ကြားသိရသမျှ

ဘီဘီစီရဲ့ ၂၀၂၂ လှုံ့ဆော်နိုင်စွမ်းနဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ အငြိမ်း ရွေးချယ်ခံရ

ဘီဘီစီရဲ့ ၂၀၂၂ လှုံ့ဆော်နိုင်စွမ်းနဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ အငြိမ်း ရွေးချယ်ခံရ

ဒီဇင်ဘာ ၆

ဒီဇင်ဘာ ၆ ရက် ဒီနေ့မှာပဲ ဘီဘီစီသတင်းဌာနက နှစ်စဉ်ရွေးချယ်ကြေညာမြဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှား လှုံ့ဆော်နိုင်စွမ်းနဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းအရှိဆုံး အမျိုးသမီး အယောက် ၁၀၀ စာရင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ရာမှာ ချင်းတောင်တန်းဒေသမှာ စစ်အစိုးရကို ဆန့်ကျင်တော်လှန်ရင်း ပီဒီအက်ဖ်တွေ၊ ဒုက္ခသည်တွေကို ဆေးကုသမှုပေးနေတဲ့ အငြိမ်း (အေးငြိမ်းသူ) လည်း ပါဝင်လာခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာ ဆရာဝန်ဖြစ်တဲ့ အငြိမ်းအကြောင်းကို ဘီဘီစီက အခုလို ဖော်ပြထားတယ်။

“အေးငြိမ်းသူဟာ မြန်မာနိုင်ငံရဲ့ ကပ်ဘေးဆိုက်နေတဲ့နေရာတွေမှာ ရှေ့တန်းကကူညီနေတဲ့ ပရဟိတ သမားပါ။ ဝေးလံသီခေါင်တဲ့ ချင်းဒေသမှာ အဓိကနေထိုင်ပြီး မရှိဆင်းရဲသား ဒုက္ခသည်တွေကို ကူညီနေသူ ဖြစ်တယ်။ ၂၀၂၁ နိုဝင်ဘာလက ဒီဒေသမှာ ခွဲစိတ်ခန်းသေးသေးလေးတစ်ခုကို ထူထောင်ပြီး အဲ့ဒီနောက်ပိုင်း နေမကောင်းသူ၊ ဒဏ်ရာရသူတွေကို ကုသပေးနေတယ်။ အားလပ်ချိန်တွေမှာ တခြားဒေသတွေကို လှည့်လည်သွားလာပြီး ဆေးကုသမှုမခံယူနိုင်တဲ့ တိုင်းရင်းသားတွေကို လိုက်လံကုသပေးနေတာဟာ မွန်မြတ်လွန်းပါတယ်။

ဒေသတွင်းက လူနာတွေ၊ မြန်မာစစ်ကောင်စီကြောင့် နိုင်ငံတွင်း ထွက်ပြေးခိုလှုံနေရသူတွေကို တတ်စွမ်းသမျှ ကူညီမှုပေးနေတယ်။ ဒီလိုပရဟိတသမား ဆရာဝန်ကို မြန်မာစစ်အစိုးရက အကြမ်းဖက်မှုလှုံ့ဆော်ပေးနေသူလို့ စွဲချက်တင်ထားပြီး NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ထောက်ပံ့နေသူလို့ ထုတ်ပြန်ကြေညာထားပါတယ်။”

BBC ရဲ့ 100 Women 2022 စာရင်းမှာ ကမ္ဘာ့တစ်ဝန်းက ပရဟိတသမားတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးဂုဏ်ဆောင် အားကစားမယ်တွေ၊ နိုင်ငံရေးနဲ့ သုတေသနပညာရှင်တွေ၊ အဆိုတော်တွေပါဝင်နေပြီး အီရန်မင်းသမီး Zar

Amir-Ebrahimi၊ အမေရိကန် မင်းသမီး Selma Blair၊ အိန္ဒိယ မင်းသမီးနဲ့ ရုပ်ရှင်ထုတ်လုပ်သူ Priyanka Chopra Jonas၊ အမေရိကန် တေးရေးနဲ့ တေးသံရှင် အဆိုတော် ဂရမ်မီဆုရှင် Billie Eilish၊ အီရန်မှာ အမျိုးသမီးထုကို နှိမ့်ကွပ်လို့ ဖြစ်တည်လာတဲ့ ဆံပင်

ဖြတ် ဆန္ဒပြမှုကြမူ၊ တူနီးရှားတင်းနစ်မယ် ၂၀၂၂ ဝင်ဘယ်ဒန်ချန်ပီယံ Ons Jabeur၊ ထိုင်းရက်ပ်အဆိုတော် Milli (နာမည်ရင်း Danupha Khanatheerakul) တို့ပါဝင်ခဲ့ပါတယ်။

ဒီဆုကို ပေးအပ်တာ ၁၀ နှစ်မြောက်ဖြစ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို စိတ်အားထက်သန်စွာ လုပ်နိုင်သူ၊ ဩဇာလွှမ်းမိုးနိုင်သူအဖြစ် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်တဲ့သူတွေကို မှတ်တမ်းတင်၊ အင်တာဗျူးရိုက်ကူး ချင့်တွက်ပြီးမှ ဘီဘီစီရဲ့ World Service

Languages teams က အယ်ဒီတာအဖွဲ့က ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်Ref: BBC

zawgyi

ဘီဘီစီရဲ႕ ၂၀၂၂ လႈံ႕ေဆာ္ႏိုင္စြမ္းနဲ႔ ဩဇာလႊမ္းမိုးႏိုင္စြမ္းအရွိဆုံး အမ်ိဳးသမီး ၁၀၀ စာရင္းမွာ အၿငိမ္း ေ႐ြးခ်ယ္ခံရ

ဒီဇင္ဘာ ၆

ဒီဇင္ဘာ ၆ ရက္ ဒီေန႔မွာပဲ ဘီဘီစီသတင္းဌာနက ႏွစ္စဥ္ေ႐ြးခ်ယ္ေၾကညာၿမဲျဖစ္တဲ့ ကမာၻ႔တစ္လႊား လႈံ႕ေဆာ္ႏိုင္စြမ္းနဲ႔ ဩဇာလႊမ္းမိုးႏိုင္စြမ္းအရွိဆုံး အမ်ိဳးသမီး အေယာက္ ၁၀၀ စာရင္းကို ေ႐ြးခ်ယ္ထုတ္ျပန္ခဲ့ရာမွာ ခ်င္းေတာင္တန္းေဒသမွာ စစ္အစိုးရကို ဆန႔္က်င္ေတာ္လွန္ရင္း ပီဒီအက္ဖ္ေတြ၊ ဒုကၡသည္ေတြကို ေဆးကုသမႈေပးေနတဲ့ အၿငိမ္း (ေအးၿငိမ္းသူ) လည္း ပါဝင္လာခဲ့ပါတယ္။

ေဆးဘက္ဆိုင္ရာ ဆရာဝန္ျဖစ္တဲ့ အၿငိမ္းအေၾကာင္းကို ဘီဘီစီက အခုလို ေဖာ္ျပထားတယ္။

“ေအးၿငိမ္းသူဟာ ျမန္မာႏိုင္ငံရဲ႕ ကပ္ေဘးဆိုက္ေနတဲ့ေနရာေတြမွာ ေရွ႕တန္းကကူညီေနတဲ့ ပရဟိတ သမားပါ။ ေဝးလံသီေခါင္တဲ့ ခ်င္းေဒသမွာ အဓိကေနထိုင္ၿပီး မရွိဆင္းရဲသား ဒုကၡသည္ေတြကို ကူညီေနသူ ျဖစ္တယ္။ ၂၀၂၁ ႏိုဝင္ဘာလက ဒီေဒသမွာ ခြဲစိတ္ခန္းေသးေသးေလးတစ္ခုကို ထူေထာင္ၿပီး အဲ့ဒီေနာက္ပိုင္း ေနမေကာင္းသူ၊ ဒဏ္ရာရသူေတြကို ကုသေပးေနတယ္။ အားလပ္ခ်ိန္ေတြမွာ တျခားေဒသေတြကို လွည့္လည္သြားလာၿပီး ေဆးကုသမႈမခံယူႏိုင္တဲ့ တိုင္းရင္းသားေတြကို လိုက္လံကုသေပးေနတာဟာ မြန္ျမတ္လြန္းပါတယ္။

ေဒသတြင္းက လူနာေတြ၊ ျမန္မာစစ္ေကာင္စီေၾကာင့္ ႏိုင္ငံတြင္း ထြက္ေျပးခိုလႈံေနရသူေတြကို တတ္စြမ္းသမွ် ကူညီမႈေပးေနတယ္။ ဒီလိုပရဟိတသမား ဆရာဝန္ကို ျမန္မာစစ္အစိုးရက အၾကမ္းဖက္မႈလႈံ႕ေဆာ္ေပးေနသူလို႔ စြဲခ်က္တင္ထားၿပီး NUG နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ေတြကို ေထာက္ပံ့ေနသူလို႔ ထုတ္ျပန္ေၾကညာထားပါတယ္။”

BBC ရဲ႕ 100 Women 2022 စာရင္းမွာ ကမာၻ႔တစ္ဝန္းက ပရဟိတသမားေတြ၊ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြ၊ အမ်ိဳးသမီးဂုဏ္ေဆာင္ အားကစားမယ္ေတြ၊ ႏိုင္ငံေရးနဲ႔ သုေတသနပညာရွင္ေတြ၊ အဆိုေတာ္ေတြပါဝင္ေနၿပီး အီရန္မင္းသမီး Zar

Amir-Ebrahimi၊ အေမရိကန္ မင္းသမီး Selma Blair၊ အိႏၵိယ မင္းသမီးနဲ႔ ႐ုပ္ရွင္ထုတ္လုပ္သူ Priyanka Chopra Jonas၊ အေမရိကန္ ေတးေရးနဲ႔ ေတးသံရွင္ အဆိုေတာ္ ဂရမ္မီဆုရွင္ Billie Eilish၊ အီရန္မွာ အမ်ိဳးသမီးထုကို ႏွိမ့္ကြပ္လို႔ ျဖစ္တည္လာတဲ့ ဆံပင္

ျဖတ္ ဆႏၵျပမႈၾကမူ၊ တူနီးရွားတင္းနစ္မယ္ ၂၀၂၂ ဝင္ဘယ္ဒန္ခ်န္ပီယံ Ons Jabeur၊ ထိုင္းရက္ပ္အဆိုေတာ္ Milli (နာမည္ရင္း Danupha Khanatheerakul) တို႔ပါဝင္ခဲ့ပါတယ္။

ဒီဆုကို ေပးအပ္တာ ၁၀ ႏွစ္ေျမာက္ျဖစ္ၿပီး လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို စိတ္အားထက္သန္စြာ လုပ္ႏိုင္သူ၊ ဩဇာလႊမ္းမိုးႏိုင္သူအျဖစ္ စြမ္းစြမ္းတမံ လုပ္ေဆာင္ႏိုင္တဲ့သူေတြကို မွတ္တမ္းတင္၊ အင္တာဗ်ဴး႐ိုက္ကူး ခ်င့္တြက္ၿပီးမွ ဘီဘီစီရဲ႕ World Service

Languages teams က အယ္ဒီတာအဖြဲ႕က ေ႐ြးခ်ယ္ေပးအပ္တာ ျဖစ္ပါတယ္Ref: BBC

 

Leave a Reply

Your email address will not be published. Required fields are marked *