ကြားသိရသမျှ

သင်ဇာဝင့်ကျော် ထောင် (၅) နှစ် ကျသွားတဲ့ အီလက်ထရောနစ်ပုဒ်မ ၃၃(က) အကြောင်း

ပုရိသတို့ အသည်းစွဲ သင်ဇာဝင့်ကျော်ကို ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကို ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာပါ။

“သင်ဇာ့ကျန်းမာရေးကောင်းပါတယ်။ ပြုံးပြုံးလေးပဲတွေ့ရတယ်။ သူများတွေလွတ်ပြီး ပြန်ကြတော့ ပြန်ချင်တဲ့စိတ်တော့ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ သူစိတ်ဓာတ်အရမ်းခိုင်မာပါတယ်။ ရင်ဆိုင်ရဲတဲ့ စိတ်ကိုတွေ့ရတယ်” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

သင်ဇာဝင့်ကျော်နဲ့ အတူတစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာ ဖမ်းဆီးခံလိုက်ရပြီးစစ်ခုံရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော် ထောင် (၅) နှစ်ကျသွားတဲ့ အီလက်ထရောနစ် ပုဒ်မ (၃၃) အကြောင်းကို အားလုံး သိအောင် ဖော်ပြပေးလိုက်ပါတယ်။

၃၃။ မည်သူမဆို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ၅ နှစ်မှ အများဆုံး ၇နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်-

(က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း။

zawgyi

ပုရိသတို႔ အသည္းစြဲ သင္ဇာဝင့္ေက်ာ္ကို ဒီဇင္ဘာ ၂၃ ရက္မွာ ရန္ကုန္အင္းစိန္ေထာင္တြင္းတရား႐ုံး၊ မရမ္းကုန္းၿမိဳ႕နယ္တရားခြင္ကေန ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ကေန သိရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္နဲ႔ ေမာ္ဒယ္နန္းေမြစံတို႔ကို ကာယိေျႏၵပ်က္ျပားေစတဲ့ အေဖာ္အခြၽတ္ဓာတ္ပုံေတြနဲ႔ ဗြီဒီယိုေတြကို လူမႈကြန္ရက္မွာ အခေၾကး ေငြရယူကာ ျဖန႔္ေဝတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္ေကာင္စီက အီလက္ထေရာနစ္ပုဒ္မ ၃၃(က) နဲ႔ တရားစြဲဆိုထားတာပါ။

“သင္ဇာ့က်န္းမာေရးေကာင္းပါတယ္။ ၿပဳံးၿပဳံးေလးပဲေတြ႕ရတယ္။ သူမ်ားေတြလြတ္ၿပီး ျပန္ၾကေတာ့ ျပန္ခ်င္တဲ့စိတ္ေတာ့ျဖစ္ႏိုင္တာေပါ့။ ဒါေပမဲ့ သူစိတ္ဓာတ္အရမ္းခိုင္မာပါတယ္။ ရင္ဆိုင္ရဲတဲ့ စိတ္ကိုေတြ႕ရတယ္” လို႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

သင္ဇာဝင့္ေက်ာ္နဲ႔ အတူတစ္ရက္တည္း ဖမ္းဆီးခံလိုက္ရတဲ့ ေမာ္ဒယ္နန္းေမြစံကေတာ့ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမျဖစ္တဲ့ ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္းမွာ ဖမ္းဆီးခံလိုက္ရၿပီးစစ္ခုံ႐ုံးက ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ထားတာ ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္ ေထာင္ (၅) ႏွစ္က်သြားတဲ့ အီလက္ထေရာနစ္ ပုဒ္မ (၃၃) အေၾကာင္းကို အားလုံး သိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

၃၃။ မည္သူမဆို အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရး နည္းပညာကို အသုံးျပဳ၍ ေအာက္ပါ ျပဳလုပ္မႈ တစ္ရပ္ရပ္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူအား ေထာင္ဒဏ္အနည္းဆုံး ၅ ႏွစ္မွ အမ်ားဆုံး ၇ႏွစ္အထိ ခ်မွတ္ရမည့္ အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္-

(က) ႏိုင္ငံေတာ္၏ လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ နယ္ေျမေအးခ်မ္းသာယာေရး၊ တိုင္းရင္းသား စည္းလုံး ညီၫြတ္ေရး၊ ႏိုင္ငံေတာ္၏ စီးပြားေရး သို႔မဟုတ္ အမ်ိဳးသားယဥ္ေက်းမႈကို ထိခိုက္ေစသည့္ ျပဳလုပ္မႈ တစ္ရပ္ရပ္ကို ျပဳလုပ္ျခင္း။

Leave a Reply

Your email address will not be published. Required fields are marked *