လူမှုကွန်ရက်မှာ အဖွဲ့ဝင်ဦးရေ တသန်းကျော် ရှိတဲ့ စားကြမယ်၊ ချက်ကြမယ် ဂရုမှာ ဘယာကြော် အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ဖြစ်နေကြပါတယ်။ အကွင်းလေး လုပ်ပြီးကြော်တဲ့ မုန့်နဲ့ အလုံးလေး လုပ်ပြီး ကြော်တဲ့ မုန့် (၂) မျိုးကို ဘယ်ဟာက ဘယာကြော်လို့ ခေါ်သလဲဆိုတဲ့ မေးခွန်း ထွက်ပေါ်လာပါတယ်။ လူမှုကွန်ရက် အသုံးပြုသူများရဲ့ မှတ်ချက်တချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-
မှတ်ချက် (၁) – ရန်ကုန်မှာ အကွင်းကို မတ်ပဲကြော်၊ ကလားပဲနဲ့ ကြော်တဲ့ဟာကို ဘယာကြော်၊ မန္တလေးမှာတော့ အကွင်းကို ဘယာကြော် (သို့မဟုတ်) ဗမာဘယာကြော်၊ ကလားပဲနဲ့ ဘကြော်တဲ့ဟာကို ကလားဘယာကြော်လို့ ခေါ်ပါတယ်။
မှတ်ချက် (၂) – အရပ်ဒေသအရအခေါ်ကွဲတယ်။ မကွေးဖက်က ကလားပဲနဲ့လုပ်တဲ့ အကြော်ကို ဘယာကြော်လို့ခေါ်တယ်။ မန္တလေးမှာတော့ ကလားဘယာကြော်လို့ခေါ်တယ်။ မတ်ပဲနဲ့ လုပ်တဲ့အကြော်မှ ဘယာကြော်ပါ။
မှတ်ချက် (၃) – အညာဒေသမှာတော့ မတ်ပဲကြော်ကို ဘယာကြော်လို့ခေါ်ပြီး ကလားပဲနဲ့ဟာကို ကလားဘယာကြော်လို့ ခေါ်ကြတယ်။
မှတ်ချက် (၄) – ဆိပ်ဖြူမှာ ကလားပဲကြိတ်ပြီး ကြော်တာကို ဘယာကြော်၊ မတ်ပဲကြိတ်ပြီး ကြော်တာကို မတ်ပဲကြော် (သို့) အကွင်းကြော်၊ စစ်ကိုင်းရောက်တော့ ဆန့်ကျင်ဖက် ကလားပဲ ကြိတ်ပြီး ကြော်တာကို ကလားကြော် ၊ မတ်ပဲကြိတ်ပြီး ကြော်တာကို ဘယာကြော်။
မှတ်ချက် (၅) – ရန်ကုန်မှာ အကွင်းက မတ်ပဲကြော်၊ ကလားပဲထောင်းကြော်က ဘယာကြော်၊ မန္တလေးမှာ အကွင်းက ဘယာကြော်၊ ကလားပဲထောင်းကြော်က ကလားဘယာကြော်။
စာဖတ်သူ မိတ်ဆွေတို့ရော ပုံထဲမှာပါတဲ့ အကြော် (၂) မျိုးကို ဘယ်လို ခေါ်ဝေါ်ကြလဲဗျ။ ကွန်းမန့်မှာ ပြောပြသွားလို့ ရပါတယ်။
zawgyi
လူမႈကြန္ရက္မွာ အဖြဲ႕ဝင္ဦးေရ တသန္းေက်ာ္ ရွိတဲ့ စားၾကမယ္၊ ခ်က္ၾကမယ္ ဂ႐ုမွာ ဘယာေၾကာ္ အေခၚအေဝၚနဲ႔ ပတ္သက္ၿပီး ျငင္းခုံမႈေတြ ျဖစ္ေနၾကပါတယ္။ အကြင္းေလး လုပ္ၿပီးေၾကာ္တဲ့ မုန႔္နဲ႔ အလုံးေလး လုပ္ၿပီး ေၾကာ္တဲ့ မုန႔္ (၂) မ်ိဳးကို ဘယ္ဟာက ဘယာေၾကာ္လို႔ ေခၚသလဲဆိုတဲ့ ေမးခြန္း ထြက္ေပၚလာပါတယ္။ လူမႈကြန္ရက္ အသုံးျပဳသူမ်ားရဲ႕ မွတ္ခ်က္တခ်ိဳ႕ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္-
မွတ္ခ်က္ (၁) – ရန္ကုန္မွာ အကြင္းကို မတ္ပဲေၾကာ္၊ ကလားပဲနဲ႔ ေၾကာ္တဲ့ဟာကို ဘယာေၾကာ္၊ မႏၲေလးမွာေတာ့ အကြင္းကို ဘယာေၾကာ္ (သို႔မဟုတ္) ဗမာဘယာေၾကာ္၊ ကလားပဲနဲ႔ ဘေၾကာ္တဲ့ဟာကို ကလားဘယာေၾကာ္လို႔ ေခၚပါတယ္။
မွတ္ခ်က္ (၂) – အရပ္ေဒသအရအေခၚကြဲတယ္။ မေကြးဖက္က ကလားပဲနဲ႔လုပ္တဲ့ အေၾကာ္ကို ဘယာေၾကာ္လို႔ေခၚတယ္။ မႏၲေလးမွာေတာ့ ကလားဘယာေၾကာ္လို႔ေခၚတယ္။ မတ္ပဲနဲ႔ လုပ္တဲ့အေၾကာ္မွ ဘယာေၾကာ္ပါ။
မွတ္ခ်က္ (၃) – အညာေဒသမွာေတာ့ မတ္ပဲေၾကာ္ကို ဘယာေၾကာ္လို႔ေခၚၿပီး ကလားပဲနဲ႔ဟာကို ကလားဘယာေၾကာ္လို႔ ေခၚၾကတယ္။
မွတ္ခ်က္ (၄) – ဆိပ္ျဖဴမွာ ကလားပဲႀကိတ္ၿပီး ေၾကာ္တာကို ဘယာေၾကာ္၊ မတ္ပဲႀကိတ္ၿပီး ေၾကာ္တာကို မတ္ပဲေၾကာ္ (သို႔) အကြင္းေၾကာ္၊ စစ္ကိုင္းေရာက္ေတာ့ ဆန႔္က်င္ဖက္ ကလားပဲ ႀကိတ္ၿပီး ေၾကာ္တာကို ကလားေၾကာ္ ၊ မတ္ပဲႀကိတ္ၿပီး ေၾကာ္တာကို ဘယာေၾကာ္။
မွတ္ခ်က္ (၅) – ရန္ကုန္မွာ အကြင္းက မတ္ပဲေၾကာ္၊ ကလားပဲေထာင္းေၾကာ္က ဘယာေၾကာ္၊ မႏၲေလးမွာ အကြင္းက ဘယာေၾကာ္၊ ကလားပဲေထာင္းေၾကာ္က ကလားဘယာေၾကာ္။
စာဖတ္သူ မိတ္ေဆြတို႔ေရာ ပုံထဲမွာပါတဲ့ အေၾကာ္ (၂) မ်ိဳးကို ဘယ္လို ေခၚေဝၚၾကလဲဗ်။ ကြန္းမန႔္မွာ ေျပာျပသြားလို႔ ရပါတယ္။