အထွေထွေဗဟုသုတ

မထုမိလိုက်တဲ့တူတစ်ချက်ကြောင့်……

မထုမိလိုက်တဲ့တူတစ်ချက်တစ်ခါတုန်းကလူသွားလူလာများတဲ့တောလမ်းတစ်နေရာမှာကျောက်တုံးကြီးတစ်တုံးရှိသတဲ့အဲဒီကျောက်တုံးပေါ်မှာလည်းစာတစ်ချို့ရေးထွင်းထားပါတယ်ကျောက်တုံးပေါ်မှာရေးထားတဲ့စာကတော့

ဤကျောက်တုံးကြီးကိုဆယ်ပေါင်တူနှင့်အချက်တစ်ထောင်ပြည့်အောင်ထုခွဲလျင်တစ်သက်စာချမ်းသာသောရတနာများရမည်တဲ့လမ်းသွားလမ်းလာတွေကအဲဒီစာကိုမြင်တော့ပြုံးကြတာပေါ့အရူးတစ်ယောက်လက်ဆော့သွားတာနေမယ်လို့ ထင်ကြေးပေးတဲ့သူတွေလည်းရှိပါတယ်

ဟုတ်တော့လည်းဟုတ်တယ်ကျောက်တုံးကြီးထုခွဲရုံနဲ့တစ်သက်စာချမ်းသာဖို့ဆိုတာစိတ်ကူးယဉ်ဆန်လွန်းတယ်လေနောက်ပြီးဆယ်ပေါင်တူနဲ့အချက်တစ်ထောင်ထုဖို့ဆိုတာတော်ရုံဇွဲသတ္တိနဲ့လည်းမဖြစ်ဘူးမဟုတ်လား

ဒီလိုနဲ့ခရီးသွားတွေဟာအဲဒီကျောက်တုံးကြီးကိုခဏတစ်ဖြုတ်နားစရာအနေနဲ့ပဲထိုင်ကြမှီကြပြီးထုခွဲဖို့ကိုဘယ်သူမှစိတ်မဝင်စားကြဘူးတဲ့တစ်နေ့မှာတော့လူတစ်ယောက်ဟာဆယ်ပေါင်တူနဲ့သောက်ရေဗူးနဲ့ရောက်လာပြီး အဲဒီကျောက်တုံးကြီးကိုထုခွဲပါတော့တယ်ဖြတ်သွားဖြတ်လာတွေကတော့သူ့ကိုလှောင်တဲ့သူကလှောင်ပြုံးတဲ့သူကပြုံးချီးမွမ်းတဲ့သူကချီးမွမ်းအရူးလို့ပြောတဲ့သူကပြောပေါ့လေ

ဒါပေမဲ့သူကတောဇွဲမလျှော့ပဲဆယ်ပေါင်တူကြီးနဲ့ထုလိုက် ရေသောက်လိုက်နဲ့ကြိုးစားနေဆဲပဲ။လူတွေကလည်းတစ်ယောက်ပြီးတစ်ယောက်လာပြီးတော့မဖြစ်နိုင်တဲ့အတွက်ဆက်မလုပ်ဖို့ပြောသူကပြော၊တကယ်ချမ်းသာမယ်ဆိုရှေးလူတွေကထုခွဲခဲ့ကြမှာပေါ့တကယ်မဟုတ်လို့သာအရင်လူတွေက ဒီအတိုင်းပစ်ထားခဲ့ကြတာလို့မှတ်ချက်ပေးသူကပေးစသည်ဖြင့်အမျိုးမျိုးလာဖြောင့်ဖျကြတယ်

အချက်(၅၀၀)ကျော်လာတဲ့အခါသူလည်းတဖြည်းဖြည်းပင်ပန်းလာသလိုတစ်ယောက်ပြီးတစ်ယောက်လာတားကြတဲ့စကားတွေကြောင့်အားနည်းနည်းလျော့ချင်သလိုဖြစ်လာပါတယ်။

ကြာလာတော့သူ့မှာဒွိဟဖြစ်လာတော့တယ်တစ်ဖက်ကအချက်ပေါင်းငါးရာတောင်ကျော်လာခဲ့ပြီပဲဒီကျောက်တုံးကိုဆက်ခွဲမယ်လို့တွေးမိသလိုတစ်ဖက်ကလည်းကျောက်တုံးကြီးကွဲလို့အထဲမှာ ဘာမှမရှိရင်ရောဆိုတာမျိုးလည်းတွေးနေမိတယ်တဲ့

အဲဒီလိုဇဝေဇဝါစဉ်းစားရင်းနဲ့ကျောက်တုံးကြီးကိုဆက်ခွဲလာလိုက်တာဘယ်နှစ်ချက်ရှိသွားပြီဆိုတာကိုသူမေ့သွားခဲ့တယ်အချက်၇၀၀လား၈၀၀လားသူမသိတော့ဘူးအဲဒီအချိန်မှာပဲ

နောက်ထပ်လူတစ်ယောက်ရောက်လာခဲ့ပါတယ်လာသမျှလူတွေလိုဆက်မလုပ်ဖို့တားမယ်လို့ထင်ခဲ့ပေမယ့်ဒီလူကတော့ပူးပေါင်းဖို့လာတာဖြစ်ပါတယ်ကျွန်တော်ပါဝင်ပါရစေတစ်ကယ်လို့ရလာလျှင်ခင်ဗျားကအရင်အားစိုက်ထုတ်ပြီးဖြစ်တဲ့ အတွက်ဝေစုရဲ့နှစ်ပုံကိုယူပါကျွန်တော်ကနောက်မှလာပူးပေါင်းတဲ့အတွက်ကျွန်တော့်ကိုဝေစုတစ်ပုံပဲပေးပါလို့တောင်းဆိုသတဲ့

အဲဒီမှာပထမလူခဏတော့တွေဝေသွားတယ်ပေါ့ဟုတ်တယ်လေသူကြိုးစားလာတာအချက်တစ်ထောင်ပြည့် ခါနီးနေမှလာပူးပေါင်းတာကိုးပြီးတော့သူ့ကိုရလာတဲ့ရတနာရဲ့သုံးပုံတစ်ပုံပေးပါတဲ့နောက်တော့အိုကိုယ်ကအပင်ပန်းခံထားတာပဲ၊မပေးနိုင်ပါဘူးလို့တွေးလိုက်ပြီးဒုတိယလူရဲ့တောင်းဆိုမှုကိုငြင်းလိုက်တယ်တဲ့ပြီးတော့ကျောက်တုံးကြီးကိုဆက်ခွဲနေတယ်

ဒုတိယလူကတော့ထွက်မသွားသေးပဲဘေးနာမှာပဲထိုင်စောင့်နေခဲ့တယ်သူအချက်ပေါင်းများစွာကြိုးစားခွဲပေမယ့်ကျောက်တုံးကြီးကတော့တုတ်တုတ်မှမလှုပ်သေးဘူးတဲ့နောက်ဆုံးတော့သူလည်းစိတ်ပျက်သွားပြီးလက်လျှော့ လိုက်ပါတော့တယ်ပြီးတော့ဒုတိယလူကိုလည်းကျွန်တော်ဒီကျောက်တုံးကြီးကိုထုခွဲလာတာအချက်ပေါင်းတစ်ထောင်ကျော်လောက်ပြီဗျ၊ဒါပေမယ့်အခုထိဘာမှမဖြစ်ဘူး။

အမှန်ကကျွန်တာ်ရူးတာပါဗျာအစကတည်းကမလုပ်ပဲနေခဲ့ရမှာဆိုပြီ ပြောပါတယ်ဒုတိယလူကခင်ဗျားဒီအလုပ်ကိုစွန့်လွှတ်မယ်ဆိုရင်ကျွန်တော်ဆက်ထုခွဲပါရစေလို့ခွင့်တောင်းသတဲ့ပထမလူကခင်ဗျားလည်းအပင်ပန်းခံမနေပါနဲ့ဗျာ။

ဘာအကျိုးမှထူးမှာမဟုတ်ပါဘူးကျွန်တော်ကတော့စွန့်လွှတ်လိုက်ပြီလို့ပြောပြီး ထွက်သွားလေသတဲ့သူထွက်သွားလို့ခပ်လှမ်းလှမ်းအရောက်မှာပဲဝုန်းဆိုတဲ့အသံကြီးကိုကြားလိုက်ရလို့လှည့်ကြည့်မိလိုက်တော့ကျောက်တုံးကြီးကွဲနေတာကိုအံ့သြဖွယ်ရာမြင်လိုက်ရပါတော့တယ်

ကျောက်တုံးကြီးအတွင်းမှာတော့ဝင်း လက်တောက်ပနေတဲ့ရတနာတွေပေါ့ဒုတိယလူကရတနာတွေရှေ့မှာပြုံးပျော်လို့ဝမ်းသာနေတဲ့ပုံနဲ့။သူဟာအံ့လည်းအံ့သြသလိုနောင်တလည်းရသွားပါတယ်။

အမှန်တော့သူကြိုးစားပြီးကျောက်တုံးကြီးကိုဆယ်ပေါင်တူနဲ့ထုခဲ့တဲ့အချက်ပေါင်းဟာ (၉၉၉)ချက်ပဲရှိသေးတာကိုသူမသိခဲ့တာလေဒီတော့ဒုတိယလူဟာကျောက်တုံးကြီးကိုခွဲဖို့အတွက်တစ်ချက်ပဲတေတေထုလိုက်ရတော့တာပေါ့။

တစ်ခါတစ်လေကိုယ်တို့ဘဝတွေမှာလည်းသူများတွေကြိုးစားနေချိန်ပူးပေါင်းပါဝင်ဖို့ရော

ကြိုးစားဖူးပါသလားဘေးကနေဖြတ်သွားဖြတ်လာလုပ်ပြီးကြိုးစားနေသူကိုမဖြစ်နိုင်ဘူးလို့တားမြစ်ဘူးပါသလားယုံကြည်မှုအပြည့်နဲ့စတင်ခဲ့ပြီးမှဘေးစကားကြောင့်အားလျော့စိတ်ပျက်သွားတာမျိုးဖြစ်ဘူးပါသလားတွေဝေမိတဲ့ ဒွိဟစိတ်တွေကြောင့်ထားလက်စရည်မှန်းချက်ပျောက်သွားတာမျိုးရောဖြစ်ဘူးပါသလား

ကြိုးစားလက်စကိုရပ်တန့်ဖို့များစဉ်းစားမိရင်မထုမိလိုက်တဲ့တူတစ်ချက်ကြောင့်ဘဝကိုပြောင်းလဲပစ်နိုင်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားတတ်တာကို မမေ့ပါနဲ့နော်

လူတွေကကိုယ့်လုပ်ရပ်ကိုချီးမွမ်းသည်ဖြစ်စေကဲ့ရဲသည်ဖြစ်စေလှောင်ပြောင်ရှုံ့ချသည်ဖြစ်စေစိတ်ဆန္ဒပြင်းပြတဲ့ယုံကြည်မှုနဲ့ကြိုးစားအားထုတ်မှုကိုတော့ဘယ်တော့မှမဖျက်ဆီးလိုက်ပါနဲ့

 




















Leave a Reply

Your email address will not be published. Required fields are marked *