အထွေထွေဗဟုသုတ

နိုင်ငံတော်သီချင်းကြားတိုင်း ဘာလို့ကြက်သိန်းထလဲ ဘယ်သူရေးခဲ့လဲမသိတဲ့ ကလေးတွေအတွက်

နိုင်ငံတော်သီချင်းSkynetမှာလာသွားတယ်စကားရည်လုပွဲကကလေးတွေကိုမေးခွန်းမေးတယ်”နိုင်ငံတော်သီချင်းကိုဘယ်သူရေးတာလဲ”တဲ့

ကလေးကဖြေတယ်”ဝိုင်အမ်ဘီဆရာတင်”တဲ့ကလေးအသိလေးနဲ့ဖြေရှာတာကိုး..

skynetရဲ့presenterကပြန်ထောက်ရှာပါတယ်”ဝိုင်အမ်ဘီအေဆရာတင်”ပါတဲ့သေလိုက်ပါတော့လို့သာကိုယ့်နဖူးကိုယ်ရိုက်လိုက်မိတော့တယ်..

မေးသူရဲ့အဖြေကိုနားထောင်တော့အဖြေကလဲဆရာတင်ပါပဲတဲ့တကယ်တော့ဝိုင်အမ်ဘီဆရာတင်ရေးခဲ့တာ”တို့ဗမာ”သီချင်းပါမြန်မာနိုင်ငံတော်သီချင်းမဟုတ်ပါဘူး..

အားလုံးလိုလိုအမှတ်မှားနေကြတာလေးသိစေချင်လို့ဖတ်ထားမှတ်ထားတာလေးပြန်တင်ပေးပါရစေသိပြီးသူလဲတော်တော်များမှာပါ..

ဘယ်သူမဆိုကိုယ့်နိုင်ငံတော်သီချင်းသမိုင်းလေးတော့ကွဲကွဲပြားပြားသိထားစေချင်ပါသေးတယ်နိုင်ငံတော်သီချင်းရှင်းတမ်းမြန်မာ့တေးဂီတသမိုင်းတွင်စွမ်းအင်အထက်မြက်ဆုံးသောတေးတစ်ပုဒ်(သို့မဟုတ်)လူတိုင်းသီဆိုရန်တေးသွားနှင့်သံစဉ်ပါခက်ခဲလှသောတေးတစ်ပုဒ်သည်ယနေ့”နိုင်ငံတော်သီချင်း”ဟုသတ်မှတ်ထားသည့်သီချင်းတစ်ပုဒ်ဖြစ်သည်။

သီချင်းရေးစပ်တဲ့သူကစိန်မြမောင်ဖြစ်ပြီးဦးနုရဲ့တာဝန်ပေးချက်အရဦးနုရဲ့အိမ်မှာပဲရေးစပ်ခဲ့တယ်လို့သိရပါတယ်။ပထမဆုံးသီဆိုသူကတော့ရွှေညာမောင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်၁၉၄၈ဇန်နဝါရီ၄ရက်နေ့မှာနိုင်ငံတော်အလံကိုလွှင့်တင်ရမှာဖြစ်သည့်အတွက်ထိုနေ့တွင်နိုင်ငံတော်အလံတင်အခမ်းအနားမှာသီဆိုဖို့သီချင်းတစ်ပုဒ်လိုအပ်လာပါတယ်။သည့်အတွက်ထိုစဉ်ကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကလွတ်လပ်ရေးအလံတင်အခမ်းအနားမှာသီဆိုဖို့သီချင်းတစ်ပုဒ်ရေးရန်ဆရာရွှေတိုင်ညွန့်အားခေါ်လာပေးရန်ဦးစိန်မြမောင်ကိုပြောဆိုခဲ့ပါတယ်။

ဦးစိန်မြမောင်ကဆရာရွှေတိုင်ညွန့်ကွယ်လွန်သွားပြီဖြစ်သည့်အတွက်မရှိတော့ကြောင်းအကြောင်းပြန်ကြားခဲ့ရာဦးနုကတခြားတေးရေးဆရာများနှင့်တိုင်ပင်ရေးသားပေးရန်ဦးစိန်မြမောင်အားထပ်မံတာဝန်ပေးအပ်လိုက်ပြန်ပါတယ်။

ဦးစိန်မြမောင်ကဆရာစိန်ဝေလျှံ၊ဒဂုန်ဆရာတင်၊စောင်းဦးဘသန်း၊ဂီတာဦးစိန်အောင်နှင့်ဆရာရန်နိုင်စိန်တို့ကိုလိုက်လံခေါ်ဆောင်ခဲ့ရပါတော့တယ်။သူတို့အားလုံးစုဝေးရောက်ရှိလာပြီးသီချင်းရေးစပ်ဖို့တိုင်ပင်ရာ၊ဆရာဦးစိန်ဝေလျှံနှင့်စောင်းဦးဘသန်းတို့တစ်ယောက်နှင့်တစ်ယောက်စကားများရန်ဖြစ်ကြရာမှသီချင်းရေးဖို့အစီအစဉ်ပျက်ပြားခဲ့ရပါတော့တယ်။

နောက်ထပ်သီချင်းရေးစပ်ဖို့မည်သူ့ကိုမျှစည်းရုံး၍မရပဲဖြစ်ခဲ့ရပြီးအကြောင်းစုံကိုဦးစိန်မြမောင်ကဦးနုထံတင်ပြရာဦးနုကဦးစိန်မြမောင်တစ်ယောက်တည်းရေးနိုင်ကရေးပေးစေလိုကြောင်းပြောကြားတာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်တာဝန်ဖြစ်သည့်အတွက်ဦးစိန်မြမောင်ကရဲဝံ့စွာတာဝန်ယူ၍”တရားမျှတ၊လွတ်လပ်ခြင်းနဲ့မသွေ”အစချီ”ကမ္ဘာမကြေ”သီချင်းကိုဦးနုအိမ်တွင်တစ်ယောက်တည်းရေးသားစပ်ဆိုခဲ့ရတာဖြစ်ပါတယ်။

ထိုသို့ရေးသားစပ်ဆိုရာ၌ဝိုင်အမ်ဘီအေဆရာတင်၏”ဒို့ဗမာ”သီချင်းသံစဉ်စာသားများကိုအခြေခံ၍”တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ”အစချီ၊ပထမခြေဆင်းပိုဒ်နှင့်”ကမ္ဘာမကြေ”ဒုတိယသံပြိုင်တို့ကိုရက်ပိုင်းအတွင်းပြီးစီးအောင်ရေးသားခဲ့နိုင်ပါတယ်။

သီချင်းအစအဆုံးတစ်ပုဒ်လုံးကိုဆရာဇော်ဂျီဦးဆောင်သောအကဲဖြတ်အဖွဲ့ကသီချင်းစာသားများ၊တစ်လုံးချင်းအသေးစိတ်စိစစ်ပြီးသီချင်းကိုအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။အကဲဖြတ်အဖွဲ့ကအတည်ပြုပြီးနောက်ဝန်ကြီးအဖွဲ့နှင့်လွှတ်တော်အဖွဲ့နှစ်ရပ်စလုံးကပါထပ်ဆင့်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

ဤသို့အဆင့်ဆင့်အတည်ပြုပြီးသော”ကမ္ဘာမကြေ”သီချင်းကိုမြန်မာ့အသံမှဒါရိုက်တာဦးခင်ဇော်ကမြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသောအမေရိကန်တီးဝိုင်းတစ်ခု၏အကူအညီဖြင့်အသံသွင်းခဲ့တာဖြစ်ပြီးသီချင်းသီဆိုသူကအဆိုတော်ရွှေညာမောင်ဖြစ်ပါတယ်ခင်ဗျာ။

ဤသို့ဖြင့်”တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ…တို့ပြေ၊တို့မြေ….များလူခပ်သိမ်းငြိမ်းချမ်းစေဖို့….ခွင့်တူညီမျှ….ဝါဒဖြူစင်တဲ့ပြည်…တို့ပြည်….တို့မြေ…ပြည်ထောင်စုအမွေအမြဲတည်တံ့စေ…အဓိဋ္ဌာန်ပြုပေ….ထိန်းသိမ်းစို့လေ….””ကမ္ဘာမကြေ…မြန်မာပြည်…တို့ဘိုးဘွားအမွေစစ်မို့…ချစ်မြတ်နိုးပေ…ပြည်ထောင်စုကိုအသက်ပေးလို့တို့ကာကွယ်မလေ…ဒါတို့ပြည်…ဒါတို့မြေ…တို့ပိုင်တဲ့မြေ…..တို့ပြည်….တို့မြေ….အကျိုးကို……ညီညာစွာတို့တတွေ…ထမ်းဆောင်ပါစို့လေ…တို့တာဝန်ပေ….အဖိုးတန်မြေ”..ဟူသောဤ”ကမ္ဘာမကြေ”သီချင်းသည်-မြန်မာ့လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားတွင်ယူနီယံဂျက်အလံဖြုတ်ချ၍မြန်မာနိုင်ငံတော်အလံလွင့်ထူရမည့်အချိန်၌သီဆိုရမည့်နိုင်ငံတော်သီချင်းဖြစ်လာပါတော့တယ်။

လွတ်လပ်ရေးနေ့ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေးအပ်ရာတွင်ဦးစိန်မြမောင်သည်ဤကမ္ဘာမကြေသီချင်းဖြင့်ဝဏ္ဏကျော်ထင်ဘွဲ့ကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီးဦးစိန်မြမောင်ကသူမကွယ်လွန်မီဤကမ္ဘာမကြေသီချင်းကိုသူရေးစပ်ခဲ့ကြောင်းခိုင်မာသောအထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့သဖြင့်ယနေ့နိုင်ငံတော်ကသူ့အားဝိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)ချီးမြှင့်ပေးအပ်ခဲ့ခြင်းကိုခံခဲ့ရသောလေးစားထိုက်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပါတယ်။

ရေးသူ..ဦးစိန်မြမောင်သီဆိုသူ..ဦးရွှေညာမောင်”ကမ္ဘာမကြေ”နိုင်ငံတော်သီချင်းဖြစ်ပါသည်..Credit: Ka Kyi

Zawgyi

ႏိုင္ငံေတာ္သီခ်င္းSkynetမွာလာသြားတယ္စကားရည္လုပြဲကကေလးေတြကိုေမးခြန္းေမးတယ္”ႏိုင္ငံေတာ္သီခ်င္းကိုဘယ္သူေရးတာလဲ”တဲ့

ကေလးကေျဖတယ္”ဝိုင္အမ္ဘီဆရာတင္”တဲ့ကေလးအသိေလးနဲ႔ေျဖရွာတာကိုး..

skynetရဲ႕presenterကျပန္ေထာက္ရွာပါတယ္”ဝိုင္အမ္ဘီေအဆရာတင္”ပါတဲ့ေသလိုက္ပါေတာ့လို႔သာကိုယ့္နဖူးကိုယ္႐ိုက္လိုက္မိေတာ့တယ္..

ေမးသူရဲ႕အေျဖကိုနားေထာင္ေတာ့အေျဖကလဲဆရာတင္ပါပဲတဲ့တကယ္ေတာ့ဝိုင္အမ္ဘီဆရာတင္ေရးခဲ့တာ”တို႔ဗမာ”သီခ်င္းပါျမန္မာႏိုင္ငံေတာ္သီခ်င္းမဟုတ္ပါဘူး..

အားလုံးလိုလိုအမွတ္မွားေနၾကတာေလးသိေစခ်င္လို႔ဖတ္ထားမွတ္ထားတာေလးျပန္တင္ေပးပါရေစသိၿပီးသူလဲေတာ္ေတာ္မ်ားမွာပါ..

ဘယ္သူမဆိုကိုယ့္ႏိုင္ငံေတာ္သီခ်င္းသမိုင္းေလးေတာ့ကြဲကြဲျပားျပားသိထားေစခ်င္ပါေသးတယ္ႏိုင္ငံေတာ္သီခ်င္းရွင္းတမ္းျမန္မာ့ေတးဂီတသမိုင္းတြင္စြမ္းအင္အထက္ျမက္ဆုံးေသာေတးတစ္ပုဒ္(သို႔မဟုတ္)လူတိုင္းသီဆိုရန္ေတးသြားႏွင့္သံစဥ္ပါခက္ခဲလွေသာေတးတစ္ပုဒ္သည္ယေန႔”ႏိုင္ငံေတာ္သီခ်င္း”ဟုသတ္မွတ္ထားသည့္သီခ်င္းတစ္ပုဒ္ျဖစ္သည္။

သီခ်င္းေရးစပ္တဲ့သူကစိန္ျမေမာင္ျဖစ္ၿပီးဦးႏုရဲ႕တာ၀န္ေပးခ်က္အရဦးႏုရဲ႕အိမ္မွာပဲေရးစပ္ခဲ့တယ္လို႔သိရပါတယ္။ပထမဆုံးသီဆိုသူကေတာ့ေ႐ႊညာေမာင္ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံလြတ္လပ္ေရးရသည့္၁၉၄၈ဇန္နဝါရီ၄ရက္ေန႔မွာႏိုင္ငံေတာ္အလံကိုလႊင့္တင္ရမွာျဖစ္သည့္အတြက္ထိုေန႔တြင္ႏိုင္ငံေတာ္အလံတင္အခမ္းအနားမွာသီဆိုဖို႔သီခ်င္းတစ္ပုဒ္လိုအပ္လာပါတယ္။သည့္အတြက္ထိုစဥ္ကႏိုင္ငံေတာ္၀န္ႀကီးခ်ဳပ္ဦးႏုကလြတ္လပ္ေရးအလံတင္အခမ္းအနားမွာသီဆိုဖို႔သီခ်င္းတစ္ပုဒ္ေရးရန္ဆရာေ႐ႊတိုင္ၫြန္႔အားေခၚလာေပးရန္ဦးစိန္ျမေမာင္ကိုေျပာဆိုခဲ့ပါတယ္။

ဦးစိန္ျမေမာင္ကဆရာေ႐ႊတိုင္ၫြန္႔ကြယ္လြန္သြားၿပီျဖစ္သည့္အတြက္မရွိေတာ့ေၾကာင္းအေၾကာင္းျပန္ၾကားခဲ့ရာဦးႏုကတျခားေတးေရးဆရာမ်ားႏွင့္တိုင္ပင္ေရးသားေပးရန္ဦးစိန္ျမေမာင္အားထပ္မံတာ၀န္ေပးအပ္လိုက္ျပန္ပါတယ္။

ဦးစိန္ျမေမာင္ကဆရာစိန္ေဝလွ်ံ၊ဒဂုန္ဆရာတင္၊ေစာင္းဦးဘသန္း၊ဂီတာဦးစိန္ေအာင္ႏွင့္ဆရာရန္ႏိုင္စိန္တို႔ကိုလိုက္လံေခၚေဆာင္ခဲ့ရပါေတာ့တယ္။သူတို႔အားလုံးစုေဝးေရာက္ရွိလာၿပီးသီခ်င္းေရးစပ္ဖို႔တိုင္ပင္ရာ၊ဆရာဦးစိန္ေဝလွ်ံႏွင့္ေစာင္းဦးဘသန္းတို႔တစ္ေယာက္ႏွင့္တစ္ေယာက္စကားမ်ားရန္ျဖစ္ၾကရာမွသီခ်င္းေရးဖို႔အစီအစဥ္ပ်က္ျပားခဲ့ရပါေတာ့တယ္။

ေနာက္ထပ္သီခ်င္းေရးစပ္ဖို႔မည္သူ႔ကိုမွ်စည္း႐ုံး၍မရပဲျဖစ္ခဲ့ရၿပီးအေၾကာင္းစုံကိုဦးစိန္ျမေမာင္ကဦးႏုထံတင္ျပရာဦးႏုကဦးစိန္ျမေမာင္တစ္ေယာက္တည္းေရးႏိုင္ကေရးေပးေစလိုေၾကာင္းေျပာၾကားတာ၀န္ေပးအပ္လိုက္တာျဖစ္ပါတယ္။

ႏိုင္ငံေတာ္တာ၀န္ျဖစ္သည့္အတြက္ဦးစိန္ျမေမာင္ကရဲဝံ့စြာတာ၀န္ယူ၍”တရားမွ်တ၊လြတ္လပ္ျခင္းနဲ႔မေသြ”အစခ်ီ”ကမာၻမေၾက”သီခ်င္းကိုဦးႏုအိမ္တြင္တစ္ေယာက္တည္းေရးသားစပ္ဆိုခဲ့ရတာျဖစ္ပါတယ္။

ထိုသို႔ေရးသားစပ္ဆိုရာ၌ဝိုင္အမ္ဘီေအဆရာတင္၏”ဒို႔ဗမာ”သီခ်င္းသံစဥ္စာသားမ်ားကိုအေျခခံ၍”တရားမွ်တလြတ္လပ္ျခင္းနဲ႔မေသြ”အစခ်ီ၊ပထမေျခဆင္းပိုဒ္ႏွင့္”ကမာၻမေၾက”ဒုတိယသံၿပိဳင္တို႔ကိုရက္ပိုင္းအတြင္းၿပီးစီးေအာင္ေရးသားခဲ့ႏိုင္ပါတယ္။

သီခ်င္းအစအဆုံးတစ္ပုဒ္လုံးကိုဆရာေဇာ္ဂ်ီဦးေဆာင္ေသာအကဲျဖတ္အဖြဲ႕ကသီခ်င္းစာသားမ်ား၊တစ္လုံးခ်င္းအေသးစိတ္စိစစ္ၿပီးသီခ်င္းကိုအတည္ျပဳခဲ့ၾကတာျဖစ္ပါတယ္။အကဲျဖတ္အဖြဲ႕ကအတည္ျပဳၿပီးေနာက္၀န္ႀကီးအဖြဲ႕ႏွင့္လႊတ္ေတာ္အဖြဲ႕ႏွစ္ရပ္စလုံးကပါထပ္ဆင့္အတည္ျပဳခဲ့ၾကတာျဖစ္ပါတယ္။

ဤသို႔အဆင့္ဆင့္အတည္ျပဳၿပီးေသာ”ကမာၻမေၾက”သီခ်င္းကိုျမန္မာ့အသံမွဒါ႐ိုက္တာဦးခင္ေဇာ္ကျမန္မာႏိုင္ငံသို႔ေခတၱေရာက္ရွိေနေသာအေမရိကန္တီးဝိုင္းတစ္ခု၏အကူအညီျဖင့္အသံသြင္းခဲ့တာျဖစ္ၿပီးသီခ်င္းသီဆိုသူကအဆိုေတာ္ေ႐ႊညာေမာင္ျဖစ္ပါတယ္ခင္ဗ်ာ။

ဤသို႔ျဖင့္”တရားမွ်တလြတ္လပ္ျခင္းနဲ႔မေသြ…တို႔ေျပ၊တို႔ေျမ….မ်ားလူခပ္သိမ္းၿငိမ္းခ်မ္းေစဖို႔….ခြင့္တူညီမွ်….ဝါဒျဖဴစင္တဲ့ျပည္…တို႔ျပည္….တို႔ေျမ…ျပည္ေထာင္စုအေမြအၿမဲတည္တံ့ေစ…အဓိ႒ာန္ျပဳေပ….ထိန္းသိမ္းစို႔ေလ….””ကမာၻမေၾက…ျမန္မာျပည္…တို႔ဘိုးဘြားအေမြစစ္မို႔…ခ်စ္ျမတ္ႏိုးေပ…ျပည္ေထာင္စုကိုအသက္ေပးလို႔တို႔ကာကြယ္မေလ…ဒါတို႔ျပည္…ဒါတို႔ေျမ…တို႔ပိုင္တဲ့ေျမ…..တို႔ျပည္….တို႔ေျမ….အက်ိဳးကို……ညီညာစြာတို႔တေတြ…ထမ္းေဆာင္ပါစို႔ေလ…တို႔တာ၀န္ေပ….အဖိုးတန္ေျမ”..ဟူေသာဤ”ကမာၻမေၾက”သီခ်င္းသည္-ျမန္မာ့လြတ္လပ္ေရးေန႔အလံတင္အခမ္းအနားတြင္ယူနီယံဂ်က္အလံျဖဳတ္ခ်၍ျမန္မာႏိုင္ငံေတာ္အလံလြင့္ထူရမည့္အခ်ိန္၌သီဆိုရမည့္ႏိုင္ငံေတာ္သီခ်င္းျဖစ္လာပါေတာ့တယ္။

လြတ္လပ္ေရးေန႔ဘြဲ႕ထူးဂုဏ္ထူးခ်ီးျမႇင့္ေပးအပ္ရာတြင္ဦးစိန္ျမေမာင္သည္ဤကမာၻမေၾကသီခ်င္းျဖင့္၀ဏၰေက်ာ္ထင္ဘြဲ႕ကိုထိုက္ထိုက္တန္တန္ရရွိခဲ့တာျဖစ္ၿပီးဦးစိန္ျမေမာင္ကသူမကြယ္လြန္မီဤကမာၻမေၾကသီခ်င္းကိုသူေရးစပ္ခဲ့ေၾကာင္းခိုင္မာေသာအေထာက္အထားတို႔ျဖင့္တင္ျပႏိုင္ခဲ့သျဖင့္ယေန႔ႏိုင္ငံေတာ္ကသူ႔အား၀ိဇၨာထူးခြၽန္ဆု(ဒုတိယအဆင့္)ခ်ီးျမႇင့္ေပးအပ္ခဲ့ျခင္းကိုခံခဲ့ရေသာေလးစားထိုက္တဲ့ပုဂၢိဳလ္ႀကီးျဖစ္ခဲ့ပါတယ္။

ေရးသူ..ဦးစိန္ျမေမာင္သီဆိုသူ..ဦးေ႐ႊညာေမာင္”ကမာၻမေၾက”ႏိုင္ငံေတာ္သီခ်င္းျဖစ္ပါသည္..Credit: Ka Kyi

Leave a Reply

Your email address will not be published. Required fields are marked *