ဗေဒင်

တနင်္ဂနွေသားသမီးများအတွက် ၁၃၈၄ (၂၀၂၂) ခုနှစ်အတွင်း ဆောင်ရန်၊ရှောင်ရန်များနှင့် တစ်နှစ်စာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက် ၁၃၈၄ (၂၀၂၂) ခုနှစ်အတွင်း ဆောင်ရန်၊ရှောင်ရန်များနှင့် တစ်နှစ်စာဟောစာတမ်း

စီးပွားရေးနှင့်အလုပ်အကိုင်

အလုပ်နဲ့ပတ်သက်ပြီး ပြောင်းလဲခြင်းမတည်မြဲခြင်းသဘောအတိုင်း ပြောင်းလဲလုပ်ကိုင်နေရတတ်ပါတယ်။နေအိမ်၊အလုပ်၊ဖခင်၊အကြီးအကဲများနှင့်ပတ်သက်ပြီး စိတ်ပူပင်ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးလောဘကြီးလျှင် လူလိမ်ခံရနိုင်တာတွေ့ရပါတယ်။ ငွေကြေးရသလောက်နှင့် တင်းတိမ်နိုင်ဖို့ကြိုးစားပါ။လက်ထဲက ငွေကို ချွေတာ သုံးစွဲပါ။

အကူအညီနှင့်အထောက်အပံ့

ဘာသာရေးအားကောင်းလာမဲ့ နှစ်ဖြစ်သလို၊ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုလည်း ရရှိပါလိမ့်မယ်။ တပည့်တွေ လက်အောက်ငယ်သားတွေရဲ့ ကူညီမှုလည်း ရနိုင်ပါပတယ်။ အရေးပေါ် အကူညီတောင်းဖို့ လိုလာလျှင် တပည့်ထံက တောင်းပါ။

ပညာရေးနှင့်ဘာသာရေး

ပညာရေးမှာ အစပိုင်းအခက်ခဲရှိနိုင်ပေမဲ့ နောက်ပိုင်းမှာတော့ တိုးတက်ကောင်းမွန်လာပါမယ်။ ဘာသာရေးအားကောင်းလျှင်တော့ လောကဓံအဆိုးကို ခံနိုင်ရည်ရှိပြီး ဘာသာရေးရဲ့ အထောက်အပံ့ကြောင့် ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ပါဘူး။

စိတ်ပိုင်းဆိုင်ရာ

စိတ်ပိုင်းဆိုင်ရာမှာတော့ တည်ငြိမ်မှုအသင့်အတင့်ရှိပြီး၊ လောကဓံကို လက်ခံလာနိုင်တဲ့စိတ်နေစိတ်ထားမျိုး ဖြစ်လာပါမယ်။

ကျန်းမာရေး

ဦးခေါင်းနဲ့ပတ်သက်သော ဝေဒနာ၊ အစာအိမ်နှင့်ပတ်သက်သော ဝေဒနာ၊ အမျိုးသမီးဖြစ်လျှင ်သားအိမ်၊မီးယပ်နှင့်ပတ်သက်သော ဝေဒနာရောဂါဖြစ်တတ်ပါတယ်။

ကူးစက်ရောဂါများလည်း ဖြစ်နိုင်တဲ့အတွက်ကျန်းမာရေးကို ဂရုစိုက်ရမဲ့ နှစ်ဖြစ်ပါတယ်။

ဆင်ခြင်ရန်

အပျော်အပါးကိုရှောင်ပါ။ အပျော်အပါးကိစ္စ ခရီးသွားပါက မရဏကိန်း ရှိပါတယ်။ အလုပ်ကိစ္စ ခရီးသွားမယ်ဆိုရင် သံဗုဒ္ဓေကို သက်စေ့ရွတ်ပြီး အရဟံဂုဏ်တော်ပုတီစိတ်ပြီးမှ သွားပါ။ ခရီးလမ်းမှာ ထိခိုက်ပျက်ဆီးခြင်းဘေးရန်နှင့် မရဏကိန်း ရှိနေသောကြောင့် ဖြစ်ပါတယ်။

ညီကိုမောင်နှမ၊ခင်ပွန်း

၎င်းတို့နှင့်ပတ်သက်လျှင် စကားပြောဆင်ခြင်ပါ။ ထိခိုက်နစ်နာအောင် မပြောပါနဲ့၊ ဒေါသနဲ့ မပြောပါနဲ့။

ယတွာ

လာမဲ့မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ်မှာ အဝါရောင် ဝတ်ဆင်ပြီး အိမ်က ဘုရားမှာ ထန်းလျက်နဲ့ကောက်ညင်းပေါင်း လှူပေးပါ။

(၁)တစ်နှစ်လုံး ဘေးကင်းလိုရာပြည့်စေဖို့ကတော့ အရဟံဂုဏ်တော်ကို နေ့စဉ် ပုတီးစိတ်ပေးပါ။ မေတ္တာသုတ်ကို နေ့စဉ် တစ်နေ့လျှင် ၆ ခေါက် ရွတ်ဖတ်ပေးပါ။

(၂)နေ့စဉ် ရေလှူပါ။ ဘုရားနှင့်အများအတွက် ရေကို နေ့စဉ် လှူဒါန်းပါ။

ရေတွင်းရေကန်တူးြ့ပီး လှူနိုင်လျှင် ပိုကောင်းပါပတယ်။

(၃) သီလ ၃ပါး ကို နေ့စဉ် ထိန်းသိမ်းပေးပါ။

မေတ္တာဖြင့် May Thingyan Hein-Myitmakha

Leave a Reply

Your email address will not be published. Required fields are marked *