ကြားသိရသမျှ

စစ်ဖြစ်မယ်ကြားလို့ လောက်ကိုင်က ပြည်သူတွေ ကားကြီး ကားငယ်တွေနဲ့ ရွှေ့ပြောင်း (ရုပ်သံ)

MNDAA နဲ့ အာဏာလု စစ်ကောင်စီတပ်တွေ စစ်ကြေညာတယ်ဆိုလို့ လောက်ကိုင်က ပြည်သူတွေ ကားကြီး ကားငယ်တွေနဲ့ ပြေးကြပြန်ပြီ…ရုပ်သံကြည့်ရန်

Connect Burma | ဒီဇင္ဘာ ၆

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA နဲ့ အာဏာလု စစ်ကောင်စီတပ်တွေ စစ်ဖြစ်မယ်ကြားလို့ လောက်ကိုင်ဒေသခံတွေ ကားကြီး ကားငယ်တွေနဲ့ ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတွေ ရိုက်ကူးဖော်ပြတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။

လောက်ကိုင်မြို့ဟာ MNDAA ရဲ့ စစ်ဒေသလည်းပါဝင်သလို အာဏာလု စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေပါ ခြေခြင်းလိမ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့တဲ့မြို့ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ MNDAA သတင်းထုတ်ပြန်ရေးဖြစ်တဲ့ ကိုးကန့်သတင်းစဉ်ကတော့ ပြည်သူလူထုကို တစ်စုံတစ်ရာ ထုတ်ပြန်တာ အသိပေးတာ မတွေ့ရသေးပါဘူး။

Video – CJ (မူရင်းရိုက်ကူးဖော်ပြသူ The in Min Tun Facebook အကောင့်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ အလုအယက် ငှားရမ်းပြီး ကားမလုံလောက်မှု ဖြစ်နေကြောင်း သတင်းသိရ သည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် လောက်ကိုင်မြို့တွင်း တိုက်ပွဲပြင်းထန်လာနိုင်မည့် သတင်းကြောင့် လောက်ကိုင် ရောက် အလုပ်သမားများက ဇာတိမြေ အိမ်ပြန်ရန်အတွက်Laukkai City အနီးရှိ ကားကွင်းမှ လိုင်းကားများ ငှားမလောက် ဖြစ်နေကြောင်း ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်

အလုပ်သမားတွေကတော့ စိုးရိမ်ကြလို့ အိမ်ပြန်ဖို့ ပြင်နေကြပြီကားတွေကို အလုအယက်ငှားနေကြလို့ အဆင်း ကားက မလောက်တော့ဘူး၊ တိုက်ပွဲဖြစ်မယ်ဆိုလို့ စိုးရိမ်မှုတွေက မြင့်နေကြတယ်လေ၊ ကားခ ကတော့ ပုံမှန်ဖြစ် နေတုန်းပါပဲဟု ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ထိုလောက်ကိုင်မြို့ထဲအထိ တိုက်ပွဲဖြစ်လာနိုင် သည့် သတင်းကြောင့် တချို့ ပြည်သူများက နေရပ်ကို ကြိုတင်တိမ်းရှောင်ထွက်ပြေး နေလျက်ရှိကြောင်း သိရသည်

လက်ရှိတွင် လောက်ကိုင်မြို့မှ ဇာတိမြေ ပြန်မည့် အလုပ်သမားများ များပြားနေသည့်အတွက် ကားကွင်း မှ လိုင်းကားများ ငှားမလောက်သဖြင့် လောက်ကိုင်ဒေသခံမှ အိမ်စီးကားများလည်း ဝင်ဆွဲနေကြောင်း သတင်းသိရသည်

အခုက လောက်ကိုင် ကွမ်လုံ ကားခကို ၆ သောင်းကျပ် ပေးနေရတယ်အခုက ကားကွင်းမှာ ကားမလောက်ဘူးဗျ အခုဆို လောက်ကိုင်က အိမ်စီးကားတွေပါ ကားခ ကောင်းကောင်းရတော့ ဝင်ဆွဲနေကြတယ်ဗျဟု လောက်ကိုင် မြို့ မှ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်

လက်ရှိ အိမ်ပြန်ရန် ကြိုးစားနေကြသည့် လောက်ကိုင်ရောက် အလုပ်သမားများသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မူဆယ်၊ ကျောက်မဲ စသည့် ဒေသခံများ နှင့် မြေပြန့်မှ ပြည်သူတချို့ ဖြစ်ကြောင်း သတင်း သိရသည်

လောက်ကိုင်မြို့နယ်ထဲတွင် လောင်းကစားဝိုင်း အများအပြားရှိပြီး ရွှေ့ပြောင်းအလုပ်သမားများက လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းဂိမ်း၊ ဘာသာပြန် အလုပ်အကိုင်များ သွားရောက် လုပ်ကိုင်ကြသည့် နေရာဖြစ်သည်

MNDAA နဲ့ အာဏာလု စစ်ကောင်စီတပ်တွေ စစ်ကြေညာတယ်ဆိုလို့ လောက်ကိုင်က ပြည်သူတွေ ကားကြီး ကားငယ်တွေနဲ့ ပြေးကြပြန်ပြရုပ်သံကြည့်ရန်

Leave a Reply

Your email address will not be published. Required fields are marked *