ပြည်တွင်းသတင်

ဒေါ်လာ တရားမဝင်ကိုင်ဆောင်သူများကို တိုင်ကြားရန် ကြေညာချက်ထုတ်

ဒေါ်လာ တရားမဝင်ကိုင်ဆောင်သူများကို တိုင်ကြားရန် ကြေညာချက်ထုတ်

နိုင်ငံခြားငွေကြေးများ တရားမဝင်ကိုင်ဆောင်ခြင်း၊ ဉပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်းပြုလုပ်သူများကို ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြတ်မတ်ရေးလုပ်ငန်းကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ကြေညာသည်။

ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများဖြစ်သည့် အိမ်ခြံမြေ၊ မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအားရောင်းဝယ်ပြီးပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင် အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍

ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့် ကျပ်ငွေများကိုရာခိုင်နှုန်းယူ၍ ငွေသားဖြင့် လဲလှယ်ထုတ်ပေးခြင်းများတွင် ပါဝင်ပတ်သတ်သူများကိုလည်း တိုင်ကြားနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃နှင့် Emailလိပ်စာ gmm.complaint@cbm.gov.mmသို့ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဗဟိုဘဏ်က ဩဂုတ်လ ၅ရက်နေ့တွင် ငွေလဲလှယ်နှုန်း အမေရိကန်တဒေါ်လာလျှင် ၁၈၅၀ကျပ်မှ ၂၁၀၀ကျပ်သို့ပြောင်းလဲသတ်မှတ်ပြီး ပို့ကုန်ရငွေ၏ ၆၅ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ဆောင်ရွက်ရန်လည်း ထုတ်ပြန်ခဲ့သည်။

zawgyi

ေဒၚလာ တရားမဝင္ကိုင္ေဆာင္သူမ်ားကို တိုင္ၾကားရန္ ေၾကညာခ်က္ထုတ္

ႏိုင္ငံျခားေငြေၾကးမ်ား တရားမဝင္ကိုင္ေဆာင္ျခင္း၊ ဉပေဒမဲ့အေရာင္းအဝယ္ျပဳလုပ္ျခင္း၊ ေဈးကစားျခင္းျပဳလုပ္သူမ်ားကို ေ႐ႊႏွင့္ေငြေၾကးေဈးကြက္ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကတ္မတ္ေရးလုပ္ငန္းေကာ္မတီ၏ တိုင္ၾကားစာစိစစ္ေရးအဖြဲ႕သို႔ တိုင္ၾကားႏိုင္ေၾကာင္း အဆိုပါ ေကာ္မတီက ထုတ္ျပန္ေၾကညာသည္။

ေငြေၾကးေဈးကြက္တည္ၿငိမ္မႈကို ထိခိုက္ေစႏိုင္ေသာ ေဆာင္႐ြက္မႈမ်ားျဖစ္သည့္ အိမ္ၿခံေျမ၊ ေမာ္ေတာ္ယာဥ္ကဲ့သို႔ အေျခပစၥည္းမ်ားအားေရာင္းဝယ္ၿပီးပိုင္ဆိုင္မႈလႊဲေျပာင္းရာတြင္ ဗဟိုဘဏ္၏ ေငြေပးေခ်မႈ ကန႔္သတ္ခ်က္မ်ားအတိုင္း လိုက္နာမႈမရွိသူမ်ား၊ ဘဏ္မ်ားတြင္ အပ္ႏွံထားသည့္ ေငြသားထုတ္ယူရာ၌ ရာခိုင္ႏႈန္းယူ၍

ေငြသားထုတ္ေပးျခင္း၊ ဘဏ္ျပင္ပတြင္ ေငြသားလက္ဝယ္ထိန္းသိမ္းထားသူမ်ားက ဘဏ္အေကာင့္တြင္ အပ္ႏွံထားသည့္ က်ပ္ေငြမ်ားကိုရာခိုင္ႏႈန္းယူ၍ ေငြသားျဖင့္ လဲလွယ္ထုတ္ေပးျခင္းမ်ားတြင္ ပါဝင္ပတ္သတ္သူမ်ားကိုလည္း တိုင္ၾကားႏိုင္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ေကာ္မတီ၏ တိုင္ၾကားစာစိစစ္ေရးအဖြဲ႕ တယ္လီဖုန္းနံပါတ္ ၀၆၇-၃၄၀၉၄၆၃၊ လက္ကိုင္ဖုန္းနံပါတ္ ၀၉-၄၃၀၀၆၈၃၃ႏွင့္ Emailလိပ္စာ gmm.complaint@cbm.gov.mmသို႔ တိုင္ၾကားႏိုင္ေၾကာင္း ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ဗဟိုဘဏ္က ဩဂုတ္လ ၅ရက္ေန႔တြင္ ေငြလဲလွယ္ႏႈန္း အေမရိကန္တေဒၚလာလွ်င္ ၁၈၅၀က်ပ္မွ ၂၁၀၀က်ပ္သို႔ေျပာင္းလဲသတ္မွတ္ၿပီး ပို႔ကုန္ရေငြ၏ ၆၅ရာခိုင္ႏႈန္းကို ျမန္မာက်ပ္ေငြျဖင့္လဲလွယ္ေဆာင္႐ြက္ရန္လည္း ထုတ္ျပန္ခဲ့သည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *