ဗေဒင်

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့်ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း

ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့်ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း

(၁)ယခုနှစ်တွင် စိတ်ပင်ပန်းခြင်းစိတ်ဖိစီးခြင်းတို့ကိုမကြာခဏကြုံရနိုင်ပါတယ်။

(၂)အောင်မြင်လိုတဲ့ ကိစ္စများအတွက် ဇွဲလုံ့လတို့ကြောင့် နောက်ဆုံးတွင် မျှော်လင့်ထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်မဲ့ နှစ်ဖြစ်ပါတယ်။

ကြိုးစားအားထုတ်မှုကိုတော့ လျော့လို့မဖြစ်တဲ့နှစ်ပါနော်။ နည်းနည်းကြိုးစားရင်တော့ ခံစားခွင့်အနည်းးငယ်သာရှိမဲ့ နှစ်ဖြစ်ပါတယ်။

ကြိုးစားသလောက်အရာထင်နိုင်တာမို့ ကြိုးစားပါလို့ အားပေးတိုက်တွန်းပါတယ်။

(၃)ဆွေမျိုးများရဲ့ ပြောဆိုဆက်ဆံရေးနဲ့စကားနာထိုးခြင်းကြောင့် အချစ်နဲ့ အိမ်ထောင်ရေး၊မိသားစုရေးတွင် အဆင်မပြေမှုများ၊ ပြဿနာများ၊ရန်ဖြစ်ခြင်းများကြုံရပါမယ်။

ဆွေမျိုးများရဲ့ နှောက်ယှက်ခြင်းဘေးရန်မကင်းသောနှစ်လည်း ဖြစ်ပါတယ်။ ဆွေမျိုးများရဲ့ ရန်လိုခြင်း၊တိုက်ခိုက်ခြင်းများလည်း ကြုံရနိုင်ပါတယ်။

ချစ်သောသူများက ဒါကိုနားလည်ထားပြီး ရန်ရှောင်ဖို့ လိုပါတယ်။ ရန်မရှောင်လျှင် အမှုပြဿနာဖြစ်နိုင်ပါတယ်။

(၄)လူမှုရေးလုပ်ငန်းများလုပ်ကိုင်ရင်း ရာထူး၊သိက္ခာ၊ဂုဏ်မြင့်မားမဲ့နှစ်ဖြစ်ပါတယ်။

အဆက်အသွယ်ကောင်းများရရှိပြီးး ဘဝတက်လမ်းတိုးတက်ဖို့အတွက် ခြေလှမ်းသစ် စတင်နိုင်မဲ့ နှစ်ဖြစ်ပါတယ်။

(၅)ပညာရေးမှာ အခွင့်လမ်းသစ်များနှင့် နည်းပညာအပေါ် အခြေခံထားသော ပညာရပ်များတွင် ထူးချွန်ပါမယ်။ ပညာရပ်သစ်များးကိုလည်း သင်ယူခွင့်ကြုံရပါဦးမယ်။

(၆)ကျန်းမာရေးတွင် စိတ်ပိုင်းဆိုင်ရာ ၊ အသည်းရောဂါဝေဒနာ၊ ဝမ်းနာ၊လေနာ၊ အဆုတ်ဆိုင်ရာ တို့ကို ခံစားရပါမယ်။

(၇)ယခုနှစ်အတွက် အင်္ဂါ ၊ တနင်္ဂနွေသားသမီးတို့ အကျိုးပေးပါမယ်။

(၈)ကုသိုလ်ရေးအားကောင်းသူများကတော့ ရွှေ ဝင်မဲ့နှစ်ဖြစ်ပါတယ်။ လူ သို့မဟုတ် ခြေလေချောင်းလည်း ဝင်နိုင်တဲ့နှစ် ဖြစ်ပါတယ်။

အညံ့အဆိုးပြေစေဖို့နဲ့လိုရာပြည့်စေဖို့ အထူးယတြာ

ယတြာ။ ။ မွေးနေ့ နံနက် ၉ နာရီ ၃၆ မိနစ်အချိန် အိမ်ဘုရားတွင်အုန်းနို့ကျောက်ကျောလှူ၍ ဂုဏ်တော်ကွန်ချာကို ၉ ခေါက်ပူဇော်ပေးပါ။

အစီအရင်

၇ ရက်သားသမီးတို့အတွက် ရေ လှူပေးပါ။ ရေတွင်း တူးပေးခြင်း၊ ရေကန်လှူခြင်းများပြုလုပ်ပေးပါ။ ဘဝကံ တက်လာပါမယ်။

ထို့ပြင် လမ်းမီး(သို့)ဘုရားမီး စတဲ့အလင်းရောင ်လှူဒါန်းခြင်းပြုလုပ်ပေးပါ။

၂၀၂၃ ခုနှစ်အတွင်း ဂရုစိုက်ရမဲ့ သက်ရောက်များကတော့ ၁၈၊၂၈၊၄၄၊၄၇၊၅၂၊ ၅၅၊၅၉၊၆၈၊၈၀ စတဲ့ သက်ရောက်တွေကတော့ အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။

ကျန်းမာရေးအညံ့ကြုံရခြင်း၊ဆေးရုံဆေးခန်းရောက်ရခြင်း၊ အသက်ဘေးကြုံရခြင်း၊အမှုအခင်းများဖြေရှင်းရခြင်း၊ အချုပ်အနှောင်ခံရခြင်း၊ငွေညှစ်ခံရခြင်း၊ ငွေလိမ်ခံရခြင်း၊ လုပ်ငန်းစီးပွားပျက်ဆီးခြင်း၊နာမည်ဖျက်ခံရခြင်း နှင့် မတရားညှင်းစဲခံရခြင်းတို့ ကြုံရနိုင်ပါတယ်။

ဒီနှစ်မှာတော့ စိတ်ကောင်းကောင်းထားပြီး ဘာသာရေးကူမှ သက်သာမဲ့ သဘောရှိနေပါတယ်။

အထင်လွဲခံရတာတွေ၊ စွပ်စွဲခံရတာတွေ၊အနှောက်အယှက်ပြုခံရတာတွေ ထိခိုက်ဆုံးရှုံးတာတွေရှိတတ်ပါတယ်။ ဒါတွေဖြစ်လာတာဟာပြဿနာဟောင်း၊ဝဋ်ကြွေးဟောင်းတွေပေါ်လာတဲ့ သက်ရောက်ချိန်ဖြစ်တဲ့အတွက် စိတ်ထားတတ်အောင်ကြိုးစားပြီးနေထိုင်ဖို့အထူးတိုက်တွန်းလိုပါတယ်။ ခုလိုအချိန်မှာလူပုဂ္ဂိုလ် အားကိုးမရှာပါနဲ့၊အားကိုးအနေနဲ့ ကိုယ့်ရဲ့ဒါန၊သီလနဲ့ဘာဝနာကိုသာ အားကိုးပါလို့ ဆိုပါရစေ။

စီးပွားရေးတိုးတက်မှုမရှိသလောက်ဖြစ်မယ်၊ ရရစားစားအခြေနေမျိုးရှိနေရင်ကို ကျေနပ်၇မဲ့ အချိန်ဖြစ်ပါတယ်။ အလိမ်ခံရတတ်တဲ့အတွက် ဂရုစိုက်ရမဲ့အချိန်၊ ငွေကို မလိုအပ်တဲ့နေရာတွေမှာ မသုံးမိအောင် ဂရုစိုက်ပေးပါ။ဒါ့အပြင် တတ်နိုင်သမျှ ကတိပေးတာမျိုး၊အာမခံတာမျိုး ရှောင်နိုင်သမျှ ရှောင်ပေးပါ။

အိမ်ထောင်ရေးမှာလည်း စိတ်အေးချမ်းအောင်နေနိုင်မှ အဆင်ပြေမဲ့ အနေအထားရှိပါတယ်။ အိမ်ထောင်ဘက်ကိုလည်း ကိုယ်ရင်ဆိုင်နေရတဲ့ အဆင်မပြေမှုတွေ၊ပြဿနာတွေကို သေချာနားလည်အောင်ရှင်းပြပါ ကိုယ့်အပေါ်မှာ နားလည်မှုပေးနိုင်ဖို့အတွက် သူ့ကို ကိုယ့်ပြဿနာတွေပြောမှရပါမယ်။ နို့မို့ရင်အိမ်ထောင်ဘက်ကြောင့်လည်း စိတ်သောကများနိုင်လို့ပါ။

ကျန်းမာရေးတွင် ဆီးချိူ၊ အဖျားအနာ၊ အပူနာရောဂါများ၊ အရိုးအကြော၊ အကျိတ်နာ၊ လေးဘက်နာ၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ အကြောတတ်၊ အစာအိမ်စတဲ့ ရောဂါဝေဒနာများ ခံစားရလျှင် ဂရုစိုက်ပေးရပါမည်။

ဒီနှစ်ထဲမှာ လောဘ၊ဒေါသ၊မောဟနည်းအောင်စိတ်ထားတတ်ဖို့က အရေးကြီးပါတယ်။ ဒါဟာ လောကဓံကိုရင်ဆိုင်ရတဲ့အချိန်ကာလမို့ စိတ်ထားရောကောင်းတဲ့ စိတ်နေစိတ်ထားနဲ့ရင်ဆိုင်ဖို့အားပေးတိုက်တွန်းချင်ပါတယ်။

ကံညံ့ချိန်တွေမှာ အဓိဌာန်တွေ ကြိုဝင်ထားပြီး ကုသိုလ်ရေးနဲ့ သီလစောင့်ထိန်းခြင်းကို ဖိလုပ်ဖို့ လိုပါတယ်။ အဲဒီလိုနည်းလမ်းနဲ့ အဆိုးတွေကို ဖြတ်ကျော်သွားကြရတာပါပဲ။

တစ်နှစ်အတွင်းပြုရမဲ့ ယတြာတွေကတော့

(၁)ဒါနကုသုလ်

(၁)နေ့စဉ် အိမ်က ဘုရားမှာ ဆွမ်း၊ရေ၊ပန်း၊ယပ်၊မီး (၄ မျိုးကို နေ့စဉ်လှူပါ) ဓါတ်ကြီး လေးပါး ပြည့်အောင်လှူခြင်းဖြစ်ပါတယ်။

(၂)အပတ်စဉ် ဖခင်၊ ဆရာ၊ ဘုန်းကြီး၊ မိတ်ဆွေ သက်ကြီးရွယ်အို အတွက် (ငွေ၊အစာ၊ဆေး၊မျက်မှန်)သုံးမျိုးကို လှည့်ပတ်ပြီး လှူဒါန်းပေးပါ။

(၃)လပြည့်လကွယ်နေ့တိုင်း ဘုရားကို ရေသပါယ်ပေးပါ။

(၄)သိပ်ကို ပူလောင်နေတယ်ဆိုရင်တော့ ရွှေတိဂုံဘုရား(သို့)တန်ခိုးကြီး ဘုရားတစ်ဆူသွားပြီး သျှားမီးပူဇော်ပေးပါ။

(၂)သီလ ကုသိုလ်

(၁) ၃ ပါးသီလကနေ ၅ ပါးသီလကို လုံအောင်ထိန်းပါ။ ဒါမှ သက်သာပါမယ်။

(၂) တစ်လမှာ ၂ ကြိမ် ၉ ပါး သီလ ယူပေးပါ။

(၃)လစဉ် အဓိဋ္ဌာန်ပုတီးစိတ်ပါ။

(၄) ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပါ။

(၃)ဘာဝနာ ကုသိုလ်

(၁)မေတ္တာသုတ်ကို နေ့စဉ် ၅ ခေါက်ပူဇော်ပေးပါ။

(၂)မနက်ပိုငးတွင် ပရိတ်ကြီး ၁၁ သုတ် ပူဇော်ပြီးညပိုင်းတွင် ပဋ္ဌာန်းပူဇော်ပေးပါ။(ဖြစ်အောင်ပူဇော်ပါ၊အရေးကြီးပါတယ်)

(၃)တရားထိုင်ပါ၊(အာနာပနကမ္မဋ္ဌာန်း စီးဖြန်းပါ)

အဲဒီလို နေ့စဉ်ရက်ဆက်ဖြတ်သန်းခြင်းအားဖြင့် ကံတရားရဲ့…အညံ့အဆိုးတွေလဲ သိသာစွာလျော့ပါးသွားစေနိုင်ပါတယ်…။

ကျွန်မအနေနဲ့ကုသိုလ်ကံ ညံ့နေစဉ်မှာလည်း ထိုအတိုင်းသာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်ရှင်။
ကျန်နေ့သားတွေကိုလည်း ဆက်ဟောပေးပါ့မယ်နော်။

မေတ္တာဖြင့်

May Thingyan Hein-Myitmakha

Leave a Reply

Your email address will not be published. Required fields are marked *