ကြားသိရသမျှ

သင်္ကန်း၀တ်ရဟန်းအယောင်ဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီက ကျောက်ဆောက်ရွာကိုစီးနင်းကာ ဒေသခံ၂၇ဦး ကိုဖမ်းဆီးထား

သင်္ကန်းဝတ်ရဟန်းအယောင်ဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီက ကျောက်ဆောက်ရွာကိုစီးနင်းကာ ဒေသခံ၂၇ဦး ကိုဖမ်းဆီးထား

5 Aug 2022 By MPA 003

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် အရှေ့ပိုင်းတွင်ရှိသော ကျောက်ဆောက်ရွာသား ၂၇ ဦးကိုအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

ယမန်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သင်္ကန်းဝတ်ဆင်ကာ ရဟန်းအယောင်ဆောင်ကာ ကျောက်ဆောက် ကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီးနောက် ကျေးရွာရှိပြည်သူများကို ဖမ်းဆီးထားပြီး ထိုကျေးရွာထဲတွင် တပ်စွဲ ထားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏နေ အိမ်အချို့ကိုလည်းမီးရှို့ထားပြီး ဖမ်းဆီးထားသူများကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကြောင်းမေးမြန်းကာ ရိုက်နှက်မှုများပြုလုပ်နေကြောင်းလည်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို သွားရောက်မကယ်ထုတ်ပေးနိုင်သေးတဲ့အတွက် စိတ်မကောင်းပါဘူး။ အခုရက်ပိုင်း စခ တွေက PDF ပုံစံနဲ့ဝင်လာလိုက် သံဃာပုံစံနဲ့ဝင်လာလိုက်နဲ့ ကျွန်တော်တို့တွေအနေ နဲ့လည်းတစ်ခုခုလုပ်ခဲ့ရင် စခ တွေ မထိပဲ ပြည်သူတွေထိမှာကြောက်လို့ လွှတ်ပေးခဲ့ရတာတွေရှိတယ် ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိုင်မြို့နယ်ရှိ သတင်းပြန်ကြားရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယခုလို သာသနာကိုအတုယောင်ပြုလုပ်ပြီး ခုတုံးလုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်တိုက်ခိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် ရဟန်းသံဃာတော်များအနေဖြင့်လည်း မြိုင်-ပခုက္ကူလမ်းပိုင်းအားဖြတ်သန်းသွားလာ ခြင်းမပြုလုပ်ကြပါရန်ကိုလည်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်အတွင်းကျေးရွာအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ထား နိုင်ပြီဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လူအင်အားများစွာထပ်မံ ဖြည့်တင်းပြီး ကျေးရွာများကိုပြန်လည်သိမ်းပိုက်နိုင်ရန်အတွက်လည်း လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ပုံစာ – ဇွန်လ ၂၈ ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဆောက်ကျေးရွာအားမီးရှို့လိုက်သောမီးရှိုးငွေ့များ

zawgyi

သကၤန္းဝတ္ရဟန္းအေယာင္ေဆာင္ၿပီး အၾကမ္းဖက္စစ္ေကာင္စီက ေက်ာက္ေဆာက္႐ြာကိုစီးနင္းကာ ေဒသခံ၂၇ဦး ကိုဖမ္းဆီးထား

5 Aug 2022 By MPA 003

မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္ အေရွ႕ပိုင္းတြင္ရွိေသာ ေက်ာက္ေဆာက္႐ြာသား ၂၇ ဦးကိုအၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးထားေၾကာင္း ေဒသခံသတင္းအရင္းအျမစ္ထံမွ သိရသည္။

ယမန္ေန႔တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက သကၤန္းဝတ္ဆင္ကာ ရဟန္းအေယာင္ေဆာင္ကာ ေက်ာက္ေဆာက္ ေက်း႐ြာသို႔ ဝင္ေရာက္လာခဲ့ၿပီးေနာက္ ေက်း႐ြာရွိျပည္သူမ်ားကို ဖမ္းဆီးထားၿပီး ထိုေက်း႐ြာထဲတြင္ တပ္စြဲ ထားခဲ့သည္။

ယေန႔နံနက္ပိုင္းတြင္လည္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္းရွိ ျပည္သူမ်ား၏ေန အိမ္အခ်ိဳ႕ကိုလည္းမီးရႈိ႕ထားၿပီး ဖမ္းဆီးထားသူမ်ားကိုလည္း ေဒသကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အေၾကာင္းေမးျမန္းကာ ႐ိုက္ႏွက္မႈမ်ားျပဳလုပ္ေနေၾကာင္းလည္း သိရသည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ ျပည္သူေတြကို သြားေရာက္မကယ္ထုတ္ေပးႏိုင္ေသးတဲ့အတြက္ စိတ္မေကာင္းပါဘူး။ အခုရက္ပိုင္း စခ ေတြက PDF ပုံစံနဲ႔ဝင္လာလိုက္ သံဃာပုံစံနဲ႔ဝင္လာလိုက္နဲ႔ ကြၽန္ေတာ္တို႔ေတြအေန နဲ႔လည္းတစ္ခုခုလုပ္ခဲ့ရင္ စခ ေတြ မထိပဲ ျပည္သူေတြထိမွာေၾကာက္လို႔ လႊတ္ေပးခဲ့ရတာေတြရွိတယ္ ” ဟု ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ၿမိဳင္ၿမိဳ႕နယ္ရွိ သတင္းျပန္ၾကားေရးတပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ယခုလို သာသနာကိုအတုေယာင္ျပဳလုပ္ၿပီး ခုတုံးလုပ္ေဆာင္ေနေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ားအား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျပန္လည္တိုက္ခိုက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ႏွင့္ ရဟန္းသံဃာေတာ္မ်ားအေနျဖင့္လည္း ၿမိဳင္-ပခုကၠဴလမ္းပိုင္းအားျဖတ္သန္းသြားလာ ျခင္းမျပဳလုပ္ၾကပါရန္ကိုလည္း ၿမိဳင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားကထုတ္ျပန္ထားသည္။

ၿမိဳင္ၿမိဳ႕နယ္အတြင္းေက်း႐ြာအခ်ိဳ႕ကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ထိန္းခ်ဳပ္ထား ႏိုင္ၿပီျဖစ္ေသာေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကလည္း လူအင္အားမ်ားစြာထပ္မံ ျဖည့္တင္းၿပီး ေက်း႐ြာမ်ားကိုျပန္လည္သိမ္းပိုက္ႏိုင္ရန္အတြက္လည္း လုပ္ေဆာင္ေနေၾကာင္းလည္း သိရသည္။

ပုံစာ – ဇြန္လ ၂၈ ရက္ေန႔တြင္အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေက်ာက္ေဆာက္ေက်း႐ြာအားမီးရႈိ႕လိုက္ေသာမီးရႈိးေငြ႕မ်ား

crd

Leave a Reply

Your email address will not be published. Required fields are marked *