နှစ်ကုန်ဆို အမြဲထွက်လေ့ရှိတဲ့ အပိုင်တစ်ကွက် လုံးဝ ထိုးဖိုးမမေ့ပါနဲ့နော်…
အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ရှေးကျမ်းရင်းတစ်စောင်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ဖြစ်ပါတယ်။
ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်က ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီးသည် ပထမစာရေးတံမဲကို အမြဲတမ်း ပေါက်ခဲ့၏ ထို့အတူ ကျွန်ုပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း ဟု ဆိုထားပါတယ်။
ရှေးဟောင်းပေစာ တစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူးအစွမ်းထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။
အခုဂါထာကို ဆဋ္ဌမအာရုံ ပရိသတ်တွေအတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက်ရပါတယ်။
ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင်ဟာ ကိုးကွယ်ရာ ဘာသာရဲ့သီလကို ဆောက်တည်ရပါလိမ့်မယ်။
ဂါထာမန္တန်တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှုအစွမ်း၊ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့အပေါ်မှာ မူတည်ပြီး အစွမ်းထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။
ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။
လိုက်နာရမယ့် ၃ ချက်က
၁ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီး တစ်ပတ်ရအောင် စိပ်ရပါလိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာဖြစ်ပါတယ်။
၂ ပုတီးမစိပ်မှီမှာ မြတ်စွွာဘုရားသခင်ရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ။
၃ နောက်ဆုံးအချက်ကတော့ ဒီဂါထာကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေးပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ်။
အဖိုးထိုက်တန်သော ထီပေါက်ဂါထာ
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍဓာနောဧတေန သစ္စ ဝဇ္ဆေ ဧဝံမေဟောတု
ရှားပါးပြီ အဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာတစ်ပုဒ်ပါ။
အာလုံးပဲ ထီပေါက် ချဲပေါက်ကြပါစေ…။
လောကီပညာကို လိုက်စားကြသော မြန်မာဆရာများ၌ တစ်ခါတစ်ရံ ဆရာဆရာအချင်းချင်း ပညာကို ဖလှယ်သောအလေ့အထ ရှိတတ်ကြ၏
ထိုသို့ တစ်ဦးအား ပေးအပ်ကာ လဲလှယ်ကြရာ၌ ရှေးဦးစွ မိမိရှာဖွေတတ် သိထားသမျှ ပညာရပ်များတွင် အကောင်းဆုံးနှင့် ကိုယ်တွေ့မှန်ကန်သော ပညာများကို သာပေးပါမည်…
မဟုတ်မမှန် လုပ်ကြံ၍ ပေးခဲ့မိလျှင် ယခုတတ်ထားသမျှ ပညာများလည်း ပျက်ကွက်၍ မဟာအဝီစိငရဲ၌ မကျွတ်တန်းခံရပါစေ ဟု ဆရာနှစ်ဦးစလုံး သစ္စာပြုပြီးမှကို ပညာဖလှယ်ကြ လေ့ရှိပါသည်…
ယခုဖော်ပြလိုက် သောနည်းမှာ
၁၂၉၄ခုနှစ်လောက်က ပဲခူးမြို့သို့ရောက်စဉ် ယုံကြည်လောက်သော ပယောဂဆရာတစ်ဦးနှင့် စာရေးသူတို့ ပညာချင်း ဖလှယ်ကြရာမှ ရရှိခဲ့သောနည်းတစ်ခု ဖြစ်ပါသည်…
ဥုံ ရှင်သီဝလိ ဘုန်းရှိမြတ်စွာ ရဟန္တာထိပ်မှာမြတ်ဖျား ကိုယ်တော်ထား နားမှာ ကိုယ်တော်ကျိန်း ခပ်သိမ်းလိုရာ ရကာယဝစီ မနောချီ
သုံးလီသြကာသ ရိုသေမြတ်နိုး ကျွန်ရှိခိုး တန်ခိုးကိုယ်တော်ပြ အရာခပ်သိမ်း အောင်မြင်ငြိမ်းစေသတည်း
ဤဂါထာကို နေ့စဉ်နံနက် အိပ်ရာထ၌ အရှေ့အရပ်ကိုကြည့်၍ ၇ ခေါက်ရွတ် ညအိပ်ရာဝင်၌ ဘုရား ရှေ့တော်တွင် ၇ ခေါက်ရွတ်လျှင်…
ဘုန်းတန်ခိုးကြီး၍လာဘ်လာဘ ရွှင်သည် သူတပါး မကောင်းကြံစည်၍ မရ
၎င်းပြင် ခရီးသွားရန် အလုပ်ကိစ္စ အကြံအစည် တစ်ခုခုတို့ကို ပြုလုပ်ရန် ရှိသောအခါတို့၌ မသွားမီ အိမ်လှေကားတွင် ရပ်၍ လမ်းဘက်ကို ကြည့်ပြီး ရခေါက်ဖြစ်စေ အချိန်မရခဲ့လျှင် တစ်ခေါက်ဖြစ်စေ။
ရွတ်ဆို၍ သွားပါလေ မိမိလုပ်ဆောင်ရမည့် အလုပ်ကိစ္စဟူသမျှ အောင်မြင်၏… ငွေတစ်ဆယ်ရရန်အတွက် ရည်စူးသွားသောအခါ လမ်းတွင် ငွေနှစ်ဆယ်ကို ရတတ်၏။
စိတ်ညစ်ညူးခြင်း အကြံအိုက်ခြင်းတို့ ဖြစ်နေခဲ့ပါလျှင်မှု သောက်ရေကို ၇ အုပ်မန်း၍… မျက်နှာသစ်ပါ အနည်းငယ်လည်းသောက်ပါ ချက်ချင်း ရွှင်လန်းလာပါလိမ့်မည်။
ဤနည်းဖြင့် သူတပါးကိုလည်း ပြုလုပ်ပေးနိုင်သည်။
မိမိကိုယ်တိုင်လည်း ပြုလုပ်နိုင်သည် တရားတဘောင်ကိစ္စ ဖျားနာရေးကိစ္စ စီးပွားရှာရေးကိစ္စ အိမ်ထောင်ရေးကိစ္စ အစစအရာရာတို့၌ ဉာဏ်ရှိသလို အချိန်အခါမရွေး ဤဂါထာကို အသုံးချနိုင်ကြပါသည်။
ရွတ်ဆိုရာ၌ အသက်အောင့်၍… ရွတ်ဆိုလျှင် ပို၍အကျိုး ရှိသည်ဟု မူရင်းဆရာက မှာထားချက်ရှိပါသည်။
မှတ်ချက် ပထမံဆရာလင်း၏ မူရင်းကျမ်းအတိုင်း ပြန်လည် တင်ပြပေးလိုက်ပါသည် ကိုယ်စိတ် ၂ပါး ချမ်းမြေ့ပါစေ။
Credit – ဆရာလင်းဝေအောင် ဗေဒင်ပညာ သုတေသီ