ဗေဒင်
ကြာသပတေးသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့်ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း
(၁၀) လူလွတ်များ အချစ်ရေးတွင် ကံကောင်းပြီး မိသားစုနှင့် သင့်မြတ်တဲ့ချစ်သူဖ်ြစနေတဲ့အတွက် စိတ်အေးချမ်းနေပါလိမ့်မယ်။
(၁)ဒါနကုသုလ်
(၂)သီလ ကုသိုလ်
(၃)ဘာဝနာ ကုသိုလ်
မေတ္တာဖြင့်
unicode
ကြာသပတေးသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့်ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း
၂၀၂၃ ခုနှစ်အတွင်းမှာ ကြာသပတေးသားသမီးများအနေနဲ့
(၁)ယခုနှစ်တွင် အထူးသဖြင့် မိတ်ဆွေကောင်းများနဲ့ ဆုံရပြီး ဆရာကောင်းများနဲ့လည် းဆုံစည်းရပါမယ်။ ဒါ့အပြင် မိတ်ဆွေနဲ့ဆရာသမားတို့ထံက လိုသော အကူအညီရပါမယ်။
(၂)မျှော်လင့်ထားတာထက်ပိုပြီး အောင်မြင်မှုရရှိနိုင်တဲ့နှစ်ဖြစ်ပါတယ်။
(၃)ကုသိုလ်ရေးကောင်းခဲ့ရင် ဘာသာရေး အထောက်အပံ့ကြောင့်ဝင်ငွေရလမ်းကြောင်းပေါ်ပြီးဝင်ငွေကောင်းပါမယ်။
(၄)ဘာသာရေးအားကောင်းနိုင်ပြီးပညာရေးတွင် ထူးခြားပြီး ထူးချွန်နိုင်သော နှစ်ဖြစ်ပါတယ်။
(၅)ကြာပတေးနံဖြစ်တဲ့ ပိုးထည် ၊ ပဲ၊ ပြောင်း၊ ဖရဲသီး၊ ဘိန်းမုန့်၊ ပျား ၊ မုန့်မျိုးစုံရောင်းဝယ်ခြင်း၊ စသောလုပ်ငန်းတို့ အကျိုးပေးမဲ့နှစ်ပါ။
(၆) မိတ်ဆွေကောင်းများသော်လည်း မကြာခဏ နားလည်မှုလွဲနိုင်နိုင်တဲ့အတွက် မငြင်းခုံပါနဲ့ ဖြည့်တွေးပေး၊နားလည်ပေးပါ။
(၇) စပ်တူရှယ်ယာ ၊ အကြံပေးလုပ်ငန်းများဖြင့် အောင်မြင်မှုရတတ်တဲ့ကာလဖြစ်ပါတယ်။
(၈)ကျန်းမာရေးမညံ့သော်လည်း လည်ချောင်းမှာ ဝေဒနာပေါ်ပါမယ်။ချောင်းခြောက်ဆိုးခြင်း ၊ အသံနာခြင်း စသော ဝေဒနာတို့ ခံစား ရနိုင်ပါတယ်။
(၉) ဗုဒ္ဓဟူး ၊ တနင်္လာနေ့နံ သားသမီးတို့ နှင့် အကျိုးတူလုပ်ငန်းမှ အကျိုးအမြတ်ရပြီး စနေသားသမီးတို့ နှင့် အကျိုးပေးအားနည်းတဲ့ နှစ်ဖြစ်ပါတယ်။
(၁၀) လူလွတ်များ အချစ်ရေးတွင် ကံကောင်းပြီး မိသားစုနှင့် သင့်မြတ်တဲ့ချစ်သူြဖ်စနေတဲ့အတွက် စိတ်ေအေးချမ်းနေပါလိမ့်မယ်။
ယတြာ။ ။ မွေးနေ့ နံနက် ၉နာရီ ၉ မိနစ်အချိန် အိမ်ဘုရားတွင် ကြာဇံကြော်ကပ်လှူ၍ လိုရာဆုတောင်းပါ။
မေတ္တာသုတ်ကို တစ်နေ့ ၃ ခေါက်ပူဇော်ပေးပါ။ ဓါရဏပရိတ်တော်ကိုလည်း ၁ ခေါက်ပူဇော်ပေးပါ။
ကြာသတေးနေ့သားတွေထဲမှာတော့ အသက် ၁၈၊ ၂၀၊၂၄၊၃၂၊၅၃၊၅၅၊၅၉၊၆၈၊၆၉၊၈၂ စတဲ့ ရောက်သက်ရှိသူများကတော့ ဂရုစိုက်ရမဲ့နှစ်ဖြစ်ပါတယ်။
(၁)စီးပွားပျက်ဆီးဆုံးရှုံးခြင်းများကြုံရနိုင်ပါတယ်။
(၂)မိသားစုတွင်း ပြင်းထန်သောသောကအပူကြုံရနိုင်ပါတယ်။အိမ်တွင်းရေးအညံ့မျိုးစုံစုပြုံပြီးကြုံရနိုင်ပါတယ်။
(၃)မတော်တဆထိခိုက်ဒဏ်ရာရရှိပြီး အသက်ဘေးကြုံနိုင်ပါတယ်။
(၄)အမှုအခင်းပြဿနာ၊ ရန်ငြိုးရန်ကြွေး စတာတွေကြုံရနိုင်ပါတယ်။
(၅)မတရားစွပ်စွဲခံရခြင်း၊ နာမည်ဂုဏ်သိက္ခာပျက်ဆီးထိခိုက်ရခြင်းများကြုံရနိုင်ပါတယ်။
၂၀၂၃ အတွင်းမှာ စီးပွားရေး၊ကျန်းမာရေး၊လှုမှုရေးစတဲ့အရေးကြီးတဲ့အပိုင်းတွေမှာ အကျဘက်မှာ ရှိနေပါတယ်။ ဘာသာရေးအကူအညီယူမှ ရမဲ့ သက်ရောက်တွေဖြစ်နေပါတယ်။
ဒါကြောင့် အဓိဋ္ဌာန်ဝင်တာတွေ၊ စိတ်စေတနာကောင်းထားပြီး ပြောဆိုဆောင်ရွက်တာတွေ၊လောဘ။ဒေါသ မောဟတွေကို ထိန်းပြီး ဖြစ်ပြီးလို့ ပျက်ခဲ့တာဆိုတဲ့ သဘောကို လက်ခံဖို့လိုပါတယ်။
ပျက်ပြီးရင် ၂၀၂၃ ကို ကျော်သွားတာနဲ ကောင်းတဲ့ နှစ်ကို ပြန်ရောက်ပါပြီ ဆိုတာကိုလည်း မမေ့ပါနဲ့ အမြဲတမ်း မဆိုးနေသလို၊အမြဲတမ်းမကောင်းနိုင်တဲ့ ကံတရားကိုလည်း တရားသဘောနဲ့ကြည့်ဖို့လိုပါတယ်။
ဒီနှစ်ထဲမှာ စီးပွားရေးအတွက်လောဘ မထားပါနဲ့ရသလောက်နဲ့ အဆင်ပြေအောင်ကြိုးစားနေပါ။ ထပ်ပြီးရင်းရင်မြှုပ်သွားနိုင်တာပါ။ဆုံးရှုံးမှုကြီးမားနိုင်ပါတယ်။
လူမှုရေးမှာလည်း စီတ်ကောင်းထားပြီး ဘာသာရေးကူမှ သက်သာမဲ့ သဘောရှိနေပါတယ်။ အိမ်ထောင်ဘက်ကိုလည်း ဒီအချိန်ဟာ ဝဋ်ကြွေးဆပ်စရတဲ့အချိန်ဆိုတာကိုနားလည်အောင်ပြောပြပြိး တူတူ ဘာသာရေးလုပ်ပေးပါ။
ဒါတွေဖြစ်လာတာဟာပြဿနာဟောင်း၊ဝဋ်ကြွေးဟောင်းတွေပေါ်လာတဲ့ သက်ရောက်ချိန်ဖြစ်တဲ့အတွက် စိတ်ထားတတ်အောင်ကြိုးစားပြီးနေထိုင်ဖို့အထူးတိုက်တွန်းလိုပါတယ်။
ခုလိုအချိန်မှာလူပုဂ္ဂိုလ် အားကိုးမရှာပါနဲ့၊အားကိုးအနေနဲ့ ကိုယ့်ရဲ့ဒါန၊သီလနဲ့ဘာဝနာကိုသာ အားကိုးပါလို့ ဆိုပါရစေ။
၂၀၂၃ နှစ်ထဲမှာ လောဘ၊ဒေါသ၊မောဟနည်းအောင်စိတ်ထားတတ်ဖို့က အရေးကြီးပါတယ်။ ဒါဟာ လောကဓံကိုရင်ဆိုင်ရတဲ့အချိန်ကာလမို့ စိတ်ထားရောကောင်းတဲ့ စိတ်နေစိတ်ထားနဲ့ရင်ဆိုင်ဖို့အားပေးတိုက်တွန်းချင်ပါတယ်။
ကံညံ့ချိန်တွေမှာ အဓိဌာန်တွေ ကြိုဝင်ထားပြီး ဘာသာရေးကို ဖိလုပ်ဖို့ လိုပါတယ်။ အဲဒီလိုနည်းလမ်းနဲ့ အဆိုးတွေကို ဖြတ်ကျော်သွားကြရတာပါပဲ။
တစ်နှစ်အတွင်းပြုရမဲ့ ယတြာတွေကတော့
(၁)ဒါနကုသုလ်
(၁)နေ့စဉ် အိမ်က ဘုရားမှာ ဆွမ်း၊ရေ၊ပန်း၊၊မီး နဲ့ သစ်သီးတစ်မျိုးမျိုးကို (၄ မျိုးကို နေ့စဉ်လှူပါ) ဓါတ်ကြီး လေးပါး ပြည့်အောင်လှူခြင်းဖြစ်ပါတယ်။
(၂)အပတ်စဉ် ဖခင်၊ ဆရာ၊ ဘုန်းကြီး၊ မိတ်ဆွေ သက်ကြီးရွယ်အို အတွက် (ငွေ၊အစာ၊ဆေး၊မျက်မှန်၊)သုံးမျိုးကို လှည့်ပတ်ပြီး လှူဒါန်းပေးပါ။
(၃)လပြည့်လကွယ်နေ့တိုင်း ပြည်သူနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေအတွက် စားနပ်ရိက္ခာ၊ဆေးဝါးစရိတ်၊ အိုးအိမ်စတဲ့ အရေးတွေအတွက် ငွေလှူပေးပါ။ လှူပေးတဲ့အခါတိုင်း ၅ ထောင်၊ ၅ သောင်း၊ ၅ သိန် းစသဖြင့် ၅ ဂဏန်းပါအောင် လှူပေးးပါနော်။
(၄)သိပ်ကို ပူလောင်နေတယ်ဆိုရင်တော့ ရွှေတိဂုံဘုရား(သို့)တန်ခိုးကြီး ဘုရားတစ်ဆူသွားပြီး သဗ္ဗဇယမင်္ဂလာဂါထာကို သက်စေ့ပုတီးစိတ်လိုက်ပါ။
(၂)သီလ ကုသိုလ်
(၁) ၃ ပါးသီလကနေ ၅ ပါးသီလကို လုံအောင်ထိန်းပါ။ ဒါမှ သက်သာပါမယ်။
(၂) တစ်လမှာ ၂ ကြိမ် ၉ ပါး သီလ ယူပေးပါ။
(၃)လစဉ် အဓိဋ္ဌာန်ပုတီးစိတ်ပါ
(၄) ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပါ။
(၅) မိဘ၊ဆရာသမားနဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုလုပ်ကိုင်ပေးပါ၊ သူတို့ဆုတောင်းပေးရင် အညံ့သက်သာသွားပါမယ်။
(၃)ဘာဝနာ ကုသိုလ်
(၁)မေတ္တာသုတ်ကို နေ့စဉ် ၅ ခေါက်ပူဇော်ပေးပါ။
(၂)မနက်ပိုငးတွင် ပရိတ်ကြီး ၁၁ သုတ် ပူဇော်ပြီးညပိုင်းတွင် ပဋ္ဌာန်းပူဇော်ပေးပါ။(ဖြစ်အောင်ပူဇော်ပါ၊အရေးကြီးပါတယ်)
(၃)တရားထိုင်ပါ၊(အာနာပနကမ္မဋ္ဌာန်း စီးဖြန်းပါ)
(၄)သံဗုဒ္ဓေါကို နေ့တိုင်း ၂၇ ခေါက့်ရွက်ပေးပါ။
အဲဒီလို နေ့စဉ်ရက်ဆက်ဖြတ်သန်းခြင်းအားဖြင့် ကံတရားရဲ့…အညံ့အဆိုးတွေလဲ သိသာစွာလျော့ပါးသွားစေနိုင်ပါတယ်…။
ကျန်နေ့ရက်သားတွေကိုလည်း ဆက်ဟောပေးပါ့မယ်နော်။
မေတ္တာဖြင့်
May Thingyan Hein-Myitmakha
Leave a Reply
Your email address will not be published. Required fields are marked *