ကြားသိရသမျှ

ကမ္ဘာ့ ချန်ပီယံ ၉ ြကိမ်ရထားသူကိုအလဲထိုးပြီး ကယန်းတိုင်းရင်းသူဟာထိုင်းတော်ဝင်ဘုရင့်ဖလားကိုပိုင်ဆိုင်ခဲ့ပြီ

ဂရိနိုင်ငံသူ မွေထိုင်းကမ္ဘာ့ ချန်ပီယံ Fani Peloumpi ကို အနိုင်ယူပြီးနောက်မှာတော့ ကယန်းတိုင်းရင်းသူမလေး ဗယ်ရိုနီကာဟာ နှစ်(၁၀၀) ပြည့် မြို့တော်ဝန် တော်ဝင်ဘုရင့်ဖလားကြီးကို လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးလိုက်ပါပြီ

သူမရဲ့ကြမ်းတမ်းခက်ထန် ပင်ပန်းခဲ့တဲ့ ဘဝအလှည့်အပြောင်းဟာ ခုတော့ ကံကောင်းခြင်း အောင်မြင်ခြင်းတွေနဲ့ ထုံမွှမ်းလို့ ထိုင်းနိုင်ငံမှာ ကယန်းအမျိုးသားတို့ရဲ့ စွမ်းရည်နှင့် နိုင်ငံဂုဏ်ကို ဆောင်နိုင်လိုက်ပါပြီ

PS // ပွဲသို့လာရောက်ကြည့်ရှုသူများအနေဖြင့် ဘရော်နီကာ၏ ပုံရိုက်နှိပ်ထားသည့် အင်္ကျီများကို ဝယ်ယူအားပေးနိုင်ပြီး အဆိုပါ အင်္ကျီရောင်းရငွေဖြင့် စစ်ဘေးရှောင်များကို လှူဒါန်းသွားမည့်အကြောင်းကို ဘရော်နီကာက အသိပေးထားသည်

ကမ္ဘာ့ ချန်ပီယံ ၉ ြကိမ်ရထားသူကို ဘရော်နီကာ အလဲထိုး အနိုင်ယူ

ဧရာဝတီ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ သည် ယနေ့ ကျင်းပသည့် ထိုင်းဘုရင့်ဖလားချန်ပီယံ (Thai Fight Royal Cup Champion) ဗိုလ်လုပွဲတွင် ြပိုင်ဘက် ဂရိနိုင်ငံသူ Fani Peloumpi အား ၃ ချီေြမာက်တွင် ညာဝိုက်လက်သီးထိုးချက်ြဖင့် အလဲထိုးြပီး အနိုင်ရရှိသွားသည်

ဘရော်နီကာသည် တာစထွက်ကတည်းက သုံးချီလုံး အသာစီးယူြပီးထိုးသတ်နိုင်ခဲ့ြခင်းြဖစ်သည်။

အသက် ၃၈ နှစ်အရွယ်ရှိြပီြဖစ်သည့် ဂရိနိုင်ငံသူFani Peloumpi သည် မွေထိုင်းပွဲပေါင်း တရာကျော် အတွေ့အကြုံရှိပြီး ကမ္ဘာ့ချန်ပီယံ ၉ ကြိမ် ရရှိထားသူြဖစ်သည်။

ပွဲသို့လာရောက်ကြည့်ရှုသူများအနေဖြင့် ဘရော်နီကာ၏ ပုံရိုက်နှိပ်ထားသည့် အင်္ကျီများကို ဝယ်ယူအားပေးနိုင်ပြီး အဆိုပါ အင်္ကျီရောင်းရငွေဖြင့် စစ်ဘေးရှောင်များကို လှူဒါန်းသွားမည့်အကြောင်းကို ဘရော်နီကာက အသိပေးထားသည်။

ဘရော်နီကာသည် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က Thai Fight မှာ အာဂျင်တီးနားသူကို အနိုင်ယူခဲ့ပြီး ၇ ပွဲဆက်တိုက် အနိုင်ရရှိလာခဲ့ကာ ဒီပွအနိုင်ကြောင့် ယခုဒီဇင်ဘာလမှာ ကျင်းပတဲ့ Thai Fight ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ရခြင်းဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *