ကယားပြည်နယ်မှာ ယာဉ်တိုက်မှုဖြစ်လို့ လျော်ကြေးတောင်းတဲ့ အမျိုးသမီးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်
ကယားပြည်နယ်မှာ ယာဉ်တိုက်မှု လျော်ကြေးတောင်းရာကနေ အချင်းများပြီး ဓားဖြင့်ခုတ်လို့ အမျိုးသမီး တစ်ဦး လက်ပြတ်သွားတယ်လို့ ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းမှ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဆိုင်ကယ်နှင့်ကားတိုက်မှုအတွက် လျော်ကြေးတောင်းဆိုရာမှ လျော်ကြေးပေးဆောင်ရမည့် အမျိုးသားတစ်ဦးက ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းဖြစ်စဉ်အတွင်း လက်ပြတ်သွားခဲ့သော အမျိုးသမီးမှာ အသက် ၅၅ နှစ်အရွယ် ဒေါ်နန်းအောင်ဆိုသူ ဖြစ်ပြီး အခင်းဖြစ်ပွားရာ ပါဝင်တဲ့ ယင်းရဲ့သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် မောင်စိုးထက်ကျော်မှာလည်း ဦးခေါင်းနှင့် မျက်ခုံးတွင် ပြတ်ရှ ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် ဓားဒဏ်ရာများရရှိခဲ့သည့် သား အမိနှစ်ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးလျက်ရှိ ကြောင်း သိရပါတယ်။
Unicode