ကြားသိရသမျှ

အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ ဇန်နဝါရီလ ၁၄ ရက်နေ့ ထိုင်းမှာ ထိုးသတ်မည်

ဒီဇင်ဘာ ၁၂ အောင်လအန်ဆန်နဲ့ တရုတ်ဖိုက်တာ Fan Rong တို့ လာမည့် ဇန်နဝါရီလ ၁၄ ရက်နေ့ ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ ONE Championship က

ထုတ်ပြန်လိုက်ပါတယ်ယင်းပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ပြုလုပ်မည်ဖြစ်ပြီး ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းပွဲစဉ်

အဖြစ် အောင်လအန်ဆန်နှင့် တရုတ်နိုင်ငံသား Fan Rong တို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

အောင်လအန်ဆန်က “ ဘန်ကောက်မှာ တွေ့ကြမယ်” လို့ လူမှုကွန်ယက်မှ တစ်ဆင့် ပြောကြားထားပါတယ်။

အဆိုပါ ပွဲကို မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် စတင်မှာဖြစ်တယ်လို့ လည်း သိရပါတယ်။

zawgyi







Leave a Reply

Your email address will not be published. Required fields are marked *