ကြားသိရသမျှ

၂၀၂၃ မှာ လာတော့မယ့် ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ကော်ပိုရိတ်လုပ်ငန်းတွေရဲ့ ကျဆုံးခန်း

ကမ္ဘာ့စီးပွားရေး ပျက်ကပ် (Global Financial Crisis) အနှေးနဲ့ အမြန်ဖြစ်လာဖို့က သေချာသလောက်ဖြစ်နေပါပြီ။ မနေ့က စီအန်ဘီစီ သတင်းမှာ သတင်းတခု ဖတ်ရတယ် အမေရိကန်က ဘီလီယံနာတွေက ၂၀၂၂ တစ်နှစ်ထဲ အမေရိကန်ဒေါ်လာ ၆၆၀ ဘီလီယံ ဆုံးရှုံးသွားတယ်တဲ့။

တကမ္ဘာလုံးက ဘီလီယံနာတွေပေါင်းရင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ (2 Trillion) တောင်ဆုံးရှုံးသွားတယ်တဲ့။ သေချာတာက သူတို့တွေတောင် ဒီလောက်ဆုံးရှုံးနေရင် ဒါတွေဟာ လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေကို အနှေးနဲ့ အမြန် ရိုက်ခတ်လာမှာပါ။

အီလွန်မတ်စ်ရဲ့ တက်စ်လာ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပြုတ်ကျသွားတယ်။ အမေဇုန်သူဌေး ၈၀ ဘီလီယံ ဆုံးရှုံးသွားတယ်။ ဖေ့ဘုတ်ဖောင်ဒါ မတ်ဇူကာဘတ် ၇၈ ဘီလီယံ ဆုံးရှုံးသွားတယ်။ ဂူးဂဲဖောင်ဒါ လယ်ရီပေ့က ၄၀ ဘီလီယံ ဆုံးရှုံးသွားတယ်တဲ့။

ဒါတွေဟာ အနှေးနဲ့ အမြန် စင်ကာပူ ၊ မြန်မာနဲ့ တခြားနိုင်ငံတွေကို သက်ရောက်လာမှာပါ။ ဒီရိုက်ခတ်မှုက ကြီးမားပါလိမ့်မယ်။ ရှေ့နှစ်မှာ အလုပ်ဖြုတ်တာတွေ ဒီထက်ပိုများလာနိုင်ပါတယ်။ အခုတောင် တွစ်တာနဲ့ ဖေ့ဘုတ် အလုပ်ဖြုတ်မှုတွေ တော်တော်ဂယက်ရိုက်နေပါတယ်။

ဆီမီးကွန်ဒက်တာလုပ်ငန်းက အသိအကိုအမတွေကလည်း ရှေ့နှစ်ကျိန်းသေ စီးပွါးရေးပျက်ကပ်လာမှာဆိုပြီး ပြောနေကြပါတယ်။ ၂၀၀၈ လဲမို့ brothers ဒေဝါလီခံတာကနေ စလိုက်တဲ့ အကျပ်အတည်းက စင်ကာပူမှာ သူငယ်ချင်းတချို့လဲ အလုပ်ဖြုတ်ခံရတာ ပါသွားဖူးပါတယ်။ အဓိကပြောချင်တာက အဲဒီအချိန်ကျရင် အလုပ်တွေရှာဖို့ အရမ်းကြီး မလွယ်သလို အလုပ်လျော့တဲ့အထဲလည်း ပါသွားတတ်ကြကြောင်း အခုထဲက ကြိုတင်ပြင်ဆင်ထားဖို့ မေတ္တာဖြင့် သတိပေးလိုက်ရပါတယ်။ (ရဲမင်း)

zawgyi

ကမာၻ႔စီးပြားေရး ပ်က္ကပ္ (Global Financial Crisis) အေႏွးနဲ႔ အျမန္ျဖစ္လာဖို႔က ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။ မေန႔က စီအန္ဘီစီ သတင္းမွာ သတင္းတခု ဖတ္ရတယ္ အေမရိကန္က ဘီလီယံနာေတြက ၂၀၂၂ တစ္ႏွစ္ထဲ အေမရိကန္ေဒၚလာ ၆၆၀ ဘီလီယံ ဆုံးရႈံးသြားတယ္တဲ့။

တကမာၻလုံးက ဘီလီယံနာေတြေပါင္းရင္ အေမရိကန္ေဒၚလာ ၂ ထရီလီယံ (2 Trillion) ေတာင္ဆုံးရႈံးသြားတယ္တဲ့။ ေသခ်ာတာက သူတို႔ေတြေတာင္ ဒီေလာက္ဆုံးရႈံးေနရင္ ဒါေတြဟာ လူလတ္တန္းစားနဲ႔ ေအာက္ေျခလူတန္းစားေတြကို အေႏွးနဲ႔ အျမန္ ႐ိုက္ခတ္လာမွာပါ။

အီလြန္မတ္စ္ရဲ႕ တက္စ္လာ ရွယ္ယာ ၇၀ ရာခိုင္ႏႈန္း ျပဳတ္က်သြားတယ္။ အေမဇုန္သူေဌး ၈၀ ဘီလီယံ ဆုံးရႈံးသြားတယ္။ ေဖ့ဘုတ္ေဖာင္ဒါ မတ္ဇူကာဘတ္ ၇၈ ဘီလီယံ ဆုံးရႈံးသြားတယ္။ ဂူးဂဲေဖာင္ဒါ လယ္ရီေပ့က ၄၀ ဘီလီယံ ဆုံးရႈံးသြားတယ္တဲ့။

ဒါေတြဟာ အေႏွးနဲ႔ အျမန္ စင္ကာပူ ၊ ျမန္မာနဲ႔ တျခားႏိုင္ငံေတြကို သက္ေရာက္လာမွာပါ။ ဒီ႐ိုက္ခတ္မႈက ႀကီးမားပါလိမ့္မယ္။ ေရွ႕ႏွစ္မွာ အလုပ္ျဖဳတ္တာေတြ ဒီထက္ပိုမ်ားလာႏိုင္ပါတယ္။ အခုေတာင္ တြစ္တာနဲ႔ ေဖ့ဘုတ္ အလုပ္ျဖဳတ္မႈေတြ ေတာ္ေတာ္ဂယက္႐ိုက္ေနပါတယ္။

ဆီမီးကြန္ဒက္တာလုပ္ငန္းက အသိအကိုအမေတြကလည္း ေရွ႕ႏွစ္က်ိန္းေသ စီးပြါးေရးပ်က္ကပ္လာမွာဆိုၿပီး ေျပာေနၾကပါတယ္။ ၂၀၀၈ လဲမို႔ brothers ေဒဝါလီခံတာကေန စလိုက္တဲ့ အက်ပ္အတည္းက စင္ကာပူမွာ သူငယ္ခ်င္းတခ်ိဳ႕လဲ အလုပ္ျဖဳတ္ခံရတာ ပါသြားဖူးပါတယ္။ အဓိကေျပာခ်င္တာက အဲဒီအခ်ိန္က်ရင္ အလုပ္ေတြရွာဖို႔ အရမ္းႀကီး မလြယ္သလို အလုပ္ေလ်ာ့တဲ့အထဲလည္း ပါသြားတတ္ၾကေၾကာင္း အခုထဲက ႀကိဳတင္ျပင္ဆင္ထားဖို႔ ေမတၱာျဖင့္ သတိေပးလိုက္ရပါတယ္။ (ရဲမင္း)

Leave a Reply

Your email address will not be published. Required fields are marked *