ကြားသိရသမျှ

အိုင်းရင်းက ဟန်ငြိမ်းဦးနဲ့ ဆက်သွယ်ပြီး seemore….

အိုင်းရင်းက ဟန်ငြိမ်းဦးနဲ့ ဆက်သွယ်ပြီး ဒလန်လုပ်ခဲ့တယ်ဆိုတာ ဒီအသံဖိုင်က နောက်ထပ်သက်သေဖြစ်သွားပြန်ဒီအသံဖိုင်ထဲက ယောက်ျားနှစ်ယောက်မှာ တစ်ယောက်က ကိုလက်ယာဆိုတဲ့လူ၊ နောက်တစ်ယောက်က ကိုသားသားဆိုတဲ့လူ

Strategy အတိုင်း ဆက်လုပ်မယ်လို့ ကိုလက်ယာက ပြောတော့ သူတို့ဆီမှာ အိုင်းရင်းကို ကာကွယ်ဖို့ ပလန်ရှိတယ်။မကြာခင် အလိမ်အညာတွေ ဆက်လာလိမ့်မယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် အိုင်းရင်းကိစ္စကို ကျွန်မ လွန်ခဲ့တဲ့နှစ်ရက်တည်းက ရပ်ဖို့ စဉ်းစားပါတယ်။ ကျွန်မမှာ ဒီလကုန် တော်လှန်ရေးအစီအစဉ်တွေ ကြိုတင်စီစဉ်ဖို့တွေနဲ့ ထပ်အချိန်မပေးချင်တော့ဘူး။ လူတွေလည်း အာရုံနောက်နေမယ်ဆိုတာရယ်၊ လုံလောက်နေပြီဆိုတာရယ် ကျွန်မသိလို့ ရပ်ဖို့စဉ်းစားပေမယ့် ဒီမိန်းမရဲ့ အလိမ်အညာတွေက ရပ်တန့်မသွားခဲ့ဘူး။ ကျွန်မတို့က ပွဲတစ်ခုကို မစရင်လည်း မစဘူး၊ စမယ်ဆိုရင်လည်း ဆုံးအောင်ကရပါမယ်။ မဟုတ်ရင် ပြည်သူတွေ ဝေဝါးနိုင်ပါတယ်

အခု ကျွန်မဆီကို အိုင်းရင်းရဲ့ ဒီအသံဖိုင် ရောက်လာပါတယ်။ အိုင်းရင်းရဲ့ အလှူရှင်ဟောင်းတစ်ဦးဆီက ပို့လာတာပါ။ အိုင်းရင်းနဲ့ ယောက်ျားနှစ်ယောက်ပြောနေတဲ့ အသံပါ။ ကျွန်မက လူသုံးယောက်ကို သတ်ခိုင်းတယ်။ ဖော်မယ်ဆိုတဲ့ကိစ္စပါ။

အောင်အောင်ကျော်(စစ်ဦးဇီးချုပ်ဆိုတဲ့ကောင်) ဇီးရိုး (မြတ်အောင်ဆိုတဲ့ကောင်)၊ CDM ဆရာဝန် (တွေးကြည့်တာ ကျော်သူရလို့ထင်တယ်) ဒီသုံးယောက်ကို သတ်ခိုင်းပါတယ်တဲ့။ အကုန်ဖော်မယ်တဲ့

ကဲ…. စိတ်ဝင်စားစရာကောင်းတာက ကျွန်မက ဒီသုံးယောက်ကို သတ်မယ်ဆိုရင် သူ့ကို သတ်ခိုင်းစရာ အကြောင်းရှိလား။ အိုင်းရင်းနဲ့ ကျွန်မက ပြီးခဲ့တဲ့နှစ် ၁၂လပိုင်းက စပြီး ဘာအဆက်အသွယ်မှလည်း မရှိတော့ဘူး။ ကျွန်မဘက်က အဆက်သွယ်မခံတော့တာ။ အဆက်အသွယ်နှစ်ခါပဲရှိဖူးတယ်။ အဲ့နှစ်ခါမှာလည်း သူချည်းပဲပြောတာ။

ကျွန်မက အခုမှ စစကားပြောဖို့ ဆက်သွယ်လာတဲ့လူတစ်ယောက်ကို လူသတ်ဖို့ကိစ္စပြောတယ်ဆိုတာ ဖြစ်နိုင်မလား။ ပြီးတော့ ဒီကာလမှာ ကျွန်မအတွက် ဒီလောက်ကောင်တွေက အမှုန်အမွှားပဲ။ သတ်ချင်ရလောက်အောင်အထိ ကျွန်မဘဝကို ဘာအထိအခိုက်မှ ပေးနိုင်ခဲ့တဲ့သူတွေမဟုတ်။

ကျွန်မအနေနဲ့ ဒီတော်လှန်ရေးမှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စအတွက် တော်လှန်ရေးကို ခုတုံးမလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်အမြဲဆုံးမတယ်။ ကျွန်မကို သုံးနှစ်လုံးတရားရုံးတက်ခိုင်းခဲ့တဲ့ အကာအကွယ်မဲ့နေတဲ့ ဘောမကိုတောင် ဒီနေ့အထိ ကျွန်မ မသတ်ခိုင်းဘူး။ ရန်ပုံငွေရှာဖွေရေးကလွဲရင် စစ်ရေးစစ်ရာကိစ္စတွေမှာလည်း ဝင်မပါဘူး။ မြို့ပြUGတွေအတွက် ဒေါ်လာ၇သိန်းကျော် တစ်လုံးတစ်ခဲတည်း ရှာဖွေပေးခဲ့ပေမယ့် ဘယ်UGနဲ့မှ တိုက်ရိုက်အဆက်အသွယ်မလုပ်ဘူး

အိုင်းရင်းအနေနဲ့ ဖော်မယ်၊ ဖော်မယ် ပြောနေရအောင် ဘာကိုစောင့်နေတာလဲ။ အခုလောက်တောင် ဖြစ်နေတဲ့ဟာကို ဘာကိုစောင့်နေတာလဲ။ တခါတည်း စိန်ခေါ်ပါရစေ။ ကျွန်မကို ဘာနဲ့မှ ညှိလို့မရတော့ဘူး။ ဖော်ပါ။ သက်သေအထောက်အထားနဲ့ ပြပါ။

ဖော်တယ်ဆိုတာ ပါးစပ်ကြီးနဲ့ ပြောလို့မရဘူး။ သက်သေအထောက်အထားနဲ့ပြောပါ။ ဟော့ဒီ့ ဗမာစုတ်မက ဘယ်လိုလူသတ်ခိုင်းလဲ၊ ဘယ်မှာပြောလဲ၊ ဘယ်လိုသက်သေရှိလဲ၊ ကျကျနနဖော်ပေးပါ။ Welcome ပါ။နင် ဒလန်လုပ်တာကို ဖော်ထုတ်ခံရသလိုမျိုးပေါ့

တော်လှန်ရေးမှာ ကျွန်မတို့က စကားလည်း မဖွာဘူး။ အာလည်းမချောင်ဘူး။ ကိုယ်မကျွမ်းကျင်တဲ့ စစ်ရေးကိစ္စတွေမှာလည်း ဝင်မပါဘူး။ မြေပြင်အဖွဲ့တွေကိုလည်း ဝင်မစွက်ဖက်ဘူး။ ကိုယ့်ရဲ့ ပါစင်နယ်အညှိုးတရားကို တော်လှန်ရေးမှာ ခုတုံးလုပ်မရှင်းဘူး။ ရာဇဝင်လည်း မရှိဘူး။ နာမည်ပျက်လည်း မရှိဘူး

အရမ်းတိုက်ဆိုင်နေတာကတော့ အိုင်းရင်းက Screenshot အတုပါလို့ တွင်တွင်လိမ်နေတဲ့ ထော့ကျိုး ချပြတဲ့ Screenshot တွေ Videoတွေထဲမှာ “ပန်ဆယ်လို လူသတ်ဖို့လုပ်နေတာတွေပါပေးမယ်” လို့ ပြောထားတယ်။ အခု ဒီအသံဖိုင်မှာလည်း ပြောထားတာနဲ့

ကိုက်ညီနေပြန်တယ်။ အဲ့တော့ ဟန်ငြိမ်းဦးနဲ့ ပြောတာအတုပါလို့ လိမ်ချင်သေးလား။ ဒီအသံဖိုင်ကိုရော အတုပါလို့ လိမ်ချင်သေးလား။

ပန်ဆယ်လို

Leave a Reply

Your email address will not be published. Required fields are marked *