မသောက်မိသောမိုးခါးရေ” အား လက်မှတ် ၁ စောင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် မကြာမီကြည့်ရှုနိုင်မည်
ဒါရိုက်တာကိုပေါက်၏ “မသောက်မိသောမိုးခါးရေ” မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတို ကြည့်ရှုလိုသူများအတွက် လက်မှတ် ၁ စောင်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
” လက်မှတ်တွေကို မသောက်မိသောမိုးခါးရေ Facebook page မှာ ဝယ်လို့ရသလို၊ နိုင်ငံအလိုက် FR များ ထံတွင် ဝယ်ယူနိုင်ပါတယ် ” ဟု မိုးခါးရေပြသရေးကော်မတီက ဆိုသည်။
မြန်မာနိုင်ငံသားများအတွက် ယင်းရုပ်ရှင်လက်မှတ် ၁ စောင်ကို မြန်မာငွေကျပ် ၁၀,၀၀၀ ကျသင့်မှာ ဖြစ်ပြီး၊ နိုင်ငံအလိုက် လက်မှတ်ဈေးနှုန်းများ ကွာခြားမည်ဖြစ်သည်။
အွန်လိုင်းမှ ရုပ်ရှင်ကိုကြည့်ရှုရာတွင် မိမိဝယ်ယူထားသည့်လက်မှတ်ပေါ်မှ QR code ကို ဖတ်ကာ Website ကို ဖွင့်ရမည်ဖြစ်သည်။
ယင်းနောက် ရုပ်ရှင်ကြည့်ရှူရန် လင့်ခ် သုံးခုပေါ်လာမည်ဖြစ်ပြီး၊ ယင်းတို့အနက် နှစ်သက်ရာ လင့်ခ်တခုကိုနှိပ်၍ ဝင်ရောက်နိုင်ပြီး Password တောင်းသည့်အခါ Ticket Number နောက်ဆုံး ၆ လုံး ကို ရိုက်ထည့်၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။
” ဒီဇင်ဘာ ၂၅ ရက် မနက်၆ နာရီမှစကာ ၄၈ နာရီအတွင်း ကြည့်လို့ရမှာဖြစ်ပြီး သတ်မှတ်ချိန်လွန်တာနဲ့ သူ့အလိုအလျှောက်စနစ်ဖြင့် ပိတ်သွားမှာဖြစ်တယ်” ဟု ယင်းကော်မတီက ဆိုသည်။
ယင်းရုပ်ရှင်ဇာတ်လမ်းတိုကို ရိုက်ကူးရသည့်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအနှံ့အပြားမှ CDM ဝန်ထမ်းများကို လေးစားသည့်အနေဖြင့်လည်းကောင်း၊ အထူးသဖြင့် ပြည်သူများ၏ရင်ခွင်ကို ခိုလှုံပြီး စစ်အာဏာရှင်ကို တိုက်ထုတ်နေကြသည့် CDM စစ်သည်များနှင့် မိသားစုများကို ဂုဏ်ပြုသည့်အနေဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဒါရိုက်တာကိုပေါက်က ပြောကြားခဲ့သည်။
(“မသောက်မိသော မိုးခါးရေ “ page တွင်ဝင်ဝယ်ရန် လင့် )???
https://www.facebook.com/mohkhayay?mibextid=LQQJ4d
zawgyi
မေသာက္မိေသာမိုးခါးေရ” အား လက္မွတ္ ၁ ေစာင္ ၁၀,၀၀၀ က်ပ္ႏႈန္းျဖင့္ မၾကာမီၾကည့္ရႈႏိုင္မည္
ဒါ႐ိုက္တာကိုေပါက္၏ “မေသာက္မိေသာမိုးခါးေရ” မွတ္တမ္း႐ုပ္ရွင္ဇာတ္လမ္းတို ၾကည့္ရႈလိုသူမ်ားအတြက္ လက္မွတ္ ၁ ေစာင္လွ်င္ က်ပ္ ၁၀,၀၀၀ ႏႈန္းျဖင့္ အြန္လိုင္းတြင္ ၾကည့္ရႈႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
” လက္မွတ္ေတြကို မေသာက္မိေသာမိုးခါးေရ Facebook page မွာ ဝယ္လို႔ရသလို၊ ႏိုင္ငံအလိုက္ FR မ်ား ထံတြင္ ဝယ္ယူႏိုင္ပါတယ္ ” ဟု မိုးခါးေရျပသေရးေကာ္မတီက ဆိုသည္။
ျမန္မာႏိုင္ငံသားမ်ားအတြက္ ယင္း႐ုပ္ရွင္လက္မွတ္ ၁ ေစာင္ကို ျမန္မာေငြက်ပ္ ၁၀,၀၀၀ က်သင့္မွာ ျဖစ္ၿပီး၊ ႏိုင္ငံအလိုက္ လက္မွတ္ေဈးႏႈန္းမ်ား ကြာျခားမည္ျဖစ္သည္။
အြန္လိုင္းမွ ႐ုပ္ရွင္ကိုၾကည့္ရႈရာတြင္ မိမိဝယ္ယူထားသည့္လက္မွတ္ေပၚမွ QR code ကို ဖတ္ကာ Website ကို ဖြင့္ရမည္ျဖစ္သည္။
ယင္းေနာက္ ႐ုပ္ရွင္ၾကည့္ရႉရန္ လင့္ခ္ သုံးခုေပၚလာမည္ျဖစ္ၿပီး၊ ယင္းတို႔အနက္ ႏွစ္သက္ရာ လင့္ခ္တခုကိုႏွိပ္၍ ဝင္ေရာက္ႏိုင္ၿပီး Password ေတာင္းသည့္အခါ Ticket Number ေနာက္ဆုံး ၆ လုံး ကို ႐ိုက္ထည့္၍ ၾကည့္ရႈႏိုင္မည္ျဖစ္သည္။
” ဒီဇင္ဘာ ၂၅ ရက္ မနက္၆ နာရီမွစကာ ၄၈ နာရီအတြင္း ၾကည့္လို႔ရမွာျဖစ္ၿပီး သတ္မွတ္ခ်ိန္လြန္တာနဲ႔ သူ႔အလိုအေလွ်ာက္စနစ္ျဖင့္ ပိတ္သြားမွာျဖစ္တယ္” ဟု ယင္းေကာ္မတီက ဆိုသည္။
ယင္း႐ုပ္ရွင္ဇာတ္လမ္းတိုကို ႐ိုက္ကူးရသည့္ရည္႐ြယ္ခ်က္မွာ ျမန္မာႏိုင္ငံအႏွံ႔အျပားမွ CDM ဝန္ထမ္းမ်ားကို ေလးစားသည့္အေနျဖင့္လည္းေကာင္း၊ အထူးသျဖင့္ ျပည္သူမ်ား၏ရင္ခြင္ကို ခိုလႈံၿပီး စစ္အာဏာရွင္ကို တိုက္ထုတ္ေနၾကသည့္ CDM စစ္သည္မ်ားႏွင့္ မိသားစုမ်ားကို ဂုဏ္ျပဳသည့္အေနျဖင့္ ႐ိုက္ကူးထားျခင္း ျဖစ္သည္ဟု ဒါ႐ိုက္တာကိုေပါက္က ေျပာၾကားခဲ့သည္။
(“မေသာက္မိေသာ မိုးခါးေရ “ page တြင္ဝင္ဝယ္ရန္ လင့္ )???
https://www.facebook.com/mohkhayay?mibextid=LQQJ4d