စျေးနှုန်းတွေက ထိန်းမနိုင်ဖြစ်လာတာ။ (Aung Kyaw Oo)

နှစ်သစ်ကူးပိတ်ရက်တွေအပြီး မြန်မာ့ရွှေဈေးကွက်ပြန်စဖွင့်ချိန်မှာတော့ မြန်မာ့ရွှေဈေးဟာ ဆက်တိုက် မြင့်တက်လာပြီး ယနေ့ (၉-၁-၂၀၂၃) နေ့လည် ၃ နာရီခွဲအချိန်မှာတော့ ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားကို ကျပ် ၂၇ သိန်း ၇ သောင်းကျော်အထိ မြင့်တက်လာတယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီကနေ သိရပါတယ်။

၂၀၂၃ ခုနှစ်အစမှာ ကမ္ဘာ့ရွှေဈေးက အကျဖက်ကို ရောက်ရှိနေပေမယ့်လည်း ပြည်တွင်းရွှေဈေးနှုန်းကတော့ အတက်ဖက်ကို ရောက်ရှိနေတာ ဖြစ်တယ်လို့ ရွှေဈေးကွက်ကနေ သိရပါတယ်။

လက်ရှိအချိန်မှာ ရွှေအဝယ်နည်းနေပြီး ရောင်းချလိုသူတွေ များနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလို မြန်မာ့ရွှေဈေး တကျပ်သား ၃၅ သိန်းအထိ ပြန်ရောက်ဦးမလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

zawgyi

ေဒၚလာကို အဆမတန္ ဆြဲခ်ထိန္းထားလို႔ မတ္လကုန္ခါနီး ျမန္မာက်ပ္ေငြတန္ဖိုး က်ဖို႔ရွိတယ္လို႔ ဆိုေနၾကတယ္။ အခုကမာၻေ႐ႊေစ်းအတက္ေၾကာင့္ ယေန႔မွာ နားလည္သူေတြက ေ႐ႊေစ်းကြက္မွာ ဝင္ကစား ေစ်းဆြဲတင္ၿပီး ျမန္မာေ႐ႊကို အျမင့္ေစ်းနဲ႔ ေရာင္းၿပီး ေစ်းဆြဲခ် ခ်ဳပ္ထားတဲ့ ေဒၚလာကို အလုအယက္ေျပးဝယ္ေနၾကတာ ျမင္မေကာင္းဘူး။

ဗခသားသမီး ေဆြမ်ိဳး အေကာင္ေတြမ်ား ပိုင္ခ်က္။ တေန႔တည္း သိန္းေသာင္းခ်ီ ျမတ္ကုန္တာ။ ရသမွ် ေငြကို ေဒၚလာေျပာင္းထားေတာ့ ေဖေဖာ္ဝါရီမွာ ႏိုင္ငံေရး ကေမာက္ကမနဲ႔ က်ပ္ေငြတန္ဖိုးက်မွာနဲ႔ ေဒၚလာကိုင္ထားတဲ့သူေတြက ႏွစ္သီးစားပဲ။ အဲဒီသူ-ုတ္ေတြ -ုတ္လို႔ ကုန္ေစ်းႏႈန္းေတြက ထိန္းမႏိုင္ျဖစ္လာတာ။ (Aung Kyaw Oo)

ႏွစ္သစ္ကူးပိတ္ရက္ေတြအၿပီး ျမန္မာ့ေ႐ႊေဈးကြက္ျပန္စဖြင့္ခ်ိန္မွာေတာ့ ျမန္မာ့ေ႐ႊေဈးဟာ ဆက္တိုက္ ျမင့္တက္လာၿပီး ယေန႔ (၉-၁-၂၀၂၃) ေန႔လည္ ၃ နာရီခြဲအခ်ိန္မွာေတာ့ ၁၆ ပဲရည္ အေခါက္ေ႐ႊတက်ပ္သားကို က်ပ္ ၂၇ သိန္း ၇ ေသာင္းေက်ာ္အထိ ျမင့္တက္လာတယ္လို႔ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြဆီကေန သိရပါတယ္။

၂၀၂၃ ခုႏွစ္အစမွာ ကမာၻ႔ေ႐ႊေဈးက အက်ဖက္ကို ေရာက္ရွိေနေပမယ့္လည္း ျပည္တြင္းေ႐ႊေဈးႏႈန္းကေတာ့ အတက္ဖက္ကို ေရာက္ရွိေနတာ ျဖစ္တယ္လို႔ ေ႐ႊေဈးကြက္ကေန သိရပါတယ္။

လက္ရွိအခ်ိန္မွာ ေ႐ႊအဝယ္နည္းေနၿပီး ေရာင္းခ်လိုသူေတြ မ်ားေနတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ လပိုင္းတုန္းကလို ျမန္မာ့ေ႐ႊေဈး တက်ပ္သား ၃၅ သိန္းအထိ ျပန္ေရာက္ဦးမလားဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

crd blacker

Leave a Reply

Your email address will not be published. Required fields are marked *